Posted by DPNS on December 19th, 2009 in ဆောင်းပါး
(၁) အခုတလော ဗမာပြည်မှာ နိုင်ငံရေးအဖြစ်အပျက်တွေ ခပ်သွက်သွက်ကလေး ပေါ်ထွက် လာနေတယ်လို့ ပြောရမယ်ထင်ပါတယ်။ စတင်လိုက်တာကတော့ အမေရိကန်ရဲ့ ဗမာပြည်နဲ့ ပတ်သက်တဲ့ ပေါ်လစီအပြောင်းအလဲတွေက စတင်လိုက်တယ်လို့ တွက်မယ်ဆိုရင် တွက်နိုင်ပါတယ်။
Posted by DPNS on December 13th, 2009 in ဆောင်းပါး, ၂၀၁၀
အကြောင်းမပြန်ဘူး၊ အကြောင်းပြန်ဘူးနဲ့ (နအဖ) ဥက္ကဋ္ဌထံ နိုဝင်ဘာ ၁၁ ရက်နေ့စွဲဖြင့် ဒေါ်အောင်ဆန်းစုကြည် ပေးစာကို ဒီဇင်ဘာ ၉ ရက်နေ့ မြန်မာအလင်းသတင်းစာမှာဖေါ်ပြတဲ့ “ချမ်းမြအေး” ရဲ့ “ စိတ်ရင်းစေတနာမှန်ပြီး ရိုးသားမယ်ဆိုရင်” ဆောင်းပါးကနေတဆင့် အကြောင်းပြန်လိုက်ပါပြီ။ ပထမဆုံးပြောချင်တာက ဆောင်းပါးရှင် “ချမ်းမြအေး” ဟာ “နေမျိုးဝေ” လေနဲ့ အတော်ကြီး တူနေတာပါပဲ။ ဒီ့မတိုင်ခင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ “နိုဝင်ဘာ ၁၁ ပေးစာ” နဲ့ပတ်သက်ပြီး အင်တာနက်ကနေတဆင့် နေမျိုးဝေရေးတာကို ဖတ်လိုက်ရလို့ပါ။ လေကတော့ သိတဲ့အတိုင်းပဲ၊ အထက်စီးကနေပြောတဲ့ “အချိုးပြင်” ဆိုတဲ့ လေပေါ့။
Posted by DPNS on December 5th, 2009 in လှုပ်ရှားမှုသတင်း
၂ နိုဝင်ဘာ ၂၀၀၉ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့၌ အောက်တိုဘာလ (၂၈) ရက်နေ့မှ နိုဝင်ဘာလ (၁) ရက်နေ့အထိ ကျင်းပခဲ့သော ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ လေ့လာသူတစ်ဦးအနေဖြင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဇော်ဇော်ထွန်းက ပါတီကိုယ်စားပြု တက်ရောက်ခဲ့ပါသည်။