ရဲရဲလုပ်ကြပါစို့

သုတေသနနဲ့ လေ့လာရေးဌာန ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၆/၂၀၀၉) ၂၀၀၉ ခုနှစ်၊ မေလ (၂၇) ရက် ပုဒ်မ ၁၀(က)၊ ပုဒ်မ ၁၀(ခ) တို့နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်းမဟုတ်။ ပုဒ်မ ၁၀(က) ကို ပုဒ်မ ၁၀(ခ) သို့၊ ပုဒ်မ ၁၀(ခ) ကို ပုဒ်မ ၁၀(က) သို့ လိုသလို ကုလားဖန်ထိုးနိုင်ကြောင်းနှင့် မထင်ရင် မထင်သလို [ပုဒ်မ ၁၀(က) အရ] ဆက်လက် ဖမ်းဆီးချုပ်နှောင်ထားနိုင်သလို [ပုဒ်မ ၁၀(ခ)] အရလည်း ဆက်လက်၍ တားဆီးထားနိုင်ကြောင်း (နအဖ)စစ်အစိုးရက သတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ် မြင့်သိန်းကို သုံးပြီး ခြိမ်းခြောက်လိုက်ခြင်းသာဖြစ်သည်။

No Comments

သိမ်ဖျဉ်းသေးနုတ်ပြီး ဆိုးညစ်သော လုပ်ဆောင်မှု

သုတေသနနဲ့ လေ့လာရေးဌာန ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၅/၂၀၀၉) ၂၀၀၉ ခုနှစ်၊ မေလ (၁၅) ရက် အခြေအနေကား အိမ်ချုပ်ချထားသည့် အနေအထားမှ အင်းစိန်ထောင်သို့ပို့ပြီး ထောင်ချပစ်မည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပါပြီ။ ထို့အပြင် (နအဖ)စစ်အစိုးရ၏ အကြမ်းဖက်ဖိနှိပ်မှုနှင့် ဆိုးညစ်မှုများမှာ ကမ်းကုန်အောင် ပွင့်ကျခဲ့ပြီလည်းဖြစ်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွန်ခဲ့သည့် ဧပြီလ (၂၈/၂၉) ရက်များတွင် အစည်းအဝေး ပြုလုပ်ခဲ့သည်။ ယင်းအစည်းဝေးပွဲကို (နအဖ)စစ်အစိုးရဘက်က နှောင့်ယှက်မှုမရှိခဲ့။ ယင်းသို့ နှောင့်ယှက်မှုမရှိခြင်းမှာ (နအဖ)စစ်အစိုးရက သဘောထားကြီးလွန်းလှ၍မဟုတ်။ ဒီတစ်ခါ အစည်းဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂ ခြမ်းကွဲလိမ့်မည် ဟူသော အပိုင်တွက်ကိန်းနှင့် လွှတ်ပေးလိုက်ခြင်းသာဖြစ်သည်။ စေတနာဆိုးဖြင့် “ဟ” ပေးလိုက်ခြင်းသာဖြစ်သည်။

No Comments

စူပါ ပါဝါတို့ရဲ့ မဟာဗျူဟာအရွှေ့အပြောင်းများ (ငွေကြေးဈေးကွက် မဟာဗျူဟာများ)

၁။         ။ အမေရိကန်ငွေကြေးဈေးကွက်နဲ့ ဘဏ်စနစ်တွေပြိုကျမယ့် အရိပ်အယောင်များကို ၂၀၀၇ ခုနှစ်၊ နှစ်လယ်လောက်ကတည်းက သတိပြုမိခဲ့ကြတယ်လို့ ငွေးကြေးနဲ့ ဘဏ်စနစ်ကျွမ်းကျင်သူ ပညာရှင်များက နောက်ကြောင်းပြန်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီအခြေအနေဖြစ်ပေါ်မှုကို အမေရိကန် အစိုးရရော ငွေကြေးဈေးကွက်နဲ့ ဘဏ်လုပ်ငန်းများမှာ တာဝန်ရှိကြတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း တွေကပါ ဖုံးဖိထားခဲ့ကြတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှာ တော့ ဖုံးဖိထားလို့မဖြစ်နိုင်တော့တဲ့ ဖြစ်ရပ်တစ်ခု ပေါ်ထွက်လာခဲ့ပါတော့တယ်။ ဒါက အမေရိကန်မှာ အကြီးဆုံး ဘဏ္ဍာရေးကုမ္ပဏီကြီး(တစ်ခု) ဖြစ်တဲ့ Lehman Brothers Co ကြီး ပြိုလဲပြီး ဒေဝါလီ ခံလိုက်ရတဲ့ ဖြစ်ရပ်ပါပဲ။ ဒီအဖြစ်အပျက်က ကမ္ဘာ့ငွေကြေးဈေးကွက်ကြီးတစ်ခုလုံးကို ကပြောင်းကပြန် ဝရုန်းသုံးကား ဖြစ်သွားစေခဲ့ပါတယ်။ ဒီအဖြစ်အပျက်က ကမ္ဘာ့ ငွေကြေးဈေးကွက်နဲ့ [...]

No Comments