“စင်္ကာပူ ထုတ်ပြန်ကြေညာချက်”ရဲ့ နောက်ဆက်တွဲဂယက်များ

ခုတလော နအဖရဲ့ မူပိုင်သတင်းစာတွေထဲက တစောင်ဖြစ်တဲ့ မြန်မာ့အလင်းသတင်းစာကို ရက်ဆက်ဖတ်ဖြစ်ခဲ့တယ်။ ဖတ်ပြီးလည်း ပြုံးမိတယ်။ သို့သော် ဆရာကြီး ဒဂုန်တာရာရဲ့ အပြုံးမျိုးတော့မဟုတ်။ ဆရာကြီးက အပြုံးကို ဘရိတ်အုပ်တတ်တယ်။ ကျနော်ကတော့ ပြုံးပြီးနောက် ကျေနပ်အားရစွာ ရယ်မောမိတယ်။ သတင်းစာဖတ်ရင်း ဒီလိုခံစားမှုမျိုးကိုဖြစ်စေတဲ့ သတင်းတချို့ကြောင့် အဲဒီလိုဖြစ်သွားတာလို့ပဲ ထင်ပါတယ်။

No Comments

ဤအတိုင်းဆိုလျှင် တွေ့ဆုံဆွေးနွေးရေး ဝေးနေဦးမည်

သုတေသနနဲ့ လေ့လာရေးဌာန ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၆/၂၀၀၇) ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက် စင်္ကာပူတွင် နိုဝင်္ဘာလ ၈ ရက်နေ့က မစ္စတာ ဂမ်ဘာရီကတဆင့် ထုတ်ပြန်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်နှင့်ပတ်သက်၍ (နအဖ)စစ်အစိုးရက နိုင်ငံရေးပါတီများ၊ အပစ်ရပ် တိုင်းရင်းသားအဖွဲ့များနှင့် ၎င်းတို့ လက်သပ်မွေးထားသော (၀ံသာနုNLD/ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်) အဖွဲ့အစည်းများမှတဆင့် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် စတင် ထုတ်ပြန်စေခဲ့ပါသည်။ ယခု (နအဖ)စစ်အစိုးရက သူတို့၏ သဘောထားကို ထုတ်ပြောလာခဲ့ပြီဖြစ်သည်။ နိုဝင်ဘာလ ၁၉ ရက်နေ့က စင်္ကာပူတွင် ကျင်းပသည့် အာစီယံထိပ်သီးခေါင်းဆောင်များ အလုပ်သဘော ညစာစားပွဲတွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ထုတ်ဖေါ်ပြောဆိုခြင်း ဖြစ်သည်။

No Comments

အလွန်ဒစ်ပလိုမေစီဆန်သော စကားလုံးများမှ လက်တွေ့ကျပြီး သိသာထင်ရှားသည့် ရလဒ်များသို့

သုတေသနနဲ့ လေ့လာရေးဌာန ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၅/၂၀၀၇) ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက် မစ္စတာ ဂမ်ဘာရီ၏ မြန်မာနိုင်ငံသို့လာရောက်သည့် ဒုတိယအကြိမ်ခရီးစဉ် (နိုဝင်ဘာလ ၃ ရက်မှ ၈ ရက်) ပြီးဆုံးသွားခဲ့ပါပြီ။ တွေ့ဆုံဆွေးနွေးရေးလမ်းစ ပေါ်ထွက်လာရေးအတွက် သိသာထင်ရှားသည့် ရလဒ်များကို မစ္စတာ ဂမ်ဘာရီ လက်တွေ့ကျကျ ဆောင်ကျဉ်းနိုင်ခဲ့ပါ၏လော။ ထိုသို့မေးရသည်ကို အားနာလှပါသည်။ အားနာခြင်းသည် မြန်မာတို့၏ အလွန်ဒစ်ပလိုမေစီဆန်သော စကားလုံးပင် ဖြစ်ပါသည်။

No Comments

သင် ဘယ်လိုမိဘမျိုး ဖြစ်ချင်ပါသလဲ ?

ကျွန်မကတော့ စိတ်ပညာဆရာမတစ်ယောက်ဖြစ်တာမို့ နောင်အနာဂတ်မှာ ပွင့်လန်းလာကာ အမိနိုင်ငံရဲ့ တာဝန်တွေကို ပခုံးပြောင်းယူကြမယ့် မျိုးဆက်သစ်ကလေးသူငယ်၊ အပြစ်ကင်းတဲ့ ပန်းကလေးတွေကို ထာဝရပွင့်လန်းစေချင်တဲ့ စေတနာနဲ့ ဒီဆောင်းပါးကို ရေးမိပါတယ်။ ပန်းကလေးတွေ ထာဝရပွင့်လန်းဖို့ဆိုရင် စိတ်ရော ရုပ်ရော ကျန်းမာကြံ့ခိုင်ဖို့လိုပါတယ်။ လူတစ်ယောက်ဟာ ရောဂါဝေဒနာမရှိတာနဲ့ဘဲ ကျန်းမာကြံ့ခိုင်တယ်လို့ ပြောလို့မရပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(World Health Organization) ကတော့ “ကျန်းမာရေး” ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့အခါ “လူတစ်ယောက်ဟာ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ အားလုံးပြည့်စုံတဲ့ အခြေအနေရှိမှသာ အဲဒီလူကို ကျန်းမာရေးနဲ့ ညီညွတ်တယ်” လို့ ဆိုနိုင်ပါတယ်။ အဲသလို ကျန်းမာကြံ့ခိုင်တဲ့ လူတစ်ယောက်ဖြစ်လာဖို့ ကလေးဘဝရဲ့ မိသားစုအခြေအနေက အရေးပါတဲ့အချက်ဖြစ်တယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။

No Comments

သိသာထင်ရှားသည့် ရလဒ်များ ဖြစ်ပေါ်တည်ရှိနေရန် လိုအပ်

သုတေသနနဲ့ လေ့လာရေးဌာန ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၄/၂၀၀၇) ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက် မကြာမီ (နိုဝင်ဘာလ ၃ ရက်) မစ္စတာဂမ်ဘာရီ မြန်မာပြည်သို့လာမည်ဟု သိရသည်။ ပထမအကြိမ်ခရီးစဉ် (စက်တင်ဘာလ ၂၉ မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ)မှ ယခု လာမည့် ဒုတိယအကြိမ် ခရီးစဉ်မတိုင်မီကာလအတွင်း မည်သည့်ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ပါသလဲ။ 

No Comments