တန်ရဲ့လား
တစ်နေ့က စာသင်ခန်းထဲတွင် ဆရာဒေါက်တာရဲမြင့်ကျော်(စာရေးဆရာ လင်္ကာရည်ကျော်)က ကျွန်တော်တို့ကို ပြောသွားသည်။ စာမတတ်လို့ကတော့ ခြောက်လထပ်နေလိုက်၊ တန်ပါတယ်တဲ့။ လူ့အသက်ပေါင်းများစွာကို စိတ်ချယုံကြည်စွာ အပ်နှံနိုင်ဖို့ အရည်အချင်းပြည့်မီရေးအတွက် နောက် ထပ် ခြောက်လ၊ တစ်နှစ် ဘာပဲဖြစ်ဖြစ် လူ့အသက်တွေထက်စာလျှင်တော့ တန်ပါသည်တဲ့။ “တန်ရဲ့လား” ဆိုသည့်စကားက ကျွန်တော့်အတွက် တွေးစရာ ဖြစ်လာသည်။ ကျွန်တော့်သူငယ်ချင်းတစ်ချို့ကတော့ ဆန့်ကျင်ဘက်ပင်။ ဘာပဲဖြစ်ဖြစ် စာမေးပွဲအောင် သွားဖို့ အရေးကြီးသည်။ နောက်ထပ် ထပ်နေရလို့ကတော့ မတန်ဘူးတဲ့။ တန်တယ်ဆိုတဲ့ စကားလုံးက ကျွန်တော့်ဦးနှောက်ကို လာဆွနေသည်။









