ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

November 2019
M T W T F S S
« Oct    
 123
45678910
11121314151617
18192021222324
252627282930  

ပါတီလှုပ်ရှားမှုများ

ပါတီဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့ နှင့်​ပေါက်​​ခေါင်း​မြို့နယ်စည်းရုံးရေးကော်​မီတီ တွေ့ဆုံ၍ အစည်းအဝေး ပြုလုပ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ဦးဆောင်သည့်အဖွဲ့သည် ၂၀၁၈ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ​ပေါက်​​ခေါင်း​မြို့နယ်စည်းရုံးရေးကော်​မီတီနှင့် တွေ့ဆုံ၍ အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌက၂၀၁၈ ခုနှစ်အတွင်း လုပ်ဆောင်မည့်လုပ်​ငန်းစဉ်များကို ဆွေး​နွေးတင်ပြခဲ့ပါသည်။ ပေါက်ခေါင်းမြို့နယ် စည်းကော်မတီဝင်များကလည်း မြို့နယ်အတွင်း စည်းရုံး​ရေးလုပ်​ငန်း ဆောင်ရွက်နေမှုအခြေအနေများ​ကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြပါသည်။

ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့်အဖွဲ့ ပေါင်းတည်စည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့်အဖွဲ့သည် ၂၀၁၈ ဖေဖော်ဝါရီ၁၇ ရက်နေ့တွင် ပေါင်းတည်စည်းရုံးရေးကော်မတီရုံးခန်း၌ ပေါင်းတည်စည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။ထိုသို့ တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌက လက်ရှိနိုင်ငံရေးအခြေအနေများအပေါ် ပါတီ၏ အမြင်သဘောထားနှင့် ၂၀၁၈ လုပ်ငန်းစဉ်ဇယားတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ပေါင်းတည်စည်းကော်မတီဝင်များကလည်း မြို့နယ်အခြေအနေများ ဆောင်ရွက်လျက်ရှိသည်များကို ပြန်လည်တင်ပြခဲ့ကြပါသည်။

ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် အဖွဲ့ ဇီးကုန်းမြို့နယ်​ ​စည်းရုံးရေးကော်​မတီဝင်များနှင့်​ တွေ့ဆုံစည်းဝေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် လူ့ဘောင်သစ်လူငယ် တွဲဘက်အတွင်းရေးမှူး ကိုဝေဇင်နှင့် လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုအောင်ချိုဦးတို့သည် ၂၀၁၈ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပဲခူးတိုင်း ဇီးကုန်းမြို့နယ်​ ​စည်းရုံးရေးကော်​မတီဝင်များနှင့်​ တွေ့ဆုံစည်းဝေးခဲ့ကြပါသည်။ အစည်းအဝေးတွင် လက်​ရှိ မြန်မာ့နိုင်ငံရေးအ​ခြေအ​နေများအ​ပေါ် ပါတီ၏အမြင်​သဘောထား ၂၀၁၈ ခုနှစ်အတွင်း လုပ်ဆောင်မည့် လုပ်​ငန်းစဉ်​များနှင့်​ ဇီးကုန်းမြို့နယ်​ စည်းကော်မတီ၏ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်မည့်လုပ်​ငန်းစဉ်​များအား​ ဆွေး​နွေးခဲ့ကြပါသည်။

ဗဟိုဦးဆောင်ကော်မတီနှင့် အမျိုးသမီးလုပ်ငန်းကော်မတီ တွေ့ဆုံစည်းဝေး ဗဟိုဦးဆောင်ကော်မတီနှင့် အမျိုးသမီးလုပ်ငန်းကော်မတီ တွေ့ဆုံစည်းဝေး ပွဲကို ပါတီဌာနချုပ်ရုံးတွင်၁၄.၂.၂၀၁၈ ရက်နေ့တွင်ကျင်းပပြုလုပ်ရာ ပါတီဗဟိုကော်မတီဝင်များနှင့်အမျိုးသမီးလုပ်ငန်းကော်မတီ တို့ တွေ့ဆုံစည်းဝေးခဲ့ကြပါသည်။

 


 


အမြင်သဘောထား

 


အင်တာဗျူ :

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

 

 


 

နောက်ဆုံးရသတင်းများ

ချောင်းသာမြို့ ပါတီမိတ်ဆက်ဆွေးနွေးပွဲ November 9, 2019

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ ချောင်းသာမြို့နယ်တွင် ပြုလုပ် November 9, 2019

နိုင်ငံရေးမဲဆွယ်စည်းရုံးမှုများတွင် လူမှုကွန်ရက်ကို အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက် November 8, 2019

“တပ်မတော်သားမဲရုံများ ပွင့်လင်းမြင်သာရေး” သုံးသပ်ချက်စကားဝိုင်း November 8, 2019

DPNS အင်္ဂပူမြို့နယ် ဒေသခံလူထုနှင့် တွေ့ဆုံပွဲ November 7, 2019

၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက် November 7, 2019

လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုချက်များ ဆွေးနွေးပွဲ November 5, 2019

လူထုအားကိုးမှုရှိခဲ့တဲ့ ပါတီကြီးတစ်ခုက ကတိက၀တ်တွေကို နယ်ကုန်ဆောင်ရွက်သင့်တယ်… (Eleven) November 4, 2019

လူမှုဖူလုံရေးမူဝါဒ ဖော်ဆောင်ရေးဆွေးနွေးပွဲ ပြုလုပ် November 4, 2019

လူမှုဖူလုံရေးစနစ်ဖော်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲ November 2, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ