ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

August 2019
M T W T F S S
« Jul    
 1234
567891011
12131415161718
19202122232425
262728293031  

နောက်ဆုံးရသတင်းများ

UEC နှင့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲတက်ရောက် August 7, 2019

ရှစ်လေးလုံး အရေးတော်ပုံ ပုလဲရတု အကြို စကားဝိုင်း August 6, 2019

DPNS ဗဟိုကော်မတီအစည်းအဝေး (၂/၂၀၁၉) August 5, 2019

ကျေးလက်လူထုလှုပ်ရှားမှုများကို ဝန်းရံမည့် ကော်မတီတစ်ရပ်ကို DPNS နှင့် နိုင်ငံရေးအင်အားစုများ စုပေါင်းဖွဲ့စည်း August 2, 2019

DPNS စည်းရုံးရေးမှူးသင်တန်း အမှတ်စဉ် ၁/၂၀၁၉ သင်တန်းဆင်းပွဲ August 1, 2019

Data Analysis and Political Communication သင်တန်းသို့ တက်ရောက် July 28, 2019

ကျေးလက်လူထုလှုပ်ရှားမှု ဝန်းရံရေးကော်မတီဖွဲ့စည်း July 28, 2019

Shrinking Political Parties’ Space in Myanmar အလုပ်ရုံ ဆွေးနွေးပွဲတက်ရောက် July 27, 2019

သခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း ၅၅နှစ်ပြည့် အခမ်းအနား (News Video) July 24, 2019

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၅ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားနှင့် ငြိမ်းချမ်းရေးစကားဝိုင်း July 23, 2019


အမြင်သဘောထား

ပါတီဥက္ကဋ္ဌဌ ဦးအောင်မိုးဇော်နှင့် 7Dayဂျာနယ်အင်တာဗျူး ၁၉၈၈၊ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးတွင် ဦးဆောင်မှု အခန်းကဏ္ဍဍမှ ပါဝင်လှုပ်ရှားခဲ့သည့် ကျောင်းသားများပါဝင် ဖွဲ့စည်းခဲ့သော လူဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲလွန် ကာလ၌ နဝတအစိုးရက ပါတီကို ဖျက်သိမ်းပစ်ခဲ့သည်။ ထိုသို့ ဖျက်သိမ်းခံလိုက်ရသော်လည်း လူဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် ပျောက်ကွယ်မသွားခဲ့ဘဲ တောတွင်း၊ နယ်စပ်ဒေသ၊ အကျဉ်းထောင်တို့၌သာမက တိုင်းပြည်နှင့်အနှံတွင် ဆက်လက် ရှင်သန်နေဆဲပင် ရှိသည်။ ယခုအခါ မြန် မာနိုင်ငံ၏ ဖြစ် ပေါ်တိုးတက်လာမှု အနေအထားများပေါ်မူတည်လျက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ မှတ်ပုံတင်လျက် တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်ရန် ပြင်ဆင်လာခဲ့သည်။ ထိုသို့ ပြင်ဆင်လာခဲ့ခြင်းအပေါ် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဌ ဦးအောင်မိုးဇော် နှင့် 7Day က ...


ထုတ်ပြန်ချက်များ

၆၄ နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားများသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ (၂၆) နှစ်ပြည့် တည်ထောင်ခြင်းနေ့သို့ ပေးပို့သည့် ဂုဏ်ပြုသ၀ဏ်လွှာ

(၅၂) နှစ်ပြည့် ၇ – ဇူလိုင် အောက်မေ့ဘွယ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဗိုလ်ချုပ်ကြီးတာမလာဘော ဆုံးပါးကွယ်လွန်သွားခြင်းအတွက် ပေးပို့သော ၀မ်းနည်းသ၀ဏ်လွှာ

(၁၃၉) ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

နှစ် (၄၀) ပြည့် ဇွန် – ၆ အလုပ်သမားလှုပ်ရှားမှုကြီးနှင့် ၇၄၊ ၇၅၊ ၇၆ အလုပ်သမား ကျောင်းသားလှုပ်ရှားမှုများ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

ကယန်းအမျိုးသားတော်လှန်ရေးနေ့ နှစ်(၅၀) ပြည့် ရွှေရတု အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ

(၁၉၉၀) ရွေးကောက်ပွဲ ၂၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

ပါတီ၏ အလံတော်အောက်တွင် ညီညွတ်ခိုင်မြဲစွာ ပူးပေါင်းလက်တွဲ၍ အမျိုးသားရေးတာဝန်များကို သယ်ပိုးထမ်းရွက်ကြပါရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် နှီးနှောဖလှယ်ပွဲကြီးသို့ ပေးပို့သော ကြိုဆိုဂုဏ်ပြု သဝဏ်လွှာ


ပါတီလှုပ်ရှားမှုများ

မြင်းခြံမြို့နယ် ကျေးရွာနှစ်ရွာတွင် DPNS ရပ်ကျေးဆိုင်းဘုတ်တင် မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များသည် ၂၀၁၈၊ စက်တင်ဘာ ၂၅ ရက်နေ့တွင် ဂင့်ဂဲနှင့် ဇလက်ကုန်းကျေးရွာများသို့ သွားရောက်၍ ရပ်ကျေးဆိုင်းဘုတ်များကို စိုက်ထူခဲ့ကြပါသည်။ ဆိုင်းဘုတ်တင်ပွဲသို့ မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များ၊ ဒေသခံများ တက်ရောက်ခဲ့ကြပါသည်။

 ရွေးကောက်ပွဲအောင်နိုင်ရေး လူထုစည်းရုံးရေးခရီး ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၄ ရက်နေ့တွင် လူထုစည်းရုံးရေးခရီးစဉ်အဖြစ် မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်ခဲ့ကြပါသည်။ ထိုသို့သွားရောက်ရာတွင် ကန်ဆွယ်ရွာ၊ ကန်နီရွာ၊ မီးပေါက်ရွာ၊ ပျိုးကန်ရွာ၊ ရွာသစ်ရွာတို့ရှိ ကျေးလက်နေပြည်သူများအား လက်ကမ်းစာစောင်များ တအိမ်တက်ဆင်း ဝေငှပြီး ပါတီ၏မူဝါဒများကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။

မြင်းခြံမြို့နယ် DPNS ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ ၂၀၁၈၊ စက်တင်ဘာ ၂၄ ရက်နေ့တွင် မြင်းခြံမြို့နယ်၊သမုန်းကိုင်းနှင့် ပျိုးကန်ကျေးရွာအုပ်စုတို့တွင် ရပ်ကျေးဆိုင်းဘုတ်များကို စိုက်ထူခဲ့ကြပါသည်။ အဆိုပါ ဆိုင်းဘုတ်တင်ပွဲများသို့ မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီစည်းရုံးရေးမှူးများ၊ ပါတီဝင်များ၊ ပါတီထောက်ခံသူများ တက်ရောက်ခဲ့ကြပါသည်။

မြင်းခြံမြို့နယ် ဆင်းဂွတ်၊ ရွာရှည်၊ လှိုင်းတက်၊ ဖက်ပင်အိုင်၊ ကျောက်တိုင်၊ ကန်နီ၊ ကတော၊ ဆုံရွာတို့တွင် ရပ်ကျေးဆိုင်းဘုတ်များ စိုက်ထူ မြင်းခြံမြို့နယ် စည်းရုံးရေးကော်မတီဝင်များသည် ၂၀၁၈၊ စက်တင်ဘာ၊ ၂၃ ရက်နေ့တွင် မြင်းခြံမြို့နယ်အတွင်းရှိ ဆင်းဂွတ်၊ ရွာရှည်၊ လှိုင်းတက်၊ ဖက်ပင်အိုင်၊ ကျောက်တိုင်၊ ကန်နီ၊ ကတော၊ ဆုံရွာတို့သို့ သွားရောက်၍ ရပ်ကျေးဆိုင်းဘုတ်များ စိုက်ထူခဲ့ကြပါသည်။ ဆိုင်းဘုတ်တင်ပွဲသို့ မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ စည်းရုံးရေးမှူးများ၊ ပါတီဝင်များ၊ ဒေသခံရွာသူရွာသားများ တက်ရောက်ခဲ့ကြပါသည်။


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ