ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

November 2019
M T W T F S S
« Oct    
 123
45678910
11121314151617
18192021222324
252627282930  

ပါတီလှုပ်ရှားမှုများ

“အမျိုးသမီးများနှင့် ရွေးကောက်ပွဲနိုင်ငံရေး”မြန်မာ့နွေဦးစကားဝိုင်း ၂၀၁၉၊ အောက်တိုဘာ ၂၀။ရန်ကုန်။ ===================================== “အမျိုးသမီးများနှင့် ရွေးကောက်ပွဲနိုင်ငံရေး” ခေါင်းစဉ်ဖြင့် ပြုလုပ်သော မြန်မာ့နွေဦးစကားဝိုင်းတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ပါဝင်ဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာတွင် အမျိုးသမီးများ ရွေးကောက်ပွဲတွင် ပါဝင်လာနိုင်ရေးအတွက် ယာယီ အထူးလုပ်ဆောင်မှု affirmative action ကို လုပ်ဆောင်ဖို့ အရေးကြီးကြောင်း၊ မူဝါဒများသည် စာရွက်ပေါ်မှာ ရှိရုံသာမကဘဲ အမှန်တကယ် အလုပ်လုပ်နိုင်ရန် gender budgeting အရေးကြီးကြောင်း၊ မြန်မာ့လူ့အဖွဲ့အစည်းတွင် ရိုးရာဓလေ့ထုံးတမ်းများကို ကျော်၍မရသေးဘဲ ...

သဟဇာတဖြစ်မှုနှင့် လူတိုင်းအကျုံးဝင်မှု Peace Forum တက်ရောက် ၂၀၁၉၊ အောက်တိုဘာ၊ ၁၉။ မန္တလေး။ I School Myanmar က စီစဉ်ကျင်းပသည့် “သဟဇာတဖြစ်မှုနှင့် လူတိုင်းအကျုံးဝင်မှု” Peace Forum ကို ၂၀၁၉ အောက်တိုဘာ ၁၉ ရက်နေ့တွင် မန္တလေးမြို့ အောင်မြင်ခြင်းဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ နံနက်ပိုင်းဆွေးနွေးပွဲတွင် DPNS တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး လည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာ၌ ဒီမိုကရေစီစံနှုန်း ၃ ခုဖြစ်သည့် လွတ်လပ်ခြင်း၊ တန်းတူခြင်းနှင့် သွေးစည်းချစ်ကြည်ခြင်းတို့ကို မဖော်ဆောင်နိုင်သည့်အတွက် ငြိမ်းချမ်းရေးမရရှိနိုင်သေးသည့်အခြေအနေနှင့် အမျိုးသမီးများ၊ ...

ယင်းမာပင်မြို့နယ်တွင် ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ ပြုလုပ် ၂၀၁၉၊ အောက်တိုဘာ ၁၈-၁၉။ ယင်းမာပင်။ ယင်းမာပင်မြို့နယ်၊ သပြေအေးရွာ၊ ကမ္ဘာအေးငြိမ်းချမ်းသာကျောင်းတိုက်တွင် ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲကို အောက်တိုဘာ ၁၈ နှင့် ၁၉ နှစ်ရက်တာ ပြုလုပ်ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ဖက်ဒရယ်သင်တန်းအဖွဲ့တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်သည်။ ဆွေးနွေးပွဲသို့ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသ တက်ကြွလှုပ်ရှားသူများ၊ ယင်းမာပင်မြို့နယ် ဝါးစိမ်းတောင်ဒေသ တက်ကြွလှုပ်ရှားသူများ၊ မုံရွာမြို့ခံ နိုင်ငံရေးသမားများ၊ ကျောင်းသူကျောင်းသားများ၊ DPNS ပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ ခေတ်အဆက်ဆက် အစိုးရများက ဖက်ဒရယ်ကို ခွဲထွက်ရေးစနစ်အဖြစ် ...

ဂုဏ်သိက္ခာရှိတဲ့နိုင်ငံဖြစ်ဖို့ အကျပ်အတည်းတွေကို စုစုစည်းစည်းကျော်ဖို့လို (7 Day TV) အောက်တိုဘာ-၁၄၊ ၂၀၁၉ လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို ဒီမိုကရေစီရေးလိုလားသူတွေ စုစုစည်းစည်းကျော်နိုင်မှ နိုင်ငံအနေနဲ့ ဂုဏ်သိက္ခာရှိရှိ ဆက်ရပ်တည်နိုင်မယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်ကပြောပါတယ်။ ဒီနေ့ကျရောက်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ၃၁နှစ်ပြည့်အခမ်းအနားမှာ ပြောခဲ့တာပါ။ လက်ရှိမှာ ငြိမ်းချမ်းရေးဖော်ဆောင်မှု ရပ်တန့်နေတာ၊ ဒီမိုကရေစီဘောင်ကျဉ်းပြီး စစ်ဘောင်ကျယ်လာနေတာ၊ နိုင်ငံသားအခြေခံအခွင့်အရေးတွေ ဆုံးရှုံးပြီး ဘဝလုံခြုံမှုခြိမ်းခြောက်ခံနေရတာတွေကို ကြုံတွေ့နေရတယ်လို့လည်း ပါတီက သဘောထားကြေညာချက် ထုတ်ပြန်ထားတာပါ၊ ဒီအထွေထွေအကျပ်အတည်းတွေက လူထုရွေးချယ်ခံအစိုးရလက်ထက်မှာ အရင်အစိုးရများနဲ့မခြား ရင်ဆိုင်နေရတာဖြစ်တယ်လို့လည်း ကြေညာချက်မှာပါရှိပါတယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ၃၁နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် လက်ရှိမြန်မာ့နိုင်ငံရေးအခြေနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂ နိုင်ငံရေးစကားဝိုင်းကိုလည်းပြုလုပ်ခဲ့ပါတယ်။ ပါတီနှစ်ပတ်လည်နေ့ကိုတော့ နိုင်ငံရေးပါတီတွေနဲ့ ...

 


ထုတ်ပြန်ချက်များ

” ကျွန်းပြန်ရဲဘော်ကြီး ဦးချို ၏ ဈာပနအခမ်း အနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ၏ သဝဏ်လွှာ “

” လက်ပံတန်း အကြမ်းဖက်မှု ၁၀း၁၀ (၂)နှစ်ပြည့် “

တကသ အဆောက်အဦ ပြန်လည်တည်ဆောက်ရေးကိစ္စအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားအား

ပြည်ထောင်စုနေ့အထိမ်းအမှတ် သဘောထားကြေငြာချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရခြင်းအပေါ် သဘောထား ထုတ်ပြန်ချက် (၂/၂၀၁၇)

အမျိုးသားအင်အားစုအသီးသီး၏ ငြိမ်းချမ်းရေးသဘောထား တင်ပြချက်

လက်ပန်တောင်း အာဇာနည် ဒေါ်ခင်ဝင်း ကျဆုံးခြင်း (၂)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ပါတီ တည်ထောင်ခြင်း (၂၈)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပါတီ၏ သဘောထားကြေညာချက်

ဦးအောင်ထိုက်(စိတ်တိုင်းကျ) ဈာပနအခမ်းအနားသို့ ပေးပို့သော ၀မ်းနည်းသ၀ဏ်လွှာ

မိတ်ဆွေအင်အားစုများဆက်ဆံရေးနှင့်ပတ်သက်သည့် သဘောထားထုတ်ပြန်ချက် ၅/၂၀၁၆

 


အမြင်သဘောထား

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဒေါက်တာရန်မျိုးသိမ်း၏ ဆွေးနွေးချက် အပိုင်း(၁) ဖေဖ်ာဝါရီ ၇၊ ၂၀၁၉ တွင် ကျင်းပခဲ့သော “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဒေါက်တာရန်မျိုးသိမ်း၏ ဆွေးနွေးချက် အပိုင်း(၁)

ဖေဖ်ာဝါရီ ၇၊ ၂၀၁၉ တွင် ကျင်းပခဲ့သော “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ မန်းကျော်ငြိမ်း၏ ဆွေးနွေးချက် ဖေဖ်ာဝါရီ ၇၊ ၂၀၁၉ တွင် ကျင်းပခဲ့သော “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ မန်းကျော်ငြိမ်း၏ ဆွေးနွေးချက်

သခင်ကိုယ်တော်မှိုင်း ၁၄၂ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ၏ အမှတ်တရစကား ၂၀၁၈၊ မတ်လ ၂၃ ရက်နေ့က ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ကျင်းပသည့် သခင်ကိုယ်တော်မှိုင်း ၁၄၂ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ပြောကြားသည့် အမှတ်တရစကား။ ဒီအခမ်းနားမှာ စကားပြောခွင့်ရအောင် စီစဉ်ပေးတဲ့ လူပုဂ္ဂိုလ်အားလုံးကို အထူးကျေးဇူးတင်ပါတယ်လို့ ဦးစွာပြောလိုပါတယ်။ ဒုတိယတစ်ခုအနေနဲ့ ပြောလိုတာကတော့ ခုကြွရောက်လာကြတဲ့ ဆရာတော်၊သံဃာတော်တွေနဲ့တကွ ကြွရောက်လာကြတဲ့ ရဲဘော်ရဲဘက်တွေအားလုံးကို အခုလိုတွေရတဲ့အတွက် ကျွန်တော်ဝမ်းသာတယ်။ နောက်မင်္ဂလာပါလို့လည်း နှုတ်ခွန်းဆက်ချင်ပါတယ်။ တတိယ ကျွန်တော်ပြောချင်တာက ခုန ကိုအောင်စောဦးကတော့ ငြိမ်းချမ်းရေးကိစ္စတွေနဲ့ ပတ်သက်လို့ တော်တော်ပြည့်ပြည့်စုံစုံ ကျွန်တော်တို့ ဆင်ခြင်စရာကိစ္စတွေကို တော်တော်လေးပြောသွားပါတယ်။ ဒီနေ့ကာလမှာ ဆရာကြီးမွေးနေ့ဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်း တစ်စုံတရာပြောဖို့လိုမယ်။ ကနေ့လုပ်နေကိုင်နေကြတဲ့ ငြိမ်းရေးဖြစ်စဉ်ပေါ့။ ကနေ့လုပ်နေကိုင်နေကြတဲ့ NCA ကိစ္စပေါ့။ အဲဒါကိုတော့ ကျွန်တော်တို့ပါတီရဲ့ ...

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

 


အင်တာဗျူ :

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

 

 


 

နောက်ဆုံးရသတင်းများ

ချောင်းသာမြို့ ပါတီမိတ်ဆက်ဆွေးနွေးပွဲ November 9, 2019

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ ချောင်းသာမြို့နယ်တွင် ပြုလုပ် November 9, 2019

နိုင်ငံရေးမဲဆွယ်စည်းရုံးမှုများတွင် လူမှုကွန်ရက်ကို အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက် November 8, 2019

“တပ်မတော်သားမဲရုံများ ပွင့်လင်းမြင်သာရေး” သုံးသပ်ချက်စကားဝိုင်း November 8, 2019

DPNS အင်္ဂပူမြို့နယ် ဒေသခံလူထုနှင့် တွေ့ဆုံပွဲ November 7, 2019

၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက် November 7, 2019

လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုချက်များ ဆွေးနွေးပွဲ November 5, 2019

လူထုအားကိုးမှုရှိခဲ့တဲ့ ပါတီကြီးတစ်ခုက ကတိက၀တ်တွေကို နယ်ကုန်ဆောင်ရွက်သင့်တယ်… (Eleven) November 4, 2019

လူမှုဖူလုံရေးမူဝါဒ ဖော်ဆောင်ရေးဆွေးနွေးပွဲ ပြုလုပ် November 4, 2019

လူမှုဖူလုံရေးစနစ်ဖော်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲ November 2, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ