ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

October 2019
M T W T F S S
« Sep    
 123456
78910111213
14151617181920
21222324252627
28293031  

ပါတီလှုပ်ရှားမှုများ

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို ပြည်မြို့တွင် ပြုလုပ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် FTT တို့ ပူးပေါင်းစီစဉ်သည့် ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို ပဲခူးတိုင်း၊ ပြည်မြို့၊ တော်ဝင်ရတနာခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ ပြုလုပ်ရခြင်းအကြောင်းကို ပါတီအထွေထွေအတွင်းရေးမှူး ဦးသီဟထွဋ်ခင်က ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆွေးနွေးပွဲပထမနေ့ဖြစ်သည့် မေလ ၁၇ ရက်နေ့တွင် သင်တန်းဆရာများက ဖက်ဒရယ်စနစ်နှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မတူကွဲပြားမှုများအပေါ် စီမံခန့်ခွဲခြင်း ခေါင်းစဉ်များဖြင့် ဆွေးနွေးပေးခဲ့ကြပါသည်။ ပေါင်းတည၊် ရွှေတောင်၊ ပေါက်ခေါင်း၊ ပြည်မြို့တို့ရှိ DPNS ရဲဘော်များ၊ မိတ်ဖက်နိုင်ငံရေးပါတီများ၊ HRDP (ပြည်)၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ CPRCG, ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြန်မာနိုင်ငံစာရေးဆရာသမဂ္ဂ(ပန်းတောင်း)၊ အရှိုချင်းယဉ်ကျေးမှုအဖွဲ့ဝင်များ စုပေါင်း ၅၀ ခန့် ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဆွေးနွေးကြသည့် အစည်းအဝေးတစ်ရပ် ပြုလုပ် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဆွေးနွေးကြသည့် အစည်းအဝေးတစ်ရပ်ကို ၂၀၁၉၊ မေလ၊ ၁၇ ရက် နေ့လည်ပိုင်းတွင် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA)ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်း လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသည့် စစ်ရေး၊ စီးပွါးရေး၊ စိုက်ပျိုးရေး အခြေအနေများ၊ စစ်ဘေးဒုက္ခသည်များ၏ အခြေအနေများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ အင်အားကြီးနိင်ငံများ၏ သြဇာသက်ရောက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီ၊ ၁၉၇၄- ၇၅- ၇၆ နိုင်ငံရေးအင်အားစု၊ ဗကသများအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက်(SYCB)၊ Burma Monitor ၊ ရန်ကုန်လူငယ်ကွန်ရက်ခေါင်းဆောင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။

ဖြူစင်အလင်းရောင် ပညာဒါနကျောင်းတွင် လက်ရှိ ပညာရေးနှင့် နိုင်ငံရေးအခြေအနေများ မျှဝေပြောကြား ၂၀၁၉၊ မေလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ပေါင်းတည်မြို့၊ ဖြူစင်အလင်းရောင် ပညာဒါနကျောင်းမှ ကျောင်းသူကျောင်းသားများအား DPNS ပါတီအထွေထွေအတွင်းရေးမှူး ဦးသီဟထွဋ်ခင်နှင့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းတို့က မြန်မာနိုင်ငံ၏ ပညာရေးစနစ်နှင့် နိုင်ငံရေးအခြေအနေများကို မျှဝေပြောကြားခဲ့သည်။ ပညာသင်ကြားသည်နှင့် တပြိုင်နက်တည်းတွင် နိုင်ငံကို ချစ်ခင်တန်ဖိုးထားရန်၊ တိုင်းပြည်အကျိုး သည်ပိုးဆောင်ရွက်နိုင်ရန် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို ပေါင်းတည်မြို့၊ ဖြူစင်အလင်းရောင်ပညာဒါနကျောင်းတွင် ပြုလုပ် Mလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် FTT တို့ ပူးပေါင်းစီစဉ်သည့် ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို ပဲခူးတိုင်း၊ ပေါင်းတည်မြို့၊ ဖြူစင်အလင်းရောင်ပညာဒါနကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲကို နှစ်ရက်တာပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲပထမနေ့ဖြစ်သည့် မေလ ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင် သင်တန်းဆရာများက ဖက်ဒရယ်စနစ်နှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မတူကွဲပြားမှုများအပေါ် စီမံခန့်ခွဲခြင်း ခေါင်းစဉ်များဖြင့် ဆွေးနွေးပေးခဲ့ကြပါသည်။ ပေါင်းတည၊် ဇီးကုန်း၊ သဲကုန်းမြို့နယ်တို့ရှိ ...

 


ထုတ်ပြန်ချက်များ

တကသ အဆောက်အဦ ပြန်လည်တည်ဆောက်ရေးကိစ္စအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားအား

ပြည်ထောင်စုနေ့အထိမ်းအမှတ် သဘောထားကြေငြာချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရခြင်းအပေါ် သဘောထား ထုတ်ပြန်ချက် (၂/၂၀၁၇)

အမျိုးသားအင်အားစုအသီးသီး၏ ငြိမ်းချမ်းရေးသဘောထား တင်ပြချက်

လက်ပန်တောင်း အာဇာနည် ဒေါ်ခင်ဝင်း ကျဆုံးခြင်း (၂)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ပါတီ တည်ထောင်ခြင်း (၂၈)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပါတီ၏ သဘောထားကြေညာချက်

ဦးအောင်ထိုက်(စိတ်တိုင်းကျ) ဈာပနအခမ်းအနားသို့ ပေးပို့သော ၀မ်းနည်းသ၀ဏ်လွှာ

မိတ်ဆွေအင်အားစုများဆက်ဆံရေးနှင့်ပတ်သက်သည့် သဘောထားထုတ်ပြန်ချက် ၅/၂၀၁၆

၂၈ နှစ်မြောက် ရှစ်လးလုံးဒီမိုကရေစီလူထုအရေးတော်ပုံနှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၅၂) နှစ်မြောက်နှင့် ဂူဗိမာန် နှစ် (၅၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ်လွှာ

 


အမြင်သဘောထား

သခင်ကိုယ်တော်မှိုင်း ၁၄၂ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ၏ အမှတ်တရစကား ၂၀၁၈၊ မတ်လ ၂၃ ရက်နေ့က ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ကျင်းပသည့် သခင်ကိုယ်တော်မှိုင်း ၁၄၂ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ပြောကြားသည့် အမှတ်တရစကား။ ဒီအခမ်းနားမှာ စကားပြောခွင့်ရအောင် စီစဉ်ပေးတဲ့ လူပုဂ္ဂိုလ်အားလုံးကို အထူးကျေးဇူးတင်ပါတယ်လို့ ဦးစွာပြောလိုပါတယ်။ ဒုတိယတစ်ခုအနေနဲ့ ပြောလိုတာကတော့ ခုကြွရောက်လာကြတဲ့ ဆရာတော်၊သံဃာတော်တွေနဲ့တကွ ကြွရောက်လာကြတဲ့ ရဲဘော်ရဲဘက်တွေအားလုံးကို အခုလိုတွေရတဲ့အတွက် ကျွန်တော်ဝမ်းသာတယ်။ နောက်မင်္ဂလာပါလို့လည်း နှုတ်ခွန်းဆက်ချင်ပါတယ်။ တတိယ ကျွန်တော်ပြောချင်တာက ခုန ကိုအောင်စောဦးကတော့ ငြိမ်းချမ်းရေးကိစ္စတွေနဲ့ ပတ်သက်လို့ တော်တော်ပြည့်ပြည့်စုံစုံ ကျွန်တော်တို့ ဆင်ခြင်စရာကိစ္စတွေကို တော်တော်လေးပြောသွားပါတယ်။ ဒီနေ့ကာလမှာ ဆရာကြီးမွေးနေ့ဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်း တစ်စုံတရာပြောဖို့လိုမယ်။ ကနေ့လုပ်နေကိုင်နေကြတဲ့ ငြိမ်းရေးဖြစ်စဉ်ပေါ့။ ကနေ့လုပ်နေကိုင်နေကြတဲ့ NCA ကိစ္စပေါ့။ အဲဒါကိုတော့ ကျွန်တော်တို့ပါတီရဲ့ ...

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

 


အင်တာဗျူ :

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

 

 


 

နောက်ဆုံးရသတင်းများ

ဂုဏ်သိက္ခာရှိတဲ့နိုင်ငံဖြစ်ဖို့ အကျပ်အတည်းတွေကို စုစုစည်းစည်းကျော်ဖို့လို (7 Day TV) October 18, 2019

ဆားလင်းကြီးမြို့နယ် ကံကုန်းရွာတွင် ပါတီဝင်များ ဒေသခံအမျိုးသမီးများနှင့် တွေ့ဆုံဆွေးနွေး October 17, 2019

၂၀၂၀ အတွက် ပါတီတွေ နောက်ဖေးပေါက်က ဝင်လာသူတွေကိုပဲ အမတ်လောင်းရွေးမှာလား (MCN News) October 17, 2019

DPNS ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး October 15, 2019

ပါတီကိုလည်းကြည့် လူကိုလည်းကြည့်ဖို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီပြော (Kamayut) October 15, 2019

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော October 15, 2019

ပါတီ ၃၁ နှစ်ပြည့် အခမ်းအနား VOA ၏ ဖော်ပြချက် October 15, 2019

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော October 14, 2019

DPNS ပါတီ တည်ထောင်ခြင်း ၃၁ နှစ်ပြည့် နိုင်ငံရေးစကားဝိုင်းပြုလုပ် October 14, 2019

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ထောင်ခြင်း (၃၁) နှစ်ပြည့် သဘောထား ထုတ်ပြန်ကြေညာချက် ( ၃ / ၂၀၁၉) October 14, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ