ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၂၅၁)၊ တတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၉၅) ဝ၉၂၅၀၅၆၆၀၁၈
အီးမေးလ် - hqdpns@gmail.com
Facebook - Democratic Party for a New Society

နောက်ဆုံးရသတင်းများ

(၁၃၉) ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ June 21, 2014

နှစ် (၄၀) ပြည့် ဇွန် – ၆ အလုပ်သမားလှုပ်ရှားမှုကြီးနှင့် ၇၄၊ ၇၅၊ ၇၆ အလုပ်သမား ကျောင်းသားလှုပ်ရှားမှုများ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ June 6, 2014

ကယန်းအမျိုးသားတော်လှန်ရေးနေ့ နှစ်(၅၀) ပြည့် ရွှေရတု အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ June 4, 2014

(၁၉၉၀) ရွေးကောက်ပွဲ ၂၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ May 27, 2014

ပါတီ၏ အလံတော်အောက်တွင် ညီညွတ်ခိုင်မြဲစွာ ပူးပေါင်းလက်တွဲ၍ အမျိုးသားရေးတာဝန်များကို သယ်ပိုးထမ်းရွက်ကြပါရန် ဖိတ်ခေါ်ခြင်း May 18, 2014

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် နှီးနှောဖလှယ်ပွဲကြီးသို့ ပေးပို့သော ကြိုဆိုဂုဏ်ပြု သဝဏ်လွှာ April 26, 2014

ဆရာ ဦးဝင်းတင် ဆုံးပါးကွယ်လွန်သွားခြင်းအတွက် ပေးပို့သော ၀မ်းနည်းသ၀ဏ်လွှာ April 21, 2014

(၁၄) ကြိမ်မြောက် ကယန်းအမျိုးသားနေ့သို့သဝဏ်လွှာပေးပို့ခြင်း April 10, 2014

ဉီးညိုမြ (အိုးဝေညိုမြ) နှစ် ၁၀ဝပြည့်နှင့် သခင်လေးမောင် အမှတ်တရ ကျောက်ရုပ်များ စိုက်ထူပွဲသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခြင်း April 8, 2014

ပြည်ခရိုင် လယ်သမားထု၏ ဆန္ဒဖေါ်ထုတ်ပွဲအား ကြိုဆိုထောက်ခံခြင်း March 29, 2014


အမြင်သဘောထား


ထုတ်ပြန်ချက်များ


ပါတီလှုပ်ရှားမှုများ

(၈၆)နှစ်မြောက် တောင်သူလယ်သမားနေ့ ဂုဏ်ပြုပွဲကို( ၂၂၊၁၂၊၁၆ )သို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး (၂) ဒေါ်နှင်းနှင်းမွှေးတက်ရောက် ဗမာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားကွန်ရက်မှ စီစဉ်ကျင်းပသည့် (၈၆)နှစ်မြောက် တောင်သူလယ်သမားနေ့ ဂုဏ်ပြုပွဲကို ၂၂၊၁၂၊၁၆ ရက်နေ့ တွင် တောင်ဒဂုံမြို့နယ်၊ တိုင်တစ်ရာဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကျင်းပရခြင်း အကြောင်းကို ဗမာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ တာဝန်ခံ ဆရာချစ်က ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီး၏ တာဝန်ရှိသူများကလည်း ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ၂ ဒေါ်နှင်းနှင်းမွှေးက ဂုဏ်ပြုအမှတ်တရစကားပြောကြားရာတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် မတ်လ(၂)ရက်နေ့ကို တောင်သူလယ်လယ်သမားနေ့အဖြစ် သတ်မှတ်ထားခြင်းသည် လုံးဝ မသင့်တော်ကြောင်း၊ ဒီဇင်ဘာ ၂၂ ရက်နေ့သည် ဆရာစံတောင်သူလယ်သမားသူပုန် အစပြုခဲ့သောနေ့ ဖြစ်သည့်အတွက် တောင်သူလယ်သမားနေ့ကို မတ်လ ၂ ရက်နေ့အစား ဒီဇင်ဘာ ...

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာကော်မတီမှ တာဝန်ရှိသူများဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် တောင်သူလယ်သမားများ၊ ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံခဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာကော်မတီမှ တာဝန်ရှိသူများသည် ၂၁၊၁၂၊၁၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်​မြို့နယ်​၊ ​ရေလဲတိုက်​နယ်​၊ ထုံးတပိုအုပ်​စု၊ ရေလဲအုပ်စု၊ ပိုင်ကျုံအုပ်စု၊ လေးတူးအုပ်စု၊ အထွဋ်အုပ်စုတို့ရှိ တောင်သူလယ်သမားများ၊ ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ၎င်းဒေသတွင် နေထိုင်သူများအနေဖြင့် ပန်းတာ မခိုင်ခန့်မှုကြောင့် မိုးတွင်းကာလတွင် ရေဘေးဒုက္ခနှင့် ကြုံတွေ့ကြရကြောင်း၊ ယခုအခါ ပန်းတာပြင်ဆင်ရန် စီမံချက်ကျလာသော်လည်း ၎င်းတာအား မီခိုနေထိုင်ရသည့်ပြည်သူများအား ဖယ်ရှားပေးရန် အကြောင်းကြားလာကြောင်း၊ ဖယ်ရှားပေးရမည့်သူများအား နေရာအတည်တကျ ချထားပေးမှုမရှိကြောင်း တင်ပြဆွေးနွေးကြပါသည်။ DPNS လယ်သမားရေးရာကော်မတီခေါင်းဆောင်များက ၎င်းကိစ္စအား မည်သို့ဖြေရှင်းသင့်ကြောင်းကို ပြန်လည်အကြံပြု ဆွေးနွေးပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ကျေးရွာအုပ်​ချုပ်​​ရေးမှူးများ၊ လယ်​သမားသမဂ္ဂနှင့် လယ်​သမား​အရေး​ဆောင်​ရွက်​သူများ ...

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီသစ်နှင့်တွေ့ဆုံဆွေးနွေး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီသစ်၏ အတွင်းရေးမှူးအဖွဲ့ဝင်များသည် ၁၃၊၁၂၊၁၆ ရက်နေ့လည်ပိုင်းက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံးသို့ လာရောက်တွေ့ဆုံခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ဗဟိုဦးဆောင်ကော်မတီဝင်များက လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဗကသများအဖွဲ့ချုပ်၏ မူဝါဒ ၅ ချက်ကို အခြေခံ၍ ချမှတ်ထားသည့် လုပ်ငန်းစဉ်များကို ဗကသ CWC များက ရှင်းလင်းပြောကြားခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တာဝန်ရှိသူများကလည်း ဗကသ CWC အသစ်ကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကြိုဆိုပါကြောင်း၊ မျိုးဆက်အရ ကွာဟမှုရှိနိုင်သော်လည်း သမိုင်းပေးတာဝန်များကို အတူတကွ ထမ်းရွက်ကြရမည်ဖြစ်ကြောင်း၊ ကြမ်းတမ်းသောခေတ်ကို ပြောင်းလဲရာတွင် လက်တွဲလုပ်ဆောင်သင့်သော ကိစ္စရပ်များကို လက်တွဲလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ ...

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာကော်မတီမှ တာဝန်ရှိသူများ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ့်မှ တောင်သူများနှင့် တွေ့ဆုံ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာကော်မတီမှ တာဝန်ရှိသူများသည် ၁၁၊ ၁၂၊ ၁၆ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ သဖန်းကုန်းအုပ်စု၊ သဖန်းကုန်းရွာ၊ လမိုင်းရွာတို့မှ တောင်သူများနှင့် တွေ့ဆုံခဲ့ကြပါသည်။ ၎င်းရွာများရှိ တောင်သူ ၄၀ ကျော်တို့၏ သိမ်းဆည်းခံ လယ်ဧက ၃၀ ကျော်၊ ခြံမြေ ၁၈ ဧကတို့အတွက် မည်သို့ ဆက်လက်ဆောင်ရွက်သင့်ကြောင်းကို ဆွေးနွေးအကြံပြုခဲ့ကြပါသည်။ မိမိတို့ပါတီအ​နေဖြင့် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး ရရှိလာသော လူထုအသံ၊ လူထုလိုအပ်​ချက်​များအပေါ် အခြေခံ၍ လူထု​ရှေ့မှ ရပ်တည်သွားမည်ဖြစ်ကြောင်း၊ လူထုကိုယ်​တိုင်​ ပါဝင်​သည့် နိုင်​ငံ​ရေး​ကို လုပ်​​ဆောင်နေခြင်းဖြစ်ကြောင်းတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ယ​နေ့ကာလ ရင်ဆိုင်ကြုံတွေ့နေရသည့် အ​ခြေအ​နေများ၊ ...


အင်တာဗျူ :


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ