ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၂၅၁)၊ တတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၉၅) ဝ၉၂၅၀၅၆၆၀၁၈
အီးမေးလ် - hqdpns@gmail.com
Facebook - Democratic Party for a New Society

နောက်ဆုံးရသတင်းများ

ဗဟိုချုပ်ကိုင်မှု လျှော့ချရုံလောက်နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပြီလား”ဆွေးနွေးပွဲသို့ တက်ရောက် September 25, 2016

သခင်ဗဟိန်း နှစ်(၁၀၀)ပြည့်အခမ်းအနား ကျင်းပရေး အမှုဆောင်ကော်မတီဖွဲ့စည်း September 24, 2016

Danish Social Democratic Party ကွန်ဂရက်သို့ တက်ရောက် September 24, 2016

Danish Social Democratic Party ကွန်ဂရက်သို့တက်ရောက် September 23, 2016

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသော Progressive Alliance Seminar သို့ DPNS ခေါင်းဆောင်များတက်ရောက် September 20, 2016

နိုင်ငံရေးပါတီများအတွက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် September 20, 2016

ရွှေဝါရောင်တော်လှန်ရေး ၉ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား September 18, 2016

နီအောင်မေသု(ခ)ဦးသု ကျဆုံးခြင်း ၁၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား September 17, 2016

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်များ အစည်းအဝေးကျင်းပ September 15, 2016

၂၀၁၆၊ စက်တင်ဘာလထုတ် ခေတ်ရနံ့မဂ္ဂဇင်းတွင် ဖော်ပြပါရှိသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူး September 15, 2016


အမြင်သဘောထား


ထုတ်ပြန်ချက်များ

(၁၉၉၀) ရွေးကောက်ပွဲ ၂၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ ၁။ ယနေ့သည် စစ်အာဏာစိုးမိုးမှု ဆန့်ကျင်သော လူမျိုးစုံမြန်မာ့ပြည်သူလူထုကြီးက ရွေးကောက်ပွဲကို တိုက်ပွဲမျက်နှာစာတခုကဲ့သို့ လက်ခံ၊ ရင်ဆိုင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား တခဲနက် ထောက်ခံ၊ မဲပေး ရွေးချယ်ခဲ့သော (၂၄) နှစ်ပြည့် အခါ သမယ ဖြစ်သည်။ ၂။ လွန်ခဲ့သော (၂၄)နှစ်၊ ၁၉၉၀ ပြည့်က ရွေးချယ်တင်မြှောက်ခံ ပြည်သူ့ကိုယ်စားလှယ်များသည် ထိုကာလက ပြည်သူအများ လွှဲအပ်၊ တာဝန်ပေးခဲ့သော စစ်အာဏာစိုးမိုးမှု ဆန့်ကျင်ရေး၊ ငြိမ်းချမ်း၊ ညီညွတ်သော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုတရပ် ထူထောင်နိုင်ရေးတို့အတွက် ပြည်သူ့ သဘောထားဆန္ဒမပါဘဲ အတည်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်နိုင်ရန် တာဝန်သိသိ ဆက်လက် အားထုတ်၊ ကြိုးပမ်းနေကြသည်ကို အထင်အရှားတွေ့နိုင်ပေသည်။ ၃။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ...

ပါတီ၏ အလံတော်အောက်တွင် ညီညွတ်ခိုင်မြဲစွာ ပူးပေါင်းလက်တွဲ၍ အမျိုးသားရေးတာဝန်များကို သယ်ပိုးထမ်းရွက်ကြပါရန် ဖိတ်ခေါ်ခြင်း ၂၀၁၄ခုနှစ် မေလ (၁၈) ရက် ပါတီရဲဘော်များ၊ ပါတီကို ချစ်ခင်တန်ဖိုးထားသူများ၊ ပါတီလိုလားသူများနှင့် ပါတီ၏ လုပ်ဖေါ်ကိုင်ဖက်များခင်ဗျား မိမိတို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို တရားဝင်နိုင်ငံရေးပါတီတရပ်အဖြစ် ပြည်တွင်းတွင် ပြန်လည်ရပ်တည်လှုပ်ရှားနိုင် ရေးအတွက် မိမိတို့သည် ၂၀၁၂ခုနှစ်ဖေဖေါ်ဝါရီလ (၅)ရက်နေ့မှစတင်ပြီး လိုအပ်သည့် ကနဦးဆောင်ရွက်ရန်လုပ်ငန်းများအား ပါတီ၏ ဂုဏ်သိက္ခာကို အသက်တမျှထိန်းသိမ်းရင်း စနစ်တကျ ဆောင်ရွက်ခဲ့ကြပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သောအဖွဲ့နှင့် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခြင်း၊ နိုင်ငံတော်သမ္မတထံသို့ စာ ရေးသားပေးပို့ခြင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်းအပါအ၀င် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်ကိစ္စ များကို ဆောင်ရွက်ခဲ့ကြပါသည်။ တဖက်တွင်လည်း မိမိတို့သည် ပါတီစည်းရုံးရေးလုပ်ငန်းများကို ပြည်တွင်းရှိ ပါတီစုစည်းရေးကော်မတီ များနှင့်အတူ နိုင်ငံအနှံ့ အတတ်နိုင်ဆုံး ...

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် နှီးနှောဖလှယ်ပွဲကြီးသို့ ပေးပို့သော ကြိုဆိုဂုဏ်ပြု သဝဏ်လွှာ ၁။ မြန်မာပြည်အလုပ်သမားထု၏ သမိုင်းသည် (၁၉၁၆) ရေနံအလုပ်သမားတို့၏ အခွင့်အရေးတိုက်ပွဲမှစတင်၍ ယနေ့ကာလအထိ တောက်လျောက် ရုန်းကန်လှုပ်ရှား နေရဆဲဖြစ်သော ရှည်လျားသော တိုက်ပွဲသမိုင်းဖြစ်သည်။ ၂။ ၁၉၃၈ (၁၃၀၀ ပြည့်) အရေးတော်ပုံ အပါအဝင် ၁၉၄၆-၄၇ ခုနှစ်များတွင်လည်းကောင်း၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၈၈ နှင့် ယနေ့ကာလများတွင် လည်းကောင်း၊ မြန်မာနိုင်ငံအလုပ်သမားလူတန်းစား၏ ရုန်းကန်လှုပ်ရှား တိုက်ပွဲဝင်မှုများသည် အဖိနှိပ်ခံ လူမျိုးစုံအမျိုးသားပြည်သူတို့၏ လွတ်မြောက်ရေးတိုက်ပွဲများနှင့် တဆက်တည်း၊ တသားတည်း ပေါင်းစည်းမိခဲ့ကြသည်။ အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုသမိုင်းကို တဆင့်တိုးမြှင့် ခရီးရောက်စေခဲ့ပါသည်။ ၃။ ယနေ့ တိုင်းပြည်တွင်း ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ရန် ဦးတည်နေချိန်တွင်လည်း ပြောင်းသစ်လာဖွယ် အခြေအနေတို့နှင့် ဆီလျော် မည့် အလုပ်သမားထုဘဝရရှိရေး အားထုတ် တိုက်ပွဲဝင်မှုများသည် တန်းတူ၍ ...

ဆရာ ဦးဝင်းတင် ဆုံးပါးကွယ်လွန်သွားခြင်းအတွက် ပေးပို့သော ၀မ်းနည်းသ၀ဏ်လွှာ ယနေ့ ( ၂၁-၄-၂၀၁၄) ရက်နေ့ နံနက် ၆း၀၀ နာရီခန့်တွင် ရန်ကုန်ဆေးရုံကြီး၌ ဆရာဦးဝင်းတင် ဆုံးပါး ကွယ်လွန် သွားကြောင်း ကြားသိရသည့်အတွက် မိမိတို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက အထူး နှမြောတသ ကြေကွဲဝမ်းနည်း ဖြစ်ကြရ ပါသည်။ ဆရာဦးဝင်းတင်၏တသက်တာသည် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ စာနယ်ဇင်း လွတ်လပ်ခွင့်ရရှိရေးအပါအ၀င် အဖိနှိပ်ခံလူမျိုးစုံမြန်မာပြည်သူများ လွတ်မြောက်လုံခြုံရေးဆိုင်ရာ တိုက်ပွဲများနှင့် အတိပြီးသော တသက်တာ ဖြစ်ပါသည်။ ဆရာဦးဝင်းတင်သည် မည်သို့သောအကန့်အသတ်အပိတ်အဆို့မျိုးကိုမဆို တွေဝေယိမ်းယိုင်မှုကင်းမဲ့ စွာဖြင့် ထွက်ပေါက်မရှိလျင် ဖေါက်ထွက်ရမည်ဆိုသည့် လူထုလုပ်ဟန် လူထုလမ်းစဉ်ကို လူငယ်မျိုးဆက်များနှင့် ခေတ်ပြိုင် တိုက်ဖေါ်တိုက်ဖက်အားလုံးအတွက် ချမှတ်ပေးခဲ့သူ၊ ကိုယ်တိုင်လည်း တပ်ဦးက ရဲရဲဝံ့ဝံ့ ဖေါက်ထွက်တိုက်ပွဲဝင်ခဲ့သူ ဖြစ်သည်ဟု မိမိတို့ပါတီက လေးလေးနက်နက် မှတ်တမ်းတင်ပါသည်။ ဆရာဦးဝင်းတင် ...


ပါတီလှုပ်ရှားမှုများ

(၈၆)နှစ်မြောက် တောင်သူလယ်သမားနေ့ ဂုဏ်ပြုပွဲကို( ၂၂၊၁၂၊၁၆ )သို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး (၂) ဒေါ်နှင်းနှင်းမွှေးတက်ရောက် ဗမာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားကွန်ရက်မှ စီစဉ်ကျင်းပသည့် (၈၆)နှစ်မြောက် တောင်သူလယ်သမားနေ့ ဂုဏ်ပြုပွဲကို ၂၂၊၁၂၊၁၆ ရက်နေ့ တွင် တောင်ဒဂုံမြို့နယ်၊ တိုင်တစ်ရာဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကျင်းပရခြင်း အကြောင်းကို ဗမာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ တာဝန်ခံ ဆရာချစ်က ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီး၏ တာဝန်ရှိသူများကလည်း ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ၂ ဒေါ်နှင်းနှင်းမွှေးက ဂုဏ်ပြုအမှတ်တရစကားပြောကြားရာတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် မတ်လ(၂)ရက်နေ့ကို တောင်သူလယ်လယ်သမားနေ့အဖြစ် သတ်မှတ်ထားခြင်းသည် လုံးဝ မသင့်တော်ကြောင်း၊ ဒီဇင်ဘာ ၂၂ ရက်နေ့သည် ဆရာစံတောင်သူလယ်သမားသူပုန် အစပြုခဲ့သောနေ့ ဖြစ်သည့်အတွက် တောင်သူလယ်သမားနေ့ကို မတ်လ ၂ ရက်နေ့အစား ဒီဇင်ဘာ ...

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာကော်မတီမှ တာဝန်ရှိသူများဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် တောင်သူလယ်သမားများ၊ ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံခဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာကော်မတီမှ တာဝန်ရှိသူများသည် ၂၁၊၁၂၊၁၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်​မြို့နယ်​၊ ​ရေလဲတိုက်​နယ်​၊ ထုံးတပိုအုပ်​စု၊ ရေလဲအုပ်စု၊ ပိုင်ကျုံအုပ်စု၊ လေးတူးအုပ်စု၊ အထွဋ်အုပ်စုတို့ရှိ တောင်သူလယ်သမားများ၊ ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ၎င်းဒေသတွင် နေထိုင်သူများအနေဖြင့် ပန်းတာ မခိုင်ခန့်မှုကြောင့် မိုးတွင်းကာလတွင် ရေဘေးဒုက္ခနှင့် ကြုံတွေ့ကြရကြောင်း၊ ယခုအခါ ပန်းတာပြင်ဆင်ရန် စီမံချက်ကျလာသော်လည်း ၎င်းတာအား မီခိုနေထိုင်ရသည့်ပြည်သူများအား ဖယ်ရှားပေးရန် အကြောင်းကြားလာကြောင်း၊ ဖယ်ရှားပေးရမည့်သူများအား နေရာအတည်တကျ ချထားပေးမှုမရှိကြောင်း တင်ပြဆွေးနွေးကြပါသည်။ DPNS လယ်သမားရေးရာကော်မတီခေါင်းဆောင်များက ၎င်းကိစ္စအား မည်သို့ဖြေရှင်းသင့်ကြောင်းကို ပြန်လည်အကြံပြု ဆွေးနွေးပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ကျေးရွာအုပ်​ချုပ်​​ရေးမှူးများ၊ လယ်​သမားသမဂ္ဂနှင့် လယ်​သမား​အရေး​ဆောင်​ရွက်​သူများ ...

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီသစ်နှင့်တွေ့ဆုံဆွေးနွေး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီသစ်၏ အတွင်းရေးမှူးအဖွဲ့ဝင်များသည် ၁၃၊၁၂၊၁၆ ရက်နေ့လည်ပိုင်းက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံးသို့ လာရောက်တွေ့ဆုံခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ဗဟိုဦးဆောင်ကော်မတီဝင်များက လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဗကသများအဖွဲ့ချုပ်၏ မူဝါဒ ၅ ချက်ကို အခြေခံ၍ ချမှတ်ထားသည့် လုပ်ငန်းစဉ်များကို ဗကသ CWC များက ရှင်းလင်းပြောကြားခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တာဝန်ရှိသူများကလည်း ဗကသ CWC အသစ်ကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကြိုဆိုပါကြောင်း၊ မျိုးဆက်အရ ကွာဟမှုရှိနိုင်သော်လည်း သမိုင်းပေးတာဝန်များကို အတူတကွ ထမ်းရွက်ကြရမည်ဖြစ်ကြောင်း၊ ကြမ်းတမ်းသောခေတ်ကို ပြောင်းလဲရာတွင် လက်တွဲလုပ်ဆောင်သင့်သော ကိစ္စရပ်များကို လက်တွဲလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ ...

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာကော်မတီမှ တာဝန်ရှိသူများ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ့်မှ တောင်သူများနှင့် တွေ့ဆုံ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာကော်မတီမှ တာဝန်ရှိသူများသည် ၁၁၊ ၁၂၊ ၁၆ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ သဖန်းကုန်းအုပ်စု၊ သဖန်းကုန်းရွာ၊ လမိုင်းရွာတို့မှ တောင်သူများနှင့် တွေ့ဆုံခဲ့ကြပါသည်။ ၎င်းရွာများရှိ တောင်သူ ၄၀ ကျော်တို့၏ သိမ်းဆည်းခံ လယ်ဧက ၃၀ ကျော်၊ ခြံမြေ ၁၈ ဧကတို့အတွက် မည်သို့ ဆက်လက်ဆောင်ရွက်သင့်ကြောင်းကို ဆွေးနွေးအကြံပြုခဲ့ကြပါသည်။ မိမိတို့ပါတီအ​နေဖြင့် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး ရရှိလာသော လူထုအသံ၊ လူထုလိုအပ်​ချက်​များအပေါ် အခြေခံ၍ လူထု​ရှေ့မှ ရပ်တည်သွားမည်ဖြစ်ကြောင်း၊ လူထုကိုယ်​တိုင်​ ပါဝင်​သည့် နိုင်​ငံ​ရေး​ကို လုပ်​​ဆောင်နေခြင်းဖြစ်ကြောင်းတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ယ​နေ့ကာလ ရင်ဆိုင်ကြုံတွေ့နေရသည့် အ​ခြေအ​နေများ၊ ...


အင်တာဗျူ :


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ