ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၂၅၁)၊ တတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၉၅) ဝ၉၂၅၀၅၆၆၀၁၈
အီးမေးလ် - hqdpns@gmail.com
Facebook - Democratic Party for a New Society

နောက်ဆုံးရသတင်းများ

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ကိုယ်စားပြုကော်မတီအစည်းအဝေး ပထမနေ့ December 10, 2016

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB ဖွဲ့စည်းခြင်း ၁၇ နှစ်ပြည့် အခမ်းအနား December 9, 2016

Democratic Education Corner-DEC က စီစဉ်ကျင်းပသော “ကလေးများနှင့် သူတို့၏ လူ့အဖွဲ့အစည်းအား ဆန်းစစ်ခြင်း” ပညာရေးဟောပြောဆွေးနွေးပွဲ December 9, 2016

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင်များနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်သစ်များတွေ့ဆုံခြင်း December 7, 2016

မန္တလေးတိုင်းဒေသကြီး၊ငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲ ဒုတိယနေ့ December 6, 2016

မန္တလေးတိုင်းဒေသကြီး၊ ငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲ ပထမနေ့ December 5, 2016

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေး December 4, 2016

၁၉၉၆ ကျောင်းသားလှုပ်ရှားမှု နှစ် ၂၀ ပြည့်အထိမ်းအမှတ် စာတမ်းဆွေးနွေးပွဲ December 2, 2016

”တရားစီရင်ရေးမဏ္ဍိုင်ဟာ အပြန်အလှန်ထိန်းညှိမှုက လွတ်နေသလား” ဟောပြောဆွေးနွေးပွဲ November 27, 2016

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံးသို့ ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်ပါတီမှ မိတ်ဆွေများ လာရောက်လေ့လာ November 23, 2016


အမြင်သဘောထား


ထုတ်ပြန်ချက်များ

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေးအတွက် ကျောင်းသားများ၏ သပိတ်မှောက်တောင်းဆိုတိုက်ပွဲဝင်နေမှုများနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက် (၁ /၂၀၁၅) ၁။ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် ကျောင်းသားများ၏ (၄) ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး တောင်းဆိုမှုသည် တရားနည်းလမ်းကျသည့်တောင်းဆိုမှု ဖြစ်သည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။ ၂။ ထိုသို့ (၄)ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်လာရေးအတွက် ကျောင်းသားထု၏ ခိုင်မြဲသည့်သဘောထားကို ငြိမ်းချမ်းစွာ ထုတ်ဖေါ် ပြသနေသည့် သပိတ်မှောက်ခြင်း၊ ရန်ကုန်ကိုဦးတည်ပြီး ချီတက်ပွဲများပြုလုပ်နေခြင်းများကို မိမိပါတီက အပြည့်အ၀ ထောက်ခံဝန်းရံသွားမည် ဖြစ်ပါသည်။ ၃။ ငြိမ်းချမ်းစွာ သပိတ်မှောက်ချီတက်လာနေသော ကျောင်းသားများနှင့် လမ်းတလျှောက် ကြိုဆိုထောက်ခံပြီး၊ပူးပေါင်းဆောင်ရွက်နေသော ကျောင်းသူ ကျောင်းသားများအပေါ် အင်အားသုံး အကြမ်းဖက်မှုမျိုး မပြုဘဲ၊ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာကြရန် အာဏာပိုင်အဆင့်ဆင့်အား မိမိတို့ပါတီက အလေးအနက် တိုက်တွန်းလိုက်ပါသည်။ ၄။ ၂၀၁၄ခု၊စက်တင်ဘာလ ၃၀ ရက် နေ့စွဲဖြင့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းလိုက်သည့်အမျိုးသားပညာရေးဥပဒေသည် ကျောင်းသား များ၊ ...

မန္တလေးမြို့ ဒေသဆိုင်ရာ လူထုစည်းဝေးပွဲကြီးသို့ပေးပို့သောလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ ၁။ မန္တလေး ဒေသတွင်းရှိ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သမဂ္ဂများ စသည့် အင်အားစုပေါင်းစုံပါဝင်လျက် ကျင်းပပြုလုပ်သည့် ယနေ့ လူထုစည်းဝေးပွဲကြီးသည် နိုင်ငံသားပြည်သူတို့က မိမိတိုအရေးကို မိမိတို့ကိုယ်တိုင် တက်တက်ကြွကြွ ပါဝင် ဆွေးနွေ၊းအဖြေရှာကြရန် အားထုတ်၊ကြိုးပမ်းမှုကြီးတစ်ရပ်အဖြစ် မိမိတို့ပါတီက လှိုက်လှဲစွာ ထောက်ခံ၊ကြိုဆိုအပ်ပါသည်။ ၂။ မိမိတို့နိုင်ငံအတွင်း အနိမ့်ဆုံးအခြေခံလစာကဲ့သို့ အခွင့်အရေးမျှကိုပင် ရေရာစွာ အာမခံချက်မရရှိဘဲ မိမိတို့အခြေခံ ရပိုင်ခွင့် များအတွက် တောင်းဆိုလှုပ်ရှားနေကြသော အလုပ်သမားများ၊ မိမိတို့ပိုင် လယ်ယာမြေများ လက်လွတ်ဆုံးရှုံးနေကြရခြင်းအတွက်တရားမျှတစွာ ပြန်လည်ရရှိရေးနှင့် မိမိတို့နှင့်တိုက်ရိုက်သက်ဆိုင်သော မြေယာဆိုင်ရာ မူဝါဒများ ဥပဒေများရေးဆွဲရာ၌ မိမိတို့ ကိုယ်တိုင် ပါဝင် ဆွေးနွေး၊ဆုံးဖြတ်ခွင့် ရရှိရေးများအတွက်အသက်စွန့်ဆံဖျား အားထုတ်တောင်းဆိုနေကြသော လယ်သမားများ၊ ဒီမိုကရေစီပညာရေးစံနစ် ပေါ်ပေါက်၊ဖွံ့ဖြိုးနိုင်ရေးနှင့် ကျောင်းသားနှင့်ဆရာ ကိုယ်စားလှယ်များကိုယ်တိုင် အကျေအလည် ပါဝင်ဆွေးနွေး၊ပြဋ္ဌာန်းနိုင်သော ...

လက်ပန်းတောင်းဒေသ အကြမ်းဖက် ပစ်ခတ်မှုနှင့် ပတ်သတ်သော သဘောထား ထုတ်ပြန်ချက် (၂/၂၀၁၄)

ဝမ်းနည်းကြောင်း သ၀ဏ်လွှာ


ပါတီလှုပ်ရှားမှုများ

(၈၆)နှစ်မြောက် တောင်သူလယ်သမားနေ့ ဂုဏ်ပြုပွဲကို( ၂၂၊၁၂၊၁၆ )သို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး (၂) ဒေါ်နှင်းနှင်းမွှေးတက်ရောက် ဗမာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားကွန်ရက်မှ စီစဉ်ကျင်းပသည့် (၈၆)နှစ်မြောက် တောင်သူလယ်သမားနေ့ ဂုဏ်ပြုပွဲကို ၂၂၊၁၂၊၁၆ ရက်နေ့ တွင် တောင်ဒဂုံမြို့နယ်၊ တိုင်တစ်ရာဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကျင်းပရခြင်း အကြောင်းကို ဗမာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ တာဝန်ခံ ဆရာချစ်က ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီး၏ တာဝန်ရှိသူများကလည်း ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ၂ ဒေါ်နှင်းနှင်းမွှေးက ဂုဏ်ပြုအမှတ်တရစကားပြောကြားရာတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် မတ်လ(၂)ရက်နေ့ကို တောင်သူလယ်လယ်သမားနေ့အဖြစ် သတ်မှတ်ထားခြင်းသည် လုံးဝ မသင့်တော်ကြောင်း၊ ဒီဇင်ဘာ ၂၂ ရက်နေ့သည် ဆရာစံတောင်သူလယ်သမားသူပုန် အစပြုခဲ့သောနေ့ ဖြစ်သည့်အတွက် တောင်သူလယ်သမားနေ့ကို မတ်လ ၂ ရက်နေ့အစား ဒီဇင်ဘာ ...

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာကော်မတီမှ တာဝန်ရှိသူများဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် တောင်သူလယ်သမားများ၊ ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံခဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာကော်မတီမှ တာဝန်ရှိသူများသည် ၂၁၊၁၂၊၁၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်​မြို့နယ်​၊ ​ရေလဲတိုက်​နယ်​၊ ထုံးတပိုအုပ်​စု၊ ရေလဲအုပ်စု၊ ပိုင်ကျုံအုပ်စု၊ လေးတူးအုပ်စု၊ အထွဋ်အုပ်စုတို့ရှိ တောင်သူလယ်သမားများ၊ ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ၎င်းဒေသတွင် နေထိုင်သူများအနေဖြင့် ပန်းတာ မခိုင်ခန့်မှုကြောင့် မိုးတွင်းကာလတွင် ရေဘေးဒုက္ခနှင့် ကြုံတွေ့ကြရကြောင်း၊ ယခုအခါ ပန်းတာပြင်ဆင်ရန် စီမံချက်ကျလာသော်လည်း ၎င်းတာအား မီခိုနေထိုင်ရသည့်ပြည်သူများအား ဖယ်ရှားပေးရန် အကြောင်းကြားလာကြောင်း၊ ဖယ်ရှားပေးရမည့်သူများအား နေရာအတည်တကျ ချထားပေးမှုမရှိကြောင်း တင်ပြဆွေးနွေးကြပါသည်။ DPNS လယ်သမားရေးရာကော်မတီခေါင်းဆောင်များက ၎င်းကိစ္စအား မည်သို့ဖြေရှင်းသင့်ကြောင်းကို ပြန်လည်အကြံပြု ဆွေးနွေးပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ကျေးရွာအုပ်​ချုပ်​​ရေးမှူးများ၊ လယ်​သမားသမဂ္ဂနှင့် လယ်​သမား​အရေး​ဆောင်​ရွက်​သူများ ...

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီသစ်နှင့်တွေ့ဆုံဆွေးနွေး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီသစ်၏ အတွင်းရေးမှူးအဖွဲ့ဝင်များသည် ၁၃၊၁၂၊၁၆ ရက်နေ့လည်ပိုင်းက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံးသို့ လာရောက်တွေ့ဆုံခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ဗဟိုဦးဆောင်ကော်မတီဝင်များက လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဗကသများအဖွဲ့ချုပ်၏ မူဝါဒ ၅ ချက်ကို အခြေခံ၍ ချမှတ်ထားသည့် လုပ်ငန်းစဉ်များကို ဗကသ CWC များက ရှင်းလင်းပြောကြားခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တာဝန်ရှိသူများကလည်း ဗကသ CWC အသစ်ကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကြိုဆိုပါကြောင်း၊ မျိုးဆက်အရ ကွာဟမှုရှိနိုင်သော်လည်း သမိုင်းပေးတာဝန်များကို အတူတကွ ထမ်းရွက်ကြရမည်ဖြစ်ကြောင်း၊ ကြမ်းတမ်းသောခေတ်ကို ပြောင်းလဲရာတွင် လက်တွဲလုပ်ဆောင်သင့်သော ကိစ္စရပ်များကို လက်တွဲလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ ...

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာကော်မတီမှ တာဝန်ရှိသူများ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ့်မှ တောင်သူများနှင့် တွေ့ဆုံ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာကော်မတီမှ တာဝန်ရှိသူများသည် ၁၁၊ ၁၂၊ ၁၆ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ သဖန်းကုန်းအုပ်စု၊ သဖန်းကုန်းရွာ၊ လမိုင်းရွာတို့မှ တောင်သူများနှင့် တွေ့ဆုံခဲ့ကြပါသည်။ ၎င်းရွာများရှိ တောင်သူ ၄၀ ကျော်တို့၏ သိမ်းဆည်းခံ လယ်ဧက ၃၀ ကျော်၊ ခြံမြေ ၁၈ ဧကတို့အတွက် မည်သို့ ဆက်လက်ဆောင်ရွက်သင့်ကြောင်းကို ဆွေးနွေးအကြံပြုခဲ့ကြပါသည်။ မိမိတို့ပါတီအ​နေဖြင့် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး ရရှိလာသော လူထုအသံ၊ လူထုလိုအပ်​ချက်​များအပေါ် အခြေခံ၍ လူထု​ရှေ့မှ ရပ်တည်သွားမည်ဖြစ်ကြောင်း၊ လူထုကိုယ်​တိုင်​ ပါဝင်​သည့် နိုင်​ငံ​ရေး​ကို လုပ်​​ဆောင်နေခြင်းဖြစ်ကြောင်းတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ယ​နေ့ကာလ ရင်ဆိုင်ကြုံတွေ့နေရသည့် အ​ခြေအ​နေများ၊ ...


အင်တာဗျူ :


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ