ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

October 2019
M T W T F S S
« Sep    
 123456
78910111213
14151617181920
21222324252627
28293031  

ပါတီလှုပ်ရှားမှုများ

ဝါးစိမ်းတောင်အရေးကို ဒေသခံတို့ စိတ်မအေးနိုင်သေး (RFA စုစည်းတင်ပြချက်) အောက်တိုဘာ ၁၊ ၂၀၁၉။ ■ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ဝါးစိမ်းတောင်စီမံကိန်းနဲ့ ပတ်သက်လို့ သဘောတူထားတဲ့ မူလသဘောထားကို ပယ်ဖျက်ကြောင်း ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို ကုမ္ပဏီအနေနဲ့ တရားဝင်လက်ခံရရှိတာ မရှိသေးဘူးလို့ Myanmar Yang Tse ကုမ္ပဏီတာဝန်ရှိသူက RFA ကို ပြောပါတယ်။ တိုင်းအစိုးရအဖွဲ့ရဲ့မနေ့က ကြေညာချက်ကို ကြိုဆိုပေမယ့် အပြည့်အဝ မယုံကြည်သေးဘူးလို့လည်း ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူတွေ ပြောကြပါတယ်။ တရုတ်နိုင်ငံသားပိုင် Myanmar Yang Tse ကုမ္ပဏီက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ယင်းမာပင်၊ ကနီနဲ့ ဆားလင်းကြီးမြို့နယ်တွေမှာ ပြည်ထောင်စုအစိုးရနဲ့ ပူးပေါင်းပြီး ကြေးနီနဲ့ ဆက်စပ်ပစ္စည်းရှာဖွေဖို့ တင်ပြခဲ့ရာမှာ ...

တရုတ်ယန်စီကုမ္ပဏီ၏၀ါးစိမ်းတောင်စီမံကိန်းကြောင့် ပြည်သူ ရှစ်သောင်းကျော်၏လူမှုဘ၀နှင့် စီးပွားရေး ထိခိုက်ပျက်စီးမည် (ခေတ်သစ်မီဒီယာ) ရန်ကုန်၊ စက်တင်ဘာ ၃၀ တရုတ်ယန်စီကုမ္ပဏီက စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ၀ါးစိမ်းတောင်ဒေသတွင် ဆောင်ရွက်မည့် ကြေးနီနှင့် ဓာတ်သတ္တု စမ်းသပ်ရှာဖွေရေး စီမံကိန်းကြောင့် ကျေးရွာပေါင်း ၁၂၀ ကျော်မှ ဒေသခံ ရှစ်သောင်းကျော်၏ လူမှုဘ၀နှင့် စီးပွားရေး ထိခိုက်ပျက်စီးမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် အရပ်ဘက် ဒေသခံ အဖွဲ့အစည်း ၁၈ ဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်သည်။ တရုတ်ယန်စီ ကုမ္ပဏီက စမ်းသပ်လုပ်ကိုင်မည့် ဝါးစိမ်းတောင် ဒေသ စီမံကိန်းနယ်မြေ မြေဧရိယာတွင် ကျေးရွာပေါင်း ၁၂၀ ၊ စာသင်ကျောင်း ၈၆ ကျောင်း ၊ ဘုန်းတော်ကြီး ၁၃၉ ...

ဝါးစိမ်းတောင်စီမံကိန်း စမ်းသပ်မှု ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ (VOA သတင်းဖော်ပြချက်) 30 စက်တင်ဘာ၊ 2019 စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက ဝါးစိမ်းတောင်စီမံကိန်းကို ဒီကနေ့မှာ ဒေသခံ တထောင်နီးပါး ကန့်ကွက်ဆန္ဒပြခဲ့သလို၊ အရပ်ဖက်အဖွဲ့ ၁၈ ဖွဲ့ ပေါင်းထားတဲ့ Youth for a New Society (YNS) ကလည်း ဒီစီမံကိန်းကို ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ ဒေသအာဏာပိုင်တွေကတော့ ဒီ စီမံကိန်းဟာ စမ်းသပ် လုပ်နေတဲ့ သဘောသာဖြစ်ပြီး၊ ဘာကိုမှ ထိခိုက်ဆုံးရှုံးစေမှာမဟုတ်ဘူးလို့ အာမခံ ပြောနေပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုက မေးမြန်းပေးပို့ထားပါတယ်။ တရုတ်နိုင်ငံ မြန်မာယန်စီကုမ္ပဏီက စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဝါးစိမ်းတောင် ဒေသမှာရှိတဲ့ဓာတ်သတ္ထု စမ်းသပ်တူးဖော်ရေးလုပ်ပိုင်ခွင့်ရသွားတဲ့အပေါ် ဒေသခံ တစ်ထောင် နီးပါးက စက်တင်ဘာလ ၃၀ရက် နံနက်ပိုင်းမှာ ကန့်ကွက်ဆန္ဒပြကြတာပါ။ ဝါးစိမ်းတောင် သတ္ထုတူးဖော်ရေးစီမံကိန်းကြောင့် စိုက်ပျိုးမြေတွေနဲ့ သောက်သုံးရေ ဆုံးရှုံးခဲ့ရတဲ့ အတွက် ...

ဝါးစိမ်းတောင်ဒေသစီမံကိန်းကန့်ကွက်ဆန္ဒပြ DPNS ရဲဘော်များ ပူးပေါင်းပါဝင် ၂၀၁၉၊ စက်တင်ဘာ ၃၀။ မုံရွာ။ ယန်စီကုမ္ပဏီက စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ၀ါးစိမ်းတောင်ဒေသတွင် ဆောင်ရွက်မည့် ကြေးနီနှင့်ဓာတ်သတ္တု စမ်းသပ်ရှာဖွေရေး စီမံကိန်းအား ပြည်သူ့ဆန္ဒမပါဘဲ စမ်းသပ်လုပ်ကိုင်ခွင့်ပေးသည့်အပေါ် ဒေသခံပြည်သူအင်အား ၁၀၀၀ ကျော်က စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် မုံရွာမြို့၌ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။ ဆန္ဒပြပွဲကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကြိုဆိုထောက်ခံကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး ဆန္ဒပြပွဲတွင် ပါတီရဲဘော်များလည်း ပူးပေါင်းပါဝင်ခဲ့ပါသည်။ ဝါးစိမ်းတောင်ဒေသ ဓါတ်သတ္တုတူးဖော်ရေးစီမံကိန်းအား စမ်းသပ်ခွင့်ပြုပေးမှုနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအနေဖြင့် ...

 


ထုတ်ပြန်ချက်များ

ဟန်ဂျင်း အထည်ချုပ်အလုပ်သမားသပိတ်နှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက် (၅ / ၂၀၁၅)

(၂၇) နှစ်ပြည့် ပါတီတည်ထောင်ခြင်းနေ့အထိမ်းအမှတ် သဘောထားထုတ်ပြန်ကြေညာချက်

ပည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို ကိုင်စွဲ၍ ရွေးကောက်ပွဲဝင်မည် (ထုတ်ပြန်ကြေညာချက် ( ၄ / ၂၀၁၅ ) )

ပါတီရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းခြင်း (သတင်းထုတ်ပြန်ချက် ( ၂ / ၂၀၁၅ ) )

(၅၃) နှစ်ပြည့် ၇ ဇူလိုင် အောက်မေ့ဘွယ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဆရာကြီး ဒဂုန်တာရာ (၉၆)နှစ် ပြည့် မွေးနေ့အခမ်းအနားသို့ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (၇၉) နှစ်မြောက်နှင့် လက်ပံတန်းအကြမ်းဖက်ခံရမှု နှစ်လပြည့် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

(၁၂၅) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့(မေဒေး) အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ

(၁၅)ကြိမ်မြောက် ကယန်းအမျိုးသားနေ့သို့ ပေးပို့သော ဂုဏ်ပြုသော သဝဏ်လွှာ

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ပဏာမသဘောတူညီမှုများနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် (၄/ ၂၀၁၅)

 


အမြင်သဘောထား

ပါတီ တည်ထောင်ခြင်း (၂၉)နှစ်မြောက် အထိမ်းအမှတ် နိုင်ငံရေးဆွေးနွေးပွဲ “နိုင်ငံတကာနှင့် မြန်မာ့အရေး”တွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၏ ဆွေးနွေးချက်။ ပါတီ တည်ထောင်ခြင်း (၂၉)နှစ်မြောက် အထိမ်းအမှတ် နိုင်ငံရေးဆွေးနွေးပွဲ “နိုင်ငံတကာနှင့် မြန်မာ့အရေး”တွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၏ ဆွေးနွေးချက်။ ၂၀၁၇ ခု၊ အောက်တိုဘာ ၁၄ ရက် ပါတီ တည်ထောင်ခြင်း (၂၉)နှစ်မြောက် အထိမ်းအမှတ် နိုင်ငံရေးဆွေးနွေးပွဲ “နိုင်ငံတကာနှင့် မြန်မာ့အရေး”တွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ပါဝင်ဆွေးနွေးခဲ့သည့် “ ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီနှင့် မြန်မာအစိုးရ ဆက်ဆံရေး ” ဆွေးနွေးချက်ကို တင်ပြပေးလိုက်ပါသည်။

VOA နှင့် DPNS ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော် အင်တာဗျူး ရခိုင်အရေး နိုင်ငံတကာဖိအား မြန်မာပြုပြင်ပြောင်းလဲရေး ထိခိုက်နိုင် ၁၉၊ အောက်တိုဘာ၊ ၂၀၁၇ ( VOA နှင့် DPNS ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော် အင်တာဗျူး ) ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်နေတယ်လို့ ဆိုပြီး မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူဖို့ အမေရိကန်လွှတ်တော်အမတ် ၄၀ ကျော်က တိုက်တွန်းလိုက်သလို ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ရခိုင်အရေးနဲ့ ပတ် သက်လို့ မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် ဖိအားပေး ပြောဆိုနေကြပါတယ်။ ဒီအခြေအနေက လက်ရှိ သွားနေတဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ထိခိုက်လာနိုင်တယ်လို့ သုံးသပ်တာတွေလည်း ရှိပါတယ်။ မခင်ဖြူထွေးက စုစည်းတင်ပြပေးထားပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ၊ ...

၂၀၁၇၊ စက်တင်ဘာ ၂၆ ရက်နေ့ထုတ် Daily ELEVEN သတင်းစာ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (SNLD)တို့သည် အာရှဒေသတွင်းရှိ ဆိုရှယ်ဒီမိုကရေစီ (အာရှ) (SocDem Asia) ကွန်ယက်အဖွဲ့ဝင် နိုင်ငံများနှင့် ပူးပေါင်းလျက် အားလုံးပါဝင်သော မူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို စက်တင်ဘာ ၂၅ ရက်က ရန်ကုန်မြို့ရှိ Rose Garden ဟိုတယ်တွင် ပြုလုပ်ခဲ့

ကျောင်းသားသမဂ္ဂအဆောက်အဦကိစ္စနှင့် ပတ်သက်၍ DPNS ၏ သဘောထား ကျောင်းသားသမဂ္ဂအဆောက်အဦကိစ္စနှင့် ပတ်သက်၍ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားအား ဇူလိုင်လ ၁၇ ရက်နေ့ထုတ် 7DAY DAILY သတင်းစာတွင် ပါရှိသည့် သတင်းဖော်ပြချက်

 


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။

 

 


 

နောက်ဆုံးရသတင်းများ

“ရွေးကောက်ပွဲယဉ်ကျေးမှုနဲ့ မြန်မာ့နိုင်ငံရေး” ခေါင်းစဉ်ဖြင့် DPNS ပါတီဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ ပါဝင်ဆွေးနွေး October 11, 2019

အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု DPNS ရပ်ကျေးရုံးဖွင့်ပွဲ October 10, 2019

ချောင်းသာမြို့၊ အုပ်စု(၂) ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ October 8, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် (DVB သတင်းဖော်ပြချက်) October 7, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် October 6, 2019

လူ့ဘောင်သစ်လူငယ်နှင့် DPNS ပါတီမိတ်ဆက်ဆွေးနွေးပွဲ October 6, 2019

ရွှေပြောင်းအလုပ်သမားများအတွက် အသိပညာပေးဟောပြောပွဲ October 5, 2019

ချောင်းသာ ရွှေသောင်ယံရုံးတွင် ဆွေးနွေးပွဲပြုလုပ် October 3, 2019

နော်အုန်းလှ အပါအဝင် ကရင့်ခေါင်းဆောင်များ ဖမ်းဆီးတရားစွဲဆိုခံနေရခြင်းအပေါ် DPNS ၏ သဘောထား October 2, 2019

ဝါးစိမ်းတောင်အရေးကို ဒေသခံတို့ စိတ်မအေးနိုင်သေး (RFA စုစည်းတင်ပြချက်) October 2, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ