ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

August 2019
M T W T F S S
« Jul    
 1234
567891011
12131415161718
19202122232425
262728293031  

နောက်ဆုံးရသတင်းများ

ပါတီဋ္ဌာနချုပ်တာဝန်ရှိသူများနှင့် ပွင့်ဖြူမြို့နယ်ပါတီဝင်များ တွေ့ဆုံဆွေးနွေး August 18, 2019

DPNS အမျိုးသမီးခေါင်းဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ (၃/၂၀၁၉) August 18, 2019

မင်းဘူးမြို့နယ် ပါတီကော်မတီကို အောင်မြင်စွာ ဖွဲ့စည်းတာဝန်ပေးအပ် August 15, 2019

တွဲဖက်အတွင်းရေးမှူး(၁)၏ ရှစ်လေးလုံးအရေးတော်ပုံ ၃၁ နှစ်ပြည့် အမှတ်တရစကား(သာကေတ) August 10, 2019

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံရဲ့ ညီညွတ်ရေးပျောက်ဆုံးနေကြောင်း သုံးသပ် August 10, 2019

DPNS ဘားအံစည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ခင်နှင့် တွေ့ဆုံခြင်း August 8, 2019

ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီး (၃၁) နှစ်မြောက် သဘောထားထုတ်ပြန်ချက် August 8, 2019

UEC နှင့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲတက်ရောက် August 7, 2019

ရှစ်လေးလုံး အရေးတော်ပုံ ပုလဲရတု အကြို စကားဝိုင်း August 6, 2019

DPNS ဗဟိုကော်မတီအစည်းအဝေး (၂/၂၀၁၉) August 5, 2019


အမြင်သဘောထား

ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် Hot News Journal အင်တာဗျူး ၂၀၁၇၊ နိုဝင်ဘာ ၂၄ ရက်နေ့ထုတ် Hot News Journal (Vol.8 , No.371) တွင် ဖော်ပြပါရှိသည့် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူး (ယခင်အပတ်မှ အဆက်)  အခွန်တွေကောက်ခံမူကို နိုင်ငံတကာမှာ ပွင့်လင်းမြင်သာစွာချပြပေမယ့် ခေတ်အဆက်ဆက်အစိုးရတွေက ပွင့်လင်းမြင်သာစွာ ချပြခဲ့တယ်လို့ မြင်ပါသလား။ သုံးသပ်ပြောကြားပေးပါ။ အမှန်တကယ်တော့ တစ်နှစ်တစ်ခါ ထုတ်ပြန်ပေးရတယ်။ ဝင်ငွေခွန်၊ သုံးစွဲခွန်တွေကို ထုတ်ပြန်ရတယ်။ အဲဒါတွေကို စစ်အစိုးရလက်ထက်မှာ နှစ်တော်တော်ကြာ အဲဒါတွေကို မလုပ်တဲ့အနေအထား ဖြစ်နေတယ်။ အဲဒါ ဆိုရင်တော့ မကောင်းဘူး။ အမှန်တကယ်က နှစ်စဉ်နှစ်တိုင်း လုပ်ရမယ့်ကိစ္စဖြစ်တယ်လို့ ပြောချင်ပါတယ်။  ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေကို အားရကျေနှပ်မူရှိပါသလားခင်ဗျာ။ ကျွန်တော်ထင်တာက လွှတ်တော်ကိုယ်စားလှယ်တော်တော်များများက ဥပမာ ကျွန်တော်တို့ရန်ကင်းကိုယ်စား ...

ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူး Hot News Journal ( Vol- 8,No- 370, Nov 17-23, 2017 ) NLD အစိုးရလက်ထက် ဆောင်ရွက်နေမှုများနှင့် လွှတ်တော်ဆောင်ရွက်နေမှုများအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။ (ယခင်အပတ်မှ အဆက်) ပါတီတစ်ရပ်ရဲ့ထုတ်ပြန်ကြေငြာချက်တွေဟာ ဥပဒေနဲ့မကိုက်ညီရင် အရေးယူမယ်ဆိုပြီးတော့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီမိုကရေစီအစိုးရလို့ ပြောနေတဲ့ အချိန်မှာ ဒီထုတ်ပြန်ကြေငြာချက်ကို ဘယ်လိုမြင်ပါသလဲ။ နိုင်ငံရေးပါတီတစ်ခုရဲ့လုပ်ဆောင်ချက်တွေက ဥပဒေနဲ့မညီညွတ်ဘူးဆိုရင် တရားစွဲပါ။ ကျွန်တော်ပြောချင်တာက နိုင်ငံရေးပါတီတွေကို ဟိုဟာမလုပ်နဲ့၊ ဒီဟာမပြောနဲ့ဆိုရင် ဘယ်ဥပဒေနဲ့ပြောတာလဲ။ကျွန်တော်တို့က ဒီအခြေခံဥပဒေ ဘောင်ထဲမှာ ဒီအခွင့်အရေးတွေ၊ မူဘောင်တွေကို အသုံးချပြီး ပြောဆိုနေတာပဲဖြစ်တယ်။ နိုင်ငံရေးပါတီတစ်ခုရဲ့ ပြောပိုင် ခွင့်၊ ဆိုပိုင်ခွင့်၊ ထုတ်ပြန်ပိုင်ခွင့်တွေကို ကန့်သတ်သလို ဖြစ်နေတယ်။ အဲဒါကတော့ မကောင်းဘူး။ ဒီကိစ္စတွေကို ပြန် စဉ်းစားဖို့လိုတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက ကျွန်တော်တို့ရဲ့ရဲဘော်တွေ၊ မိတ်ဆွေတွေပါပဲ။ သူတို့ အဲဒီဘဝ တွေကို ...

ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် DVB Debate DVB Debate မြန်မာ့နိုင်ငံရေး ပါတီစုံစနစ်လား တစ်ပါတီစနစ်လား

ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူး Hot News Journal Vol.8,No.369(10.11.2017) ပြည်သူ့မျှော်လင့်ချက် မဖြည့်ဆည်းနိုင်ရင် အစိုးရအပေါ် ယုံကြည်မှုကျလာနိုင်တယ် NLD အစိုးရ၏ ဆောင်ရွက်နေမှုများနှင့် လွှတ်တော်ဆောင်ရွက်နေမှုများအပေါ် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်အား တွေ့ဆုံမေးမြန်းခဲ့သည်။ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ပြည်သူတွေအတွက် ဘာတွေ ဆောင်ရွက်နေတယ် ဆိုတာကို ပြောကြားပေးပါခင်ဗျာ။ ကျွန်တော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အနေနဲ့ကတော့ ရွေးကောက်ပွဲပြီးတဲ့ကာလ ကစပြီးတော့ ပါတီတည်ဆောက်ရေးကိစ္စ၊ စုစည်းရေးကိစ္စနဲ့ ကျွန်တော်တို့ပါတီရဲ့ အသံတွေ၊ မူဝါဒ တွေကို လူထုထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ရေးအတွက်ကို ဦးတည်ချက်ထားပြီးတော့ ပါတီ တည် ဆောက်ရေးကိစ္စကို ဆောင်ရွက်နေပါတယ်။ ပါတီတည်ဆောက်ရေးကိစ္စကို အဓိကထားပြီး ဆောင် ရွက်နေတယ်ဆိုပေမယ့် ပါတီတည်ဆောက်ရေးကိစ္စမှာ လက်တွေ့ပြည်သူတွေရဲ့ ဒုက္ခတွေ၊ ပြည်သူ တွေရဲ့ ခံစားမှုတွေ၊ ပြည်သူတွေရဲ့ တောင်းဆိုမှုတွေနဲ့ ကင်းလွတ်ပြီးတော့ တည်ဆောက်လို့ မရဘူး။ ...


ထုတ်ပြန်ချက်များ

ရဟန်းစာဆိုတော် ဦးပညာဇောတ (အမရပူရ) ၏ အန္တိမဈာပန အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

Myanmar Veneer အလုပ်သမားသပိတ် အင်အားသုံး ဖြိုခွင်းခံရခြင်းနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် (၄ / ၂၀၁၆)

(၁၂၆) နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ မေဒေး အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ

Myanmar Venner သစ်အချောထည်စက်ရုံ အလုပ်သမားသပိတ်နှင့် ပတ်သက်သော သဘောထားထုတ်ပြန်ချက် (၃ / ၂၀၁၆)

သဘောထားထုတ်ပြန်ကြေညာချက် (၂ / ၂၀၁၆)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းထားသည့် အစိုးရသစ်သို့ တိုက်တွန်းအကြံပြုချက်

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၄၀) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း အကြမ်းဖက်ခံရမှု (၁) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

(၁၆) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဗိုလ်အောင်ကျော် နှစ်(၁၀၀)ပြည့် မွေးနေ့ အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ


ပါတီလှုပ်ရှားမှုများ

ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၈၃ နှစ်ပြည့် အခမ်းအနားတက်ရောက် ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၈၃ နှစ်ပြည့် အခမ်းအနားနှင့် မျိုးဆက်အသီးသီးတွေ့ဆုံပွဲကို ၂၀၁၉၊ မေလ၊ ၈ ရက်နေ့ နံနက်ပိုင်းတွင် တောင်ဥက္ကလာပ စိတ်တိုင်းကျစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနာတွင် ၁၉၆၂၊ ၁၉၇၄-၇၅၊ ၁၉၈၈၊ ၁၉၉၆ ကျောင်းသားသမဂ္ဂမျိုးဆက်များက ၎င်းတို့၏ သဘောထားအမြင်များကို တင်ပြခဲ့ကြပါသည်။ DPNS ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းကလည်း ၁၉၇၄-၇၅ ကျောင်းသားများကိုယ်စား တခုတည်းသော ဗကသများအဖွဲ့ချုပ် ဖြစ်ထွန်းပေါ်ပေါက်ရေး သဘောထားအမြင်နှင့် လုပ်ဆောင်သင့်သည်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။

ဒီမိုကရေစီရေး လုပ်ဖော်ကိုင်ဘက်များနှင့် ၂၀၀၈ ခြေ/ဥ အနှစ်သာရပြုပြင်ပြောင်းလဲရေးဆိုင်ရာများ ဆွေးနွေး ဒီမိုကရေစီရေး လုပ်ဖော်ကိုင်ဘက်များသည် မေလ ၇ ရက်နေ့တွင် DPNS ပါတီဌာနချုပ်ရုံးသို့ လာရောက်၍ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် တွေ့ဆုံကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အနှစ်သာရပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ထိုသို့ဆွေးနွေးရာတွင် ဒီမိုကရေစီရေးလုပ်ဖော်ကိုင်ဘက်များက ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာ ဆွေးနွေးပွဲမှ စုစည်းရရှိချက်များ၊ ရည်ရွယ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြပြီး ပါတီတာဝန်ရှိသူများကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ အနှစ်သာရ ပြောင်းလဲရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်သည့်ကိစ္စများကို ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။

SYCB ၏ လူငယ်စွမ်းရည်မြှင့်တင်ရေး သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနား တက်ရောက် မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (SYCB)၏ လူငယ်စွမ်းရည်မြှင့်တင်ရေး Youth Training Center (YTC) သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉၊ မေ ၅ ရက်နေ့ ညနေပိုင်းတွင် SYCB ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားကို မိတ်ဖက်လူငယ်အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ၊ ကျောင်းသားလူငယ်အင်အားစုများ၊ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (SYCB)၏ ကျောင်းသားဟောင်းနှင့် နိုင်ငံရေးအင်အားစုအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြပြီး ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းနှင့် လူ့ဘောင်သစ်လူငယ် အတွင်းရေးမှူး ကိုမျိုးစောတို့က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပါသည်။ ဦးတိုးတိုးထွန်းက အမှတ်တရစကား ပြောကြားရာတွင် SYCB ၏ သမိုင်းကြောင်း၊ မူဝါဒနှင့် ဦးတည်ချက် လုပ်ငန်းစဉ်များ ဖြစ်ပေါ်လာပုံ၊ မူလရည်ရွယ်ချက်ဖြစ်သည့် တိုင်းရင်းသားလူငယ်များ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ...

အလုပ်သမားအရေး လှုပ်ရှားနေသော အဖွဲ့များမှ ခေါင်းဆောင်များနှင့် တွေ့ဆုံ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး၊ အလုပ်သမားရေးရာ ကော်မတီတာဝန်ခံ ဦးငွေလင်း၊ ရန်ကုန်တိုင်း အလုပ်သမားရေးရာကော်မတီဝင် ဦးမျိးထွဋ်တို့သည် ၂၀၁၉၊ မေလ ၅ ရက် နေ့လည်ပိုင်းတွင် လှိုင်သာယာမြို့နယ်ရှိ တို့မျိုးဆက်ကွန်ရက်ရုံးသို့ သွားရောက်၍ We Generation Network၊ All Myanmar Trade Unions Network တို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့ တွေ့ဆုံရာတွင် အလုပ်သမားဥပဒေများ၏ အားနည်းချက်ကြောင့် အလုပ်သမားအခွင့်အရေး ဆုံးရှုံးနစ်နာနေရမှုများ၊ အလုပ်သမားထု သွေးစည်းညီညွတ်မှုဖြင့် အလုပ်ရှင်နှင့် အာဏာပိုင်တို့၏ မတရားဖိနှိပ်မှုများအား ခုခံကာကွယ်ပြီး ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်နေကြရသည့်အခြေအနေများ စသည့် အလုပ်သမားရေးရာကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ