ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

November 2019
M T W T F S S
« Oct    
 123
45678910
11121314151617
18192021222324
252627282930  

ပါတီလှုပ်ရှားမှုများ

DPNS ဗဟိုကော်မတီအစည်းအဝေး (၂/၂၀၁၉) ၃ – ၅ သြဂုတ်၊ ၂၀၁၉။ ရန်ကုန်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး ၂/၂၀၁၉ ကို ရန်ကုန်မြို့ရှိ ပါတီဌာနချပ်ရုံး၌ ၂၀၁၉၊ သြဂုတ်လ၊ ၃ ရက်မှ ၅ ရက်နေ့ထိ ၃ ရက်တာ ကျင်းပခဲ့သည်။ ပထမရက်တွင် အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက်လာသည့် ဗဟိုကော်မတီဝင်များက လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ဆွေးနွေးခြင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ လုပ်ငန်းအစီရင်ခံစာကို တင်ပြအတည်ပြုခြင်း၊ ဗဟိုကော်မတီဝင်များက မိမိတို့ဒေသတွင်း နိုင်ငံရေး စည်းရုံးရေးနှင့် လူထုရေးရာအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်။ ဒုတိယရက်တွင် လူ့ဘောင်သစ်လူငယ်၏ လုပ်ငန်းအစီရင်ခံစာကို YNS အတွင်းရေးမှူးက ...

ကျေးလက်လူထုလှုပ်ရှားမှုများကို ဝန်းရံမည့် ကော်မတီတစ်ရပ်ကို DPNS နှင့် နိုင်ငံရေးအင်အားစုများ စုပေါင်းဖွဲ့စည်း ( ၁၊ သြဂုတ်၊ ၂၀၁၉ နေ့ထုတ် Daily ELEVEN သတင်းစာ) မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာကိစ္စ အပါအဝင် ကျေးလက်ဒေသ လူထုလှုပ်ရှားမှုများကို ကူညီဝန်းရံရေး ရည်ရွယ်သည့် “ကျေးလက်လူထုလှုပ်ရှားမှု ဝန်းရံရေးကော်မတီ”ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပါအဝင် နိုင်ငံရေးအင်အားစုများ စုပေါင်းပြီး ဇူလိုင် ၂၈ ရက်က ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ...

DPNS စည်းရုံးရေးမှူးသင်တန်း အမှတ်စဉ် ၁/၂၀၁၉ သင်တန်းဆင်းပွဲ ၂၀၁၉၊ သြဂုတ်။ ၁။ ရန်ကုန်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စည်းရုံးရေးမှူးသင်တန်း အမှတ်စဉ် ၁/၂၀၁၉ သင်တန်းဆင်းပွဲကို ၂၀၁၉၊ သြဂုတ်၊ ၁ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ သင်တန်းဆင်းလက်မှတ်များကို ပါတီဒုဥက္ကဋ္ဌနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး(၁)တို့က သင်တန်းသားများအား ပေးအပ်ခဲ့ကြပါသည်။ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့မှ ပါတီရဲဘော်များ သင်တန်းတက်ရောက်ခဲ့ကြပါသည်။

Data Analysis and Political Communication သင်တန်းသို့ တက်ရောက် ၂၆-၂၈၊ ဇူလိုင်၊ ၂၀၁၉။ မနီလာမြို့၊ ဖိလစ်ပိုင်နိုင်ငံ။ SocDem Asia က စီစဉ်သည့် Executive Course 2; Data Analysis and Political Communication သင်တန်းကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ၂၀၁၉၊ ဇူလိုင်၊ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။ ၎င်းသင်တန်းသို့ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ မြန်မာ၊ တီမော၊ သြစတြေးလျနိုင်ငံတို့မှ SocDem ...

 


ထုတ်ပြန်ချက်များ

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း(၄)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

ရဲဘော်စိုးမိုး ကွယ်လွန်ခြင်းအတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သည့် ဝမ်းနည်းသဝဏ်လွှာ(၃၁၊ ၃၊ ၂၀၁၈)

သခင်ကိုယ်တော်မှိုင်း (၁၄၂) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော သ၀ဏ်လွှာ

နိုင်ငံတကာအမျိုးသမီးများနေ့ သဘောထားထုတ်ပြန်ချက်(၃/၂၀၁၈)

နိုင်ငံတကာ အမျိုးသမီးများနေ့ သဘောထားထုတ်ပြန်ချက်

တိုးတက်သောဒီမိုကရက်တစ်အင်အားစု၏ သဘောထား ထုတ်ပြန်ချက်

ဆန္ဒပြပြည်သူများအပေါ် အရေးယူနှိမ်နှင်းမှုများနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

ဆန္ဒပြပြည်သူများအပေါ် အရေးယူနှိမ်နင်းနေမှုများနှင့်ပတ်သက်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားကြေငြာချက်

” တိုးတက်သော ဒီမိုကရက်တစ်အင်အားစု”၏ သဘောထားကြေငြာချက်(၂၆.၁၂.၂၀၁၇)

ဒုတိယအကြိမ်၊လက်ရှိနိုင်ငံရေးအခြေအနေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ သတင်းထုတ်ပြန်ချက်

 


အမြင်သဘောထား

အကြမ်းဖက်ဖြေရှင်းခြင်းဖြင့် အဖြေရရှိမည်မဟုတ် – မေလ ၁၅ ရက်နေ့ နံနက် ၅း၀၀ နာရီတွင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာသားများ၏ ဆန္ဒပြမှုအပေါ် မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ဖြိုခွဲမှုများ ဖြစ်ပွါးခဲ့သည်။ ထိုဖြစ်စဉ်အတွင်း သတင်းရယူနေသော သတင်းထောက်တဦးအပါအဝင် လူငါးဦးဖမ်းဆီးခံရပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ကြားသိရပါသည်။ – မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသော အလုပ်သမားအခွင့်အရေးပြဿနာ၊ တောင်သူလယ်သမားများ ဒေသခံလူထုများ ဆုံးရှုံးနစ်နာနေရသည့် ပြဿနာ၊ ကျောင်းသားများ၏ ပညာရေးဆုံးရှုံးနေရမှုပြဿနာ၊ ပြည်တွင်းစစ်ဖြစ်နေသော ဒေသများရှိ အပြစ်မဲ့တိုင်းရင်းသားပြည်သူများ သေဆုံးထိခိုက်နေရမှုပြဿနာ၊ ပြည်သူလူထု နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရသော အခြေခံလိုအပ်ချက်များဖြစ်သည့် ရေ၊ မီး မလုံလောက်မှုစသည့် ပြဿနာပေါင်းစုံ တိုး၍တိုး၍ လာနေပါသည်။ အဆိုပါ ပြဿနာများကို အစိုးရတရပ်အနေဖြင့် ကိုင်တွယ်ဖြေရှင်းရာတွင် ကောင်းမွန်မှန်ကန်သည့် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ စီမံခန့်ခွဲမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ဖြေရှင်းခြင်း မရှိဘဲ ပြဿနာများ ပိုမိုကြီးထွားလာမှုဆီသို့သာ တွန်းပို့သကဲ့သို့ ...

ဒီမိုကရေစီအနှစ်သာရ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အနှစ်သာရကို အာမခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆွေးနွေးပွဲသို့ DPNS ၏ တင်ပြချက် (၂၉၊ ၄၊ ၂၀၁၉)

NLD အစိုးရ၏ သုံးနှစ်တာဆောင်ရွက်ချက်များ စကားဝိုင်း (ပထမပိုင်း) NLD အစိုးရရဲ့ သုံးနှစ်တာဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်၊ ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဦးလှစော၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်တို့နဲ့အတူ မခင်ဖြူထွေးက ဆွေးနွေးတင်ပြထားပါတယ်။

ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ဘယ်သူတွေ ကယ်တင်မှာလဲ ဧရာဝတီ၊ ဧပြီ ၂၅၊ ၂၀၁၉ ဒီတပတ် Dateline Irrawaddy အစီအစဉ်မှာတော့ ဧရာဝတီ မြစ်ဆုံစီမံကိန်း အရေးနဲ့ ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင် ပညာရှင် ဒေါက်တာမြင့်ဇော်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် တို့နဲ့ အတူ ဧရာဝတီ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

 


အင်တာဗျူ :

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

 

 


 

နောက်ဆုံးရသတင်းများ

ချောင်းသာမြို့ ပါတီမိတ်ဆက်ဆွေးနွေးပွဲ November 9, 2019

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ ချောင်းသာမြို့နယ်တွင် ပြုလုပ် November 9, 2019

နိုင်ငံရေးမဲဆွယ်စည်းရုံးမှုများတွင် လူမှုကွန်ရက်ကို အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက် November 8, 2019

“တပ်မတော်သားမဲရုံများ ပွင့်လင်းမြင်သာရေး” သုံးသပ်ချက်စကားဝိုင်း November 8, 2019

DPNS အင်္ဂပူမြို့နယ် ဒေသခံလူထုနှင့် တွေ့ဆုံပွဲ November 7, 2019

၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက် November 7, 2019

လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုချက်များ ဆွေးနွေးပွဲ November 5, 2019

လူထုအားကိုးမှုရှိခဲ့တဲ့ ပါတီကြီးတစ်ခုက ကတိက၀တ်တွေကို နယ်ကုန်ဆောင်ရွက်သင့်တယ်… (Eleven) November 4, 2019

လူမှုဖူလုံရေးမူဝါဒ ဖော်ဆောင်ရေးဆွေးနွေးပွဲ ပြုလုပ် November 4, 2019

လူမှုဖူလုံရေးစနစ်ဖော်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲ November 2, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ