ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

November 2019
M T W T F S S
« Oct    
 123
45678910
11121314151617
18192021222324
252627282930  

ပါတီလှုပ်ရှားမှုများ

မြောက်ဦးဒေသကို စစ်မဲ့ဇုန်အဖြစ် အမြန်ဆုံးသတ်မှတ်ကြေညာပေးရန် နိုင်ငံရေးပါတီအချို့နှင့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၀၀ ကျော် တောင်းဆို Daily ELEVEN Newspaper(5-6-2019) ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦးဒေသကို စစ်မဲ့ဇုန်အဖြစ် အမြန်ဆုံးသတ်မှတ်ကြေညာပေးရန် နိုင်ငံရေးပါတီအချို့နှင့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က ဇွန် ၂ ရက်တွင် ပူးတွဲသဘောထားကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။ ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းထောင့်ရှိ ရာမခရစ်သျှနာခန်းမတွင် ဇွန် ၂ ရက်က “ရခိုင်အရေးသည် ပြည်ထောင်စုအရေး ဖြစ်သည်”ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်သော နိုင်ငံရေးစကားဝိုင်းတွင် နိုင်ငံင်္ရေးပါတီအချို့နှင့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်တို့က ပူးတွဲသဘောထားကြေညာချက်ထုတ်ပြန်ကာ ထိုသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ရခိုင်အမျိုးသားများအပါအ၀င် တိုင်းရင်းသားများက စစ်ရေးအရ တိုက်ခိုက်နေရခြင်းသည် ဒီမိုကရေစီရေး၊ တန်းတူအခွင့်အရေး ရရှိရေးအတွက် ခုခံတော်လှန်နေကြသော နိုင်ငံရေးပြဿနာများကြောင့်သာဖြစ်ပြီး တိုက်ပွဲများရပ်တန့်ရေးအတွက် အင်အားကြီးသည့် တပ်မတော်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရန်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)ကလည်း အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရန် ...

ရခိုင်ပြည်နယ် လေ့လာရေးခရီးစဉ် သတင်းစာရှင်းလင်းပွဲ မီဒီယာဖော်ပြချက်များ “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်”ဆွေးနွေးပွဲများ၏ နောက်ဆက်တွဲလှုပ်ရှားမှုအဖြစ် အဖွဲ့ဝင် ၁၄ ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၁၇၊ ၆၊ ၂၀၁၉ ရက်နေ့မှ ၂၁၊ ၆၊ ၂၀၁၉ ရက်နေ့အထိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ် များသို့ ရခိုင်ပြည်နယ်လေ့လာရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်။ ခရီးစဉ်အတွင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ် လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ စစ်ဘေးဒုက္ခသည်များနှင့် တွေ့ဆုံပြီး ဒေသတွင်းရှိ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုသမိုင်းအမွေအနှစ်ဆိုင်ရာ ကိစ္စရပ်များကို အမြင်သဘောထားဖလှယ်မှုများ၊ ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။ ၎င်းခရီးစဉ်မှ တွေ့ရှိချက်များအား ၂၇၊၆၊ ၂၀၁၉ တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။ ပုံနှိပ်သတင်းမီယာများတွင် သတင်းစာ ရှင်းလင်းပွဲအကြောင်း ဖော်ပြပါရှိချက်များအား စုစည်း ဖော်ပြလိုက်ပါသည်

AA အဖွဲ့ကို တန်းတူဆွေးနွေးခွင့်ပြုပြီး နှစ်ဖက်အပစ်အခတ်ရပ်စဲရန် လိုအပ်သည်ဟု ဆို ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသော တိုက်ပွဲများနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် သဘောထားကြီးစွာထားပြီး AA အဖွဲ့ကို တန်းတူအသိအမှတ်ပြုကာ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးသင့်ကြောင်း ရခိုင်ဒေသခံဖြစ်သူ ၀ံလက် ဖောင်ဒေးရှင်း(ရခိုင်ပြည်)၏ အမှုဆောင်ဒါရိုက်တာ ခိုင်ကောင်းစံက ဇွန် ၂ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။ “ရခိုင်အရေးသည် ပြည်ထောင်စုအရေး ဖြစ်သည်၊ စစ်ပွဲများ ချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ” ဟူသည့် ခေါင်းစဉ်ဖြင့် နိုင်ငံရေးစကားဝိုင်းကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ရာမခရစ်သျှနာခန်းမတွင် ဇွန် ၂ ရက်နေ့ မွန်းလွဲ ၁ ...

ကျောက်တော်ဒေသခံလူထုနှင့် တွေ့ဆုံပွဲ ဇွန်၊ ၁၉၊ ၂၀၁၉။ ကျောက်တော်မြို့။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့(UNDO)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေး အင်အားစု၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက်(SYCB)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမျာအဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ် ၁၄ ဦး ပါဝင်သည့် ရခိုင်ပြည်နယ်လေ့လာရေးအဖွဲ့သည် ဇွန်လ ၁၉ရက်နေ့နံနက်ပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ အထက်မြတ်လှဲစစ်ဘေးဒုက္ခသည်စခန်း၊ ကျောက်တော်မြို့နယ်ရှိ ဝါးတောင်နှင့် ...

 


ထုတ်ပြန်ချက်များ

သဘောထားထုတ်ပြန်ကြေညာချက် (၂ / ၂၀၁၆)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းထားသည့် အစိုးရသစ်သို့ တိုက်တွန်းအကြံပြုချက်

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၄၀) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း အကြမ်းဖက်ခံရမှု (၁) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

(၁၆) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဗိုလ်အောင်ကျော် နှစ်(၁၀၀)ပြည့် မွေးနေ့ အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

နိုင်ငံရေးအကျဉ်းသားဟောင်း၊ ပြည်မြို့နယ်ပြည်သူ့တိုးတက်ရေးပါတီ အတွင်းရေးမှူး၊ ပြည်ခရိုင် မှိုင်း/ငြိမ်း ကွန်ရက် အတွင်းရေးမှူး ဦးဇော်ဝင်းဈာပနသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းသဝဏ်လွှာ

ပါတီဆိုင်းဘုတ်ကို ပြင်ဆင်ပြောင်းလဲပေးရခြင်းနှင့် ပတ်သက်သည့် ရှင်းလင်းချက် သတင်းထုတ်ပြန်ချက် ( ၁ / ၂၀၁၆)

ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့၏ (၆၆)နှစ်မြောက် ပဒေသရာဇ်ဆန့်ကျင်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

နိုင်ငံရေးအကျဉ်းသားဟောင်း ရဲဘော်ဘဆန်း (ခ) ရဲဘော်ဇော်မြင့် ဈာပနသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်း သဝဏ်လွှာ

 


အမြင်သဘောထား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် First Weekly ဂျာနယ်တို့ အင်တာဗျူး မေး – ၂၀၁၇ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးနဲ့ အခြားပြုပြင်ပြောင်းလဲမူဆိုင်ရာ ကိစ္စရပ်များအပေါ် သဘောထားအမြင် သုံးသပ်ချက် များကို ဖြေကြားပေးစေလိုပါတယ်။ ဖြေ – တစ်ခုလုံးနိုင်ငံရေး အပြောင်းအလဲ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးက ရှေ့ရောက်မလာဘူး။ တိုးတက် မလာဘူး။ တန့်နေတယ်။ တစ်ခါတစ်ခါ နောက်ပြန်လှည့်နေသလား လို့ ကျနော်တော့ခံစားရတယ်။ ဒီမိုကရေစီ ဘောင်က ကျယ်မလာတဲ့အပြင် ကျဉ်း ကျဉ်းလာသလိုပဲ။  မနေ့တစ်နေ့က မန္တလေးရတနာပုံတက္ကသိုလ်က ဆန္ဒပြကျောင်းသားတွေကို ကျောင်းထုတ်လိုက်တဲ့ ကိစ္စဆိုရင် မီဒီယာသမားတွေ ထိန်းသိမ်းခံထားရတဲ့ ကိစ္စဆိုရင်၊ ၆၆(ဃ) ကိစ္စဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ (ကျ ၄၆ – AAPP စာရင်းအရ) ရှိနေသေးတဲ့ကိစ္စဆိုရင် အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီး ...

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့ ဆွေးနွေးချက် ၂၀၁၈ ခုနှစ်ထဲတွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများအနေဖြင့် ဘယ်လိုပြင်ဆင်မှုတွေ ပြုလုပ်နေကြပြီလဲဆိုသည့် အကြောင်းအရာများနှင့် ပတ်သက်၍ MCN TV News ၏ “ မျက်မှောက်ရေးရာ သုံးသပ်စရာအစီအစဉ်”တွင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၏ ဆွေးနွေးချက်များအား ကောက်နုတ်တင်ပြပေးလိုက်ပါသည်။ MCN TV News ။ ဆရာဦးအောင်မိုးဇော်အနေနဲ့ ဆိုရင်ရောဗျ၊ ဆရာတို့ပါတီအနေနဲ့ဆိုရင် ကြားဖြတ် ရွေးကောက်ပွဲမှာ ဘယ်လိုမျိုး ပါဝင်ဖြတ်သန်းမလဲဆိုတာ။ ဦးအောင်မိုးဇော် ။ ကျွန်တော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အနေနဲ့တော့ ကြားဖြတ် ရွေးကောက်ပွဲ မှာ ဝင်မှာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ...

ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ရန်ကုန်တိုင်းကျောက်တံတားမြို့နယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ပြာနှင့်DVB Editorial Talk  အစိုးရ ကတိက၀တ် ဖော်ဆောင်နိုင်မှုအပေါ် သုံးသပ်ချက် DVB : Editorial Talk https://youtu.be/QwdbArO-YvQ

ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် Hot News Journal အင်တာဗျူး ၂၀၁၇၊ နိုဝင်ဘာ ၂၄ ရက်နေ့ထုတ် Hot News Journal (Vol.8 , No.371) တွင် ဖော်ပြပါရှိသည့် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူး (ယခင်အပတ်မှ အဆက်)  အခွန်တွေကောက်ခံမူကို နိုင်ငံတကာမှာ ပွင့်လင်းမြင်သာစွာချပြပေမယ့် ခေတ်အဆက်ဆက်အစိုးရတွေက ပွင့်လင်းမြင်သာစွာ ချပြခဲ့တယ်လို့ မြင်ပါသလား။ သုံးသပ်ပြောကြားပေးပါ။ အမှန်တကယ်တော့ တစ်နှစ်တစ်ခါ ထုတ်ပြန်ပေးရတယ်။ ဝင်ငွေခွန်၊ သုံးစွဲခွန်တွေကို ထုတ်ပြန်ရတယ်။ အဲဒါတွေကို စစ်အစိုးရလက်ထက်မှာ နှစ်တော်တော်ကြာ အဲဒါတွေကို မလုပ်တဲ့အနေအထား ဖြစ်နေတယ်။ အဲဒါ ဆိုရင်တော့ မကောင်းဘူး။ အမှန်တကယ်က နှစ်စဉ်နှစ်တိုင်း လုပ်ရမယ့်ကိစ္စဖြစ်တယ်လို့ ပြောချင်ပါတယ်။  ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေကို အားရကျေနှပ်မူရှိပါသလားခင်ဗျာ။ ကျွန်တော်ထင်တာက လွှတ်တော်ကိုယ်စားလှယ်တော်တော်များများက ဥပမာ ကျွန်တော်တို့ရန်ကင်းကိုယ်စား ...

 


အင်တာဗျူ :

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

 

 


 

နောက်ဆုံးရသတင်းများ

ချောင်းသာမြို့ ပါတီမိတ်ဆက်ဆွေးနွေးပွဲ November 9, 2019

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ ချောင်းသာမြို့နယ်တွင် ပြုလုပ် November 9, 2019

နိုင်ငံရေးမဲဆွယ်စည်းရုံးမှုများတွင် လူမှုကွန်ရက်ကို အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက် November 8, 2019

“တပ်မတော်သားမဲရုံများ ပွင့်လင်းမြင်သာရေး” သုံးသပ်ချက်စကားဝိုင်း November 8, 2019

DPNS အင်္ဂပူမြို့နယ် ဒေသခံလူထုနှင့် တွေ့ဆုံပွဲ November 7, 2019

၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက် November 7, 2019

လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုချက်များ ဆွေးနွေးပွဲ November 5, 2019

လူထုအားကိုးမှုရှိခဲ့တဲ့ ပါတီကြီးတစ်ခုက ကတိက၀တ်တွေကို နယ်ကုန်ဆောင်ရွက်သင့်တယ်… (Eleven) November 4, 2019

လူမှုဖူလုံရေးမူဝါဒ ဖော်ဆောင်ရေးဆွေးနွေးပွဲ ပြုလုပ် November 4, 2019

လူမှုဖူလုံရေးစနစ်ဖော်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲ November 2, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ