ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

November 2019
M T W T F S S
« Oct    
 123
45678910
11121314151617
18192021222324
252627282930  

ပါတီလှုပ်ရှားမှုများ

ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၈၃ နှစ်ပြည့် အခမ်းအနားတက်ရောက် ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၈၃ နှစ်ပြည့် အခမ်းအနားနှင့် မျိုးဆက်အသီးသီးတွေ့ဆုံပွဲကို ၂၀၁၉၊ မေလ၊ ၈ ရက်နေ့ နံနက်ပိုင်းတွင် တောင်ဥက္ကလာပ စိတ်တိုင်းကျစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနာတွင် ၁၉၆၂၊ ၁၉၇၄-၇၅၊ ၁၉၈၈၊ ၁၉၉၆ ကျောင်းသားသမဂ္ဂမျိုးဆက်များက ၎င်းတို့၏ သဘောထားအမြင်များကို တင်ပြခဲ့ကြပါသည်။ DPNS ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းကလည်း ၁၉၇၄-၇၅ ကျောင်းသားများကိုယ်စား တခုတည်းသော ဗကသများအဖွဲ့ချုပ် ဖြစ်ထွန်းပေါ်ပေါက်ရေး သဘောထားအမြင်နှင့် လုပ်ဆောင်သင့်သည်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။

ဒီမိုကရေစီရေး လုပ်ဖော်ကိုင်ဘက်များနှင့် ၂၀၀၈ ခြေ/ဥ အနှစ်သာရပြုပြင်ပြောင်းလဲရေးဆိုင်ရာများ ဆွေးနွေး ဒီမိုကရေစီရေး လုပ်ဖော်ကိုင်ဘက်များသည် မေလ ၇ ရက်နေ့တွင် DPNS ပါတီဌာနချုပ်ရုံးသို့ လာရောက်၍ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် တွေ့ဆုံကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အနှစ်သာရပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ထိုသို့ဆွေးနွေးရာတွင် ဒီမိုကရေစီရေးလုပ်ဖော်ကိုင်ဘက်များက ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာ ဆွေးနွေးပွဲမှ စုစည်းရရှိချက်များ၊ ရည်ရွယ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြပြီး ပါတီတာဝန်ရှိသူများကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ အနှစ်သာရ ပြောင်းလဲရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်သည့်ကိစ္စများကို ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။

SYCB ၏ လူငယ်စွမ်းရည်မြှင့်တင်ရေး သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနား တက်ရောက် မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (SYCB)၏ လူငယ်စွမ်းရည်မြှင့်တင်ရေး Youth Training Center (YTC) သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉၊ မေ ၅ ရက်နေ့ ညနေပိုင်းတွင် SYCB ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားကို မိတ်ဖက်လူငယ်အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ၊ ကျောင်းသားလူငယ်အင်အားစုများ၊ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (SYCB)၏ ကျောင်းသားဟောင်းနှင့် နိုင်ငံရေးအင်အားစုအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြပြီး ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းနှင့် လူ့ဘောင်သစ်လူငယ် အတွင်းရေးမှူး ကိုမျိုးစောတို့က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပါသည်။ ဦးတိုးတိုးထွန်းက အမှတ်တရစကား ပြောကြားရာတွင် SYCB ၏ သမိုင်းကြောင်း၊ မူဝါဒနှင့် ဦးတည်ချက် လုပ်ငန်းစဉ်များ ဖြစ်ပေါ်လာပုံ၊ မူလရည်ရွယ်ချက်ဖြစ်သည့် တိုင်းရင်းသားလူငယ်များ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ...

အလုပ်သမားအရေး လှုပ်ရှားနေသော အဖွဲ့များမှ ခေါင်းဆောင်များနှင့် တွေ့ဆုံ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး၊ အလုပ်သမားရေးရာ ကော်မတီတာဝန်ခံ ဦးငွေလင်း၊ ရန်ကုန်တိုင်း အလုပ်သမားရေးရာကော်မတီဝင် ဦးမျိးထွဋ်တို့သည် ၂၀၁၉၊ မေလ ၅ ရက် နေ့လည်ပိုင်းတွင် လှိုင်သာယာမြို့နယ်ရှိ တို့မျိုးဆက်ကွန်ရက်ရုံးသို့ သွားရောက်၍ We Generation Network၊ All Myanmar Trade Unions Network တို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့ တွေ့ဆုံရာတွင် အလုပ်သမားဥပဒေများ၏ အားနည်းချက်ကြောင့် အလုပ်သမားအခွင့်အရေး ဆုံးရှုံးနစ်နာနေရမှုများ၊ အလုပ်သမားထု သွေးစည်းညီညွတ်မှုဖြင့် အလုပ်ရှင်နှင့် အာဏာပိုင်တို့၏ မတရားဖိနှိပ်မှုများအား ခုခံကာကွယ်ပြီး ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်နေကြရသည့်အခြေအနေများ စသည့် အလုပ်သမားရေးရာကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

 


ထုတ်ပြန်ချက်များ

” ကျွန်းပြန်ရဲဘော်ကြီး ဦးချို ၏ ဈာပနအခမ်း အနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ၏ သဝဏ်လွှာ “

” လက်ပံတန်း အကြမ်းဖက်မှု ၁၀း၁၀ (၂)နှစ်ပြည့် “

တကသ အဆောက်အဦ ပြန်လည်တည်ဆောက်ရေးကိစ္စအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားအား

ပြည်ထောင်စုနေ့အထိမ်းအမှတ် သဘောထားကြေငြာချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရခြင်းအပေါ် သဘောထား ထုတ်ပြန်ချက် (၂/၂၀၁၇)

အမျိုးသားအင်အားစုအသီးသီး၏ ငြိမ်းချမ်းရေးသဘောထား တင်ပြချက်

လက်ပန်တောင်း အာဇာနည် ဒေါ်ခင်ဝင်း ကျဆုံးခြင်း (၂)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ပါတီ တည်ထောင်ခြင်း (၂၈)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပါတီ၏ သဘောထားကြေညာချက်

ဦးအောင်ထိုက်(စိတ်တိုင်းကျ) ဈာပနအခမ်းအနားသို့ ပေးပို့သော ၀မ်းနည်းသ၀ဏ်လွှာ

မိတ်ဆွေအင်အားစုများဆက်ဆံရေးနှင့်ပတ်သက်သည့် သဘောထားထုတ်ပြန်ချက် ၅/၂၀၁၆

 


အမြင်သဘောထား

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဒေါက်တာရန်မျိုးသိမ်း၏ ဆွေးနွေးချက် အပိုင်း(၁) ဖေဖ်ာဝါရီ ၇၊ ၂၀၁၉ တွင် ကျင်းပခဲ့သော “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဒေါက်တာရန်မျိုးသိမ်း၏ ဆွေးနွေးချက် အပိုင်း(၁)

ဖေဖ်ာဝါရီ ၇၊ ၂၀၁၉ တွင် ကျင်းပခဲ့သော “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ မန်းကျော်ငြိမ်း၏ ဆွေးနွေးချက် ဖေဖ်ာဝါရီ ၇၊ ၂၀၁၉ တွင် ကျင်းပခဲ့သော “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ မန်းကျော်ငြိမ်း၏ ဆွေးနွေးချက်

သခင်ကိုယ်တော်မှိုင်း ၁၄၂ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ၏ အမှတ်တရစကား ၂၀၁၈၊ မတ်လ ၂၃ ရက်နေ့က ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ကျင်းပသည့် သခင်ကိုယ်တော်မှိုင်း ၁၄၂ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ပြောကြားသည့် အမှတ်တရစကား။ ဒီအခမ်းနားမှာ စကားပြောခွင့်ရအောင် စီစဉ်ပေးတဲ့ လူပုဂ္ဂိုလ်အားလုံးကို အထူးကျေးဇူးတင်ပါတယ်လို့ ဦးစွာပြောလိုပါတယ်။ ဒုတိယတစ်ခုအနေနဲ့ ပြောလိုတာကတော့ ခုကြွရောက်လာကြတဲ့ ဆရာတော်၊သံဃာတော်တွေနဲ့တကွ ကြွရောက်လာကြတဲ့ ရဲဘော်ရဲဘက်တွေအားလုံးကို အခုလိုတွေရတဲ့အတွက် ကျွန်တော်ဝမ်းသာတယ်။ နောက်မင်္ဂလာပါလို့လည်း နှုတ်ခွန်းဆက်ချင်ပါတယ်။ တတိယ ကျွန်တော်ပြောချင်တာက ခုန ကိုအောင်စောဦးကတော့ ငြိမ်းချမ်းရေးကိစ္စတွေနဲ့ ပတ်သက်လို့ တော်တော်ပြည့်ပြည့်စုံစုံ ကျွန်တော်တို့ ဆင်ခြင်စရာကိစ္စတွေကို တော်တော်လေးပြောသွားပါတယ်။ ဒီနေ့ကာလမှာ ဆရာကြီးမွေးနေ့ဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်း တစ်စုံတရာပြောဖို့လိုမယ်။ ကနေ့လုပ်နေကိုင်နေကြတဲ့ ငြိမ်းရေးဖြစ်စဉ်ပေါ့။ ကနေ့လုပ်နေကိုင်နေကြတဲ့ NCA ကိစ္စပေါ့။ အဲဒါကိုတော့ ကျွန်တော်တို့ပါတီရဲ့ ...

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

 


အင်တာဗျူ :

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

 

 


 

နောက်ဆုံးရသတင်းများ

ချောင်းသာမြို့ ပါတီမိတ်ဆက်ဆွေးနွေးပွဲ November 9, 2019

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ ချောင်းသာမြို့နယ်တွင် ပြုလုပ် November 9, 2019

နိုင်ငံရေးမဲဆွယ်စည်းရုံးမှုများတွင် လူမှုကွန်ရက်ကို အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက် November 8, 2019

“တပ်မတော်သားမဲရုံများ ပွင့်လင်းမြင်သာရေး” သုံးသပ်ချက်စကားဝိုင်း November 8, 2019

DPNS အင်္ဂပူမြို့နယ် ဒေသခံလူထုနှင့် တွေ့ဆုံပွဲ November 7, 2019

၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက် November 7, 2019

လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုချက်များ ဆွေးနွေးပွဲ November 5, 2019

လူထုအားကိုးမှုရှိခဲ့တဲ့ ပါတီကြီးတစ်ခုက ကတိက၀တ်တွေကို နယ်ကုန်ဆောင်ရွက်သင့်တယ်… (Eleven) November 4, 2019

လူမှုဖူလုံရေးမူဝါဒ ဖော်ဆောင်ရေးဆွေးနွေးပွဲ ပြုလုပ် November 4, 2019

လူမှုဖူလုံရေးစနစ်ဖော်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲ November 2, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ