ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၂၅၁)၊ တတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၉၅) ဝ၉၂၅၀၅၆၆၀၁၈
အီးမေးလ် - hqdpns@gmail.com
Facebook - Democratic Party for a New Society

နောက်ဆုံးရသတင်းများ

ငြိမ်းချမ်းရေးသဘောထားတင်ပြချက်များ အကောင်အထည်ဖော်ရေးအစည်းအဝေး February 4, 2017

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရခြင်းအပေါ် သဘောထား ထုတ်ပြန်ချက် (၂/၂၀၁၇) January 30, 2017

SoDem အဖွဲ့ဝင်များ DPNS ရုံးသို့လာရောက်လေ့လာဆွေးနွေး January 23, 2017

အာလုံးပါဝင်သောမူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ(တတိယနေ့) January 20, 2017

အာလုံးပါဝင်သောမူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ(ဒုတိယနေ့) January 19, 2017

အာလုံးပါဝင်သောမူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ(ပထမနေ့) January 18, 2017

မှိုင်း-ငြိမ်းကွန်ရက်(မြောင်းမြ)ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးကျင်းပ January 15, 2017

မှိုင်း-ငြိမ်းကွန်ရက်(လပွတ္တာ)ဖွဲ့စည်းရေးအကြိုညှိနှိုင်းအစည်းအဝေးကျင်းပ January 15, 2017

လူ့ဘောင်သစ်လူငယ်နှင့် NNER တွေ့ဆုံဆွေးနွေးပွဲ January 14, 2017

လူ့ဘောင်သစ်လူငယ် နှင့် မှိုင်း ငြိမ်းချမ်းရေးကွန်ရက် တို့တွေ့ဆုံဆွေးနွေး January 13, 2017


အမြင်သဘောထား


ထုတ်ပြန်ချက်များ

Myanmar Venner သစ်အချောထည်စက်ရုံ အလုပ်သမားသပိတ်နှင့် ပတ်သက်သော သဘောထားထုတ်ပြန်ချက် (၃ / ၂၀၁၆) ၁။ အလုပ်သမား တစ်ရာကျော် တဘက်သတ် အလုပ်ထုတ်ခံရသည့်အတွက် ကန့်ကွက် ဆန္ဓပြ တောင်းဆိုကြသည့် စစ်ကိုင်း၊ ပတ္တမြားစက်မှုဇုန် Myanmar Venner သစ်အချောထည်စက်ရုံ အလုပ်သမား များသည် စစ်ကိုင်းမှ နေပြည်တော်သို့ ခြေလျှင်ခရီး သပိတ်မှောက် ချီတက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂။ အလုပ်သမားများ၏တောင်းဆိုချက် (၆)ချက်မှာ အခြေခံကျသော ရပိုင်ခွင့်များသာဖြစ်လျက် တရားမျှတသော တောင်းဆိုချက်များအဖြစ် မိမိတို့ပါတီက အပြည့်အဝ ထောက်ခံပါသည်။ ၃။ ...

သဘောထားထုတ်ပြန်ကြေညာချက် (၂ / ၂၀၁၆) သဘောထားထုတ်ပြန်ကြေညာချက် (၂ / ၂၀၁၆) ၁။ လွတ်မြောက်လာသော ကျောင်းသားများ၊ ၀န်းရံပြည်သူများ၊ တက်ကြွလှုပ်ရှားသူများကို မိမိတို့ လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီက လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုနှုတ်ခွန်းဆက်ပါသည်။ ၂။ ထိုသို့ လွတ်မြောက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသေးသည့် ရဲဘော်များ လွတ်မြောက် ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းနေသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အစိုးရသစ်၏ အားထုတ်မှုများအပေါ် မိမိတို့ပါတီက လေးစားအသိအမှတ်ပြုပါသည်။ ၃။ ပြန်လည်လွတ်မြောက်လာပြီး (၉၊၄၊၂၀၁၆) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်ပါ ရပ်တည်ချက်များနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်း ဆောင်များ၏ တရားဝင် ထုတ်ဖေါ်ပြောကြားချက်များကို မိမိတို့ပါတီက အပြည့်အ၀ ထောက်ခံပါသည်။ ၄။ ကျောင်းသားထုနှင့် လူမျိုးစုံမြန်မာပြည်သူတရပ်လုံး၏ ရေရှည်အကျိုးကို အပြည့်အ၀အာမခံသည့် အမျိုးသားပညာ ရေးဥပဒေတရပ် ...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းထားသည့် အစိုးရသစ်သို့ တိုက်တွန်းအကြံပြုချက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းထားသည့် အစိုးရသစ်သို့ တိုက်တွန်းအကြံပြုချက် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းလိုက်သည့် အစိုးရသစ် ကို မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက နွေးထွေးစွာ ကြိုဆိုပါသည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရရှိခဲ့ခြင်းနှင့် အစိုးရ သစ်ကို ယခုကဲ့သို့ ဦးဆောင်ဖွဲ့စည်းနိုင်ခဲ့ခြင်းတို့သည် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တို့၏ စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်မှုများကြောင့်ဖြစ်သလို လူထုလူတန်းစားအသီးသီးနှင့် လူမျိုးစုံပြည်သူတို့၏ ဒီမိုကရေစီရေးတိုက်ပွဲတလျှောက်လုံး ဘ၀ပေါင်းများစွာ၊အသက်ပေါင်းများစွာ ပေးဆပ်စွန့်လွှတ်ကာ မဆုတ်မနစ် ရုန်းကန်တိုက်ပွဲ ၀င်ခဲ့မှုများကြောင့်လည်း ဖြစ်သည်ဟု မိမိတို့ပါတီက ခံယူပါသည်။ အစိုးရသစ်အနေဖြင့် ပြည်သူလူထုတရပ်လုံးနှင့် နိုင်ငံတကာ၏ ထောက်ခံဝန်းရံမှုများ၊ မျှော်လင့်မှုများကို ရရှိပိုင်ဆိုင်ထား နိုင်သည့်အတွက် မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်ဂုဏ်ယူပါသည်။ ဤသို့သော ထောက်ခံဝန်းရံမှုမျိုးသည် အစိုးရတရပ် အဖို့ တန်ဖိုးဖြတ်၍မရသော ...

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၄၀) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ (၁၆) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ (မူကြမ်း) ၁။ ကယန်းပြည်သူတို့၏ ကယန်းအမျိုးသားထုတရပ်လုံးကို နွေးထွေးလှိုက်လှဲစွာ နှုတ်ခွန်း ဆက်သအပ်ပါသည်။ အမျိုးသားပေါင်းစည်းမှု အောင်မြင်ခြင်းအမှတ်အသားဖြစ်သည့် ကယန်းအမျိုးသားနေ့ အခါ သမယတွင် မိမိတို့ပါတီက ဤဂုဏ်ပြုသဝဏ်လွှာဖြင့် ၂။ ကယန်းအမျိုးသားပြည်သူတို့ သမိုင်းတလျှောက် စွဲမြဲခိုင်မာစွာ ကိုင်စွဲခဲ့ကြသည့် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့် ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ စစ်အာဏာရှင်စံနစ် အကုန်အစင် ဖျက်သိမ်းရေး စသည့် ရပ်တည် ချက်များကို မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ပြည့်ပြည့်ဝဝ ထောက်ခံပါကြောင်း ...


ပါတီလှုပ်ရှားမှုများ

(၂၁)ရာစုပင်လုံဒုတိယအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့တက်ရောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇၊ မေလ ၂၄ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ MICC II ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

DPNS နှင့် YNS အစည်းအဝေးကျင်းပ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များနှင့် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များသည် ၂၀၁၇၊ မေလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် အစည်းအဝေး ပြုလုပ်ခဲ့ကြပါသည်။ အစည်းအဝေးတွင် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များက ၎င်းတို့၏ ဆောင်ရွက်ထားမှုများ၊ လက်တွေ့လုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့် အခြေအနေများ၊ စိန်ခေါ်မှုများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ပါတီခေါင်းဆောင်များကလည်း လိုအပ်ချက်များကို ပြန်လည်အကြံပြု ဆွေးနွေးပေးခဲ့ကြပါသည်။

IRI ၏ နိုင်ငံရေးပါတီအကယ်ဒမီသင်တန်းတက်ရောက် IRI က စီစဉ်ကျင်းပသည့် နိုင်ငံရေးပါတီအကယ်ဒမီသင်တန်းကို ၁၂၊၅၊၁၇ ရက်နေ့တွင် ဘားအံမြို့ သီရိဘားအံဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ သင်တန်းတွင် နိုင်ငံရေးပါတီများ၏ အခြေခံအုတ်မြစ် အားကောင်းခိုင်မာရေး၊ ရွေးကောက်ပွဲကြားကာလ လုပ်ငန်းစဉ်များ၊ ပါတီရုံးခွဲများ၏ လုပ်ငန်းများ၊ ပြည်သူဗဟိုပြု လုပ်ငန်းများ၊ မည်သို့မည်ပုံ ချဉ်းကပ်လုပ်ဆောင်မည့်အချက်များ၊ ပါတီတရပ် ရပ်တည်ရှင်သန်ကြီးထွားရေးနှင့် သက်ဆိုင်သောအချက်များ၊ မဲဆန္ဒရှင်များနှင့် ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေးလုပ်ငန်းများ၊ မဲဆွယ်ရေးလုပ်ငန်းများအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ သင်တန်းသို့ လူ့ဘာင်သစ်ဒီမိုကရက်တစ်ပါတီ(ဘားအံမြို့နယ်) အပါအဝင် နိုင်ငံရေးပါတီများ တက်ရောက်ခဲ့ကြပါသည်။

SocDem Asia ၏ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းတက်ရောက် SocDem Asia ၏ စီစဉ်မှုဖြင့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင်ပြုလုပ်သော နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းကို မြန်မာနိုင်ငံမှ ကိုမျိုးစော့ (လူ့ဘောင်သစ်လူငယ်)နှင့် ကိုစိုင်းလောင်ကွန်း( SNLD)တို့ တက်ရောက်လျက်ရှိပါသည်။ ၁၁၊ ၅၊ ၁၇ ရက် နေ့လည်ပိုင်းတွင် ဖိလစ်ပိုင်အောက်လွှတ်တော်သို့ သွားရောက် လေ့လာခဲ့ရာ အောက်လွှတ်တော်တာဝန်ရှိသူတစ်ဦးက ဖိလစ်ပိုင်နိုင်ငံ၏ ဥပဒေပြုပုံအဆင့်ဆင့်၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ပါတီကြား ဆက်ဆံရေး၊ ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံရေးအခြေအနေအကျဉ်းတို့ကို ရှင်းပြဆွေးနွေးပေးခဲ့ပါသည်။


အင်တာဗျူ :


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ