ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

November 2019
M T W T F S S
« Oct    
 123
45678910
11121314151617
18192021222324
252627282930  

ပါတီလှုပ်ရှားမှုများ

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB ဖွဲ့စည်းခြင်း ၁၇ နှစ်ပြည့် အခမ်းအနား အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB ဖွဲ့စည်းခြင်း ၁၇ နှစ်ပြည့် အခမ်းအနားကို ၉၊၁၂၊၁၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ ယုဇနဟိုတယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် WLB တာဝန်ရှိသူများက ဖြတ်သန်းခဲ့ရသည့် အခြေအနေများကို ပြောကြားခဲ့ကြပြီး တက်ရောက်လာသည့် ဧည့်သည်တော်များကလည်း အမှတ်တရစကားများ ပြောကြားပေးခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဒေါ်နိုးနိုးထက်စံကလည်း ဂုဏ်ပြုအမှတ်တရစကား ပြောကြားပေးခဲ့ပါသည်။

Democratic Education Corner-DEC က စီစဉ်ကျင်းပသော “ကလေးများနှင့် သူတို့၏ လူ့အဖွဲ့အစည်းအား ဆန်းစစ်ခြင်း” ပညာရေးဟောပြောဆွေးနွေးပွဲ Democratic Education Corner-DEC က စီစဉ်ကျင်းပသော “ကလေးများနှင့် သူတို့၏ လူ့အဖွဲ့အစည်းအား ဆန်းစစ်ခြင်း” ပညာရေးဟောပြောဆွေးနွေးပွဲကို ၉၊၁၂၊၁၆ ရက်နေ့လည်ပိုင်းက ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ လူ့အဖွဲ့အစည်းအနေဖြင့် ကလေးများအပေါ် ထားရှိသင့်သည့် သဘောထား၊ဆက်ဆံရေးနှင့် ရည်မှန်းချက်များ၊ သိမ်ငယ်ကြောက်ရွံ့ခြင်းနှင့် အမုန်းတရားတို့မှ ကင်းဝေးသော ကလေးငယ်များအဖြစ် ရှင်သန်ကြီးပြင်းခွင့်ရရန် ဆောင်ရွက်ပေးသင့်သည့်အချက်များ စသည်တို့ကို ဒေါက်တာသိန်းလွင်က ပညာရေးရှုထောင့်မှလည်းကောင်း၊ ဒေါက်တာညိုညိုသင်းက ဥပဒေနှင့် နိုင်ငံရေး ရှုထောင့်မှလည်းကောင်း၊ ဦးအောင်မျိးမင်းက ကလေးအခွင့်အရေးနှင့် လူ့အခွင့်အရေးရှုထောင့်မှလည်းကောင်း ဟောပြောဆွေးနွေးပေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်တင်တင်ချိုလည်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင်များနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်သစ်များတွေ့ဆုံခြင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင်များနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်သစ်များသည် ၇၊ ၁၂၊ ၁၆ ရက် နေ့လည်ပိုင်းက တောင်ဥက္ကလာပ စိတ်တိုင်းကျစားသောက်ဆိုင်၌ တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဗကသ ဗဟိုလုပ်ငန်းကော်မတီအသစ်ကို ကြိုဆိုကြောင်း မှိုင်းငြိမ်းကွန်ရက်၏ သဘောထားထုတ်ပြန်ချက်ကို ပေးအပ်ခဲ့ပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်ခဲ့သည့် ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကို ဆက်ခံပြီး မှိုင်းငြိမ်းကွန်ရက်ကို ဖွဲ့စည်းခဲ့ကြောင်း၊ ဆရာကြီး၏ သူမနာကိုယ်မနာ ငြိမ်းချမ်းရေးအယူအဆအပေါ် ရပ်တည်ပြီး ကွန်ရက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ လက်နက်ကိုင်တိုက်ပွဲများ ရပ်ရုံမျှဖြင့် ငြိမ်းချမ်းရေးရပြီဟု ယူဆ၍မရကြောင်း နှင့် လက်ရှိနိုင်ငံရေး အခြေအနေများကို မှိုင်းငြိမ်းကွန်ရက်အဖွဲ့ဝင်များက သုံးသပ်ဆွေးနွေး တင်ပြခဲ့ကြသည်။ ဗကသ ဗဟိုလုပ်ငန်းကော်မတီဝင်များကလည်း လတ်တလော ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ...

မန္တလေးတိုင်းဒေသကြီး၊ငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲ ဒုတိယနေ့ ငြိမ်းဖောင်ဒေးရှင်း၏ စီစဉ်မှုဖြင့် ကျင်းပသော မန္တလေးတိုင်းဒေသကြီး၊ ငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲ ဒုတိယနေ့ကို ၆၊ ၁၂၊ ၁၆ ရက်နေ့က မန္တလေးမြို့ရှိ Hotel Iceland တွင် ပြုလုပ်ခဲ့ပါသည်။ ထိုနှီးနှောဖလှယ်ပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်ဒေါ်မေဖြူဆွေ၊ မန္တလေးတိုင်းစည်းရုံးရေးကော်မတီဝင် ဦးဇော်ဝင်း၊ ဦးသန်းထွန်းအောင် နှင့် တံတားဦး၊ ဆားလင်းကြီး၊ ယင်းမာပင်မြို့နယ်တို့မှ DPNS ပါတီဝင်များ၊ လူ့ဘောင်သစ်လူငယ်များ တက်ရောက်ခဲ့ကြပါသည်။

 


ထုတ်ပြန်ချက်များ

တကသအဆောက်အဦးနှင့်ပတ်သတ်သည့် သဘောထားထုတ်ပြန်ချက်

မန္တလေးတောင်သူလယ်သမားသမဂ္ဂပေါင်းစုံသပိတ်နှင့် ပတ်သက်သော ပါတီသဘောထားကြေညာချက် (၄/ ၂၀၁၇)

” (၅၅)နှစ်မြောက် ၇-ဇူလိုင် အောက်မေ့ဘွယ် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် DPNS ဗဟိုစည်းရုံးရေး​ကော်မတီ၏ သဝဏ်လွှာ “

သခင်ဗဟိန်း နှစ်တစ်ရာပြည့်အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဂုဏ်ပြုသဝဏ်လွှာ

ဇွန် ၆ အလုပ်သမားသပိတ် (၄၃) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့DPNSမှပေးပို့သောသဝဏ်လွှာ

၁၂၇ နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ

ဗိုလ်မှူးကြီးစောလွင်(ကယန်းပြည်သစ်ပါတီ)ကွယ်လွန်ခြင်းအတွက်ဝမ်းနည်းသဝဏ်လွှာ

ကယန်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ပေးပို့သည့်သဝဏ်လွှာ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နှင့်အင်အားစုပေါင်း (၃၀)က ပူးတွဲ သဘောထား ကြေညာချက်

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၄၁)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားများသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ပြုပေးပို့သော သဝဏ်လွှာ

 


အမြင်သဘောထား

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးစိုင်းညွန့်လွင်၏ ဆွေးနွေးချက် အပိုင်း(၂) “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးစိုင်းညွန့်လွင်၏ ဆွေးနွေးချက် အပိုင်း(၂)

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးစိုင်းညွန့်လွင်၏ ဆွေးနွေးချက် အပိုင်း(၁) “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးစိုင်းညွန့်လွင်၏ ဆွေးနွေးချက် အပိုင်း(၁)

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးငွေလင်း၏ ဆွေးနွေးချက် “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးငွေလင်း၏ ဆွေးနွေးချက်

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဒေါက်တာရန်မျိုးသိမ်း၏ ဆွေးနွေးချက် အပိုင်း(၂) “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဒေါက်တာရန်မျိုးသိမ်း၏ ဆွေးနွေးချက် အပိုင်း(၂)

 


အင်တာဗျူ :

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

 

 


 

နောက်ဆုံးရသတင်းများ

ချောင်းသာမြို့ ပါတီမိတ်ဆက်ဆွေးနွေးပွဲ November 9, 2019

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ ချောင်းသာမြို့နယ်တွင် ပြုလုပ် November 9, 2019

နိုင်ငံရေးမဲဆွယ်စည်းရုံးမှုများတွင် လူမှုကွန်ရက်ကို အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက် November 8, 2019

“တပ်မတော်သားမဲရုံများ ပွင့်လင်းမြင်သာရေး” သုံးသပ်ချက်စကားဝိုင်း November 8, 2019

DPNS အင်္ဂပူမြို့နယ် ဒေသခံလူထုနှင့် တွေ့ဆုံပွဲ November 7, 2019

၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက် November 7, 2019

လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုချက်များ ဆွေးနွေးပွဲ November 5, 2019

လူထုအားကိုးမှုရှိခဲ့တဲ့ ပါတီကြီးတစ်ခုက ကတိက၀တ်တွေကို နယ်ကုန်ဆောင်ရွက်သင့်တယ်… (Eleven) November 4, 2019

လူမှုဖူလုံရေးမူဝါဒ ဖော်ဆောင်ရေးဆွေးနွေးပွဲ ပြုလုပ် November 4, 2019

လူမှုဖူလုံရေးစနစ်ဖော်ဆောင်ရေး အလုပ်ရုံဆွေးနွေးပွဲ November 2, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ