ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

October 2019
M T W T F S S
« Sep    
 123456
78910111213
14151617181920
21222324252627
28293031  

ပါတီလှုပ်ရှားမှုများ

ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ခံရခြင်း ၂ နှစ်ပြည့် ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ခံရခြင်း ၂ နှစ်ပြည့်အခမ်းအနားကို ၁၀၊၃၊၁၇ ရက်နေ့ နံနက် ၁၀:၁၀ နာရီအချိန်တွင် လက်ပံတန်းမြို့၊ အောင်မြေဗိမာန်ကျောင်းတိုက်၌ ဗကသများအဖွဲ့ချုပ်က ဦးစီးကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ဗကသများအဖွဲ့ချုပ်မှ ကိုမင်းသူရှိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အောင်မြေဗိမာန် ကျောင်းထိုင်ဆရာတော်က ဩဝါဒကထာ မြွက်ကြားပေးခဲ့ပါသည်။ ထို့နောက် အဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသော သဝဏ်လွှာများ ဖတ်ကြားခဲ့ပြီး သပိတ်တွင် ပါဝင်ခဲ့သူများကလည်း အမှတ်တရစကား ပြောကြားပေးခဲ့ကြပါသည်။ အခမ်းအနားသို့ ဗကသများအဖွဲ့ချုပ်၊ အကသ၊ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လူငယ်ကဗျာဆရာများသမဂ္ဂ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ကျောင်းသားမိဘများ၊ သပိတ်တွင် ပါဝင်ခဲ့သူများ၊ ဒေသခံများ တက်ရောက်ခဲ့ကြပါသည်။

တကသအဆောက်အဦ ပြန်လည်တည်ဆောက်ရေး အစည်းအဝေး တကသအဆောက်အဦ ပြန်လည်တည်ဆောက်ရေးအတွက် ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းရန် အစည်းအဝေးကို၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၈)ရက်နေ့တွင် ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် နံနက်(၁၀)နာရီမှ ညနေ(၄)နာရီခန့်အထိ ကျင်းပခဲ့ရာ မျိုးဆက်အသီးသီးမှ သမဂ္ဂကျောင်းသားများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ တက်ရောက်ဆွေးနွေးခဲ့ကြသော ၁၉၅၃-၂၀၁၇ ကျောင်းသားမျိုးဆက်များက တနိုင်ငံလုံးရှိ တက္ကသိုလ်၊ ကောလိပ်ကျောင်းများ အားလုံးတွင် သမဂ္ဂ၏ တရားဝင်တည်ရှိမှုအား တစုံတရာ အာမခံချက် ရရှိပြီးမှသာ ကော်မတီဖွဲ့စည်းရေးအတွက် ကျယ်ပြန့်သည့် အစည်းအဝေးများ ပြုလုပ်ခြင်း က လက်တွေ့ကျပြီး ပိုမိုအကျိုးဖြစ်ထွန်းနိုင်လိမ့်မည်ဟု ၎င်းတို့အားလုံး၏ သဘောထားကို ဖေါ်ပြ ဆွေးနွေးခဲ့ကြသည်။

ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု အစည်းအဝေး ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုအတွက် ဆွေးနွေးတိုင်ပင်သည့်အစည်းအဝေးကို ၂၇၊၂၊၁၇ ရက်နေ့လည်ပိုင်းတွင် လူ့ဘောင်သစ်လူငယ်ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လွိုင်ကော်ခရီးစဉ် ဆွေးနွေးရရှိချက်များနှင့် လုပ်ငန်းစဉ်များ၊ ပန်ဆန်းညီလာခံအပေါ် သုံးသပ်ချက်၊ မြန်မာ့ငြိမ်းချမ်းရေး ရှေ့အလားအလာများ၊ တကသအဆောက်အဦ ပြန်လည်ဆောက်လုပ်မည့်ကိစ္စအပေါ် သဘောထားတို့ကို ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ်လူငယ်၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုခရီးစဉ် ဦးငွေလင်းနှင့် ဒေါ်နှင်းနှင်းမွှေး(DPNS)၊ ကိုကောင်းထက်ကျော် (ABFSU)၊ ဦးထွန်းဝင်းငြိမ်း(မှိုင်း-ငြိမ်းကွန်ရက်)၊ ကိုသီဟဝင်းတင်(SDUF) တို့သည် ငြိမ်းချမ်းရေးလှုပ်ရှားမှုခရီးစဉ်အဖြစ် ၁၆၊၂၊၁၇ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ ရောက်ရှိခဲ့ကြပါသည်။ ထိုနေ့ နံနက်ပိုင်းတွင် ကလလတခေါင်းဆောင်များနှင့်လည်းကောင်း၊ ညနေပိုင်းတွင် ကယန်းပြည်သစ်ပါတီဥက္ကဋ္ဌနှင့်လည်းကောင်း၊ ၁၇၊၂၊၁၇ ရက်နေ့နံနက်ပိုင်းတွင် ကရင်နီပြည် လူငယ်များသမဂ္ဂ တာဝန်ရှိသူများနှင့်လည်းကောင်း၊ နေ့လည်ပိုင်းတွင် ကယန်းမျိုးဆက်သစ်လူငယ် ခေါင်းဆောင်များနှင့်လည်းကောင်း တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့ တွေ့ဆုံရာတွင် မြန်မာ့နိုင်ငံရေး၊ ငြိမ်းချမ်းရေး လက်ရှိအခြေအနေများကို ဆွေးနွေးသုံးသပ်၍ ရှေ့လုပ်ငန်းစဉ်များကို တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေပိုင်းတွင် ကယန်းအမျိုးသားခေါင်းဆောင်ကြီး ဦးရွှေအေး၏ဇနီးကိုလည်း သွားရောက်ဂါရဝပြု နှုတ်ဆက်ခဲ့ကြပါသည်။

 


ထုတ်ပြန်ချက်များ

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (၂၉)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

ပါတီ တည်ထောင်ခြင်း (၂၉)နှစ်မြောက်နေ့ သဘောထားထုတ်ပြန်ချက် (၇/ ၂၀၁၇)

မိမိတို့တိုင်းပြည်အတွင်းလက်ရှိဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်အပေါ် သဘောထား ထုတ်ပြန်ချက်(၆/၂၀၁၇)

လက်ရှိ နိုင်ငံရေးအခြေအနေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ သတင်းထုတ်ပြန်ချက်(၂၉.၈.၂၀၁၇)

၆၇ နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ

(၂၉) နှစ်မြောက် ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၄၆ နှစ်မြောက် ကိုကိုးကျွန်း ပြည်သူ့သူရဲကောင်းများနေ့သို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၅၃)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ပေးပို့သောသဝဏ်လွှာ

တကသအဆောက်အဦးနှင့်ပတ်သတ်သည့် သဘောထားထုတ်ပြန်ချက်

မန္တလေးတောင်သူလယ်သမားသမဂ္ဂပေါင်းစုံသပိတ်နှင့် ပတ်သက်သော ပါတီသဘောထားကြေညာချက် (၄/ ၂၀၁၇)

 


အမြင်သဘောထား

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးစိုင်းညွန့်လွင်၏ ဆွေးနွေးချက် အပိုင်း(၁) “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးစိုင်းညွန့်လွင်၏ ဆွေးနွေးချက် အပိုင်း(၁)

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးငွေလင်း၏ ဆွေးနွေးချက် “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးငွေလင်း၏ ဆွေးနွေးချက်

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဒေါက်တာရန်မျိုးသိမ်း၏ ဆွေးနွေးချက် အပိုင်း(၂) “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဒေါက်တာရန်မျိုးသိမ်း၏ ဆွေးနွေးချက် အပိုင်း(၂)

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဒေါက်တာရန်မျိုးသိမ်း၏ ဆွေးနွေးချက် အပိုင်း(၁) ဖေဖ်ာဝါရီ ၇၊ ၂၀၁၉ တွင် ကျင်းပခဲ့သော “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဒေါက်တာရန်မျိုးသိမ်း၏ ဆွေးနွေးချက် အပိုင်း(၁)

 


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။

 

 


 

နောက်ဆုံးရသတင်းများ

“ရွေးကောက်ပွဲယဉ်ကျေးမှုနဲ့ မြန်မာ့နိုင်ငံရေး” ခေါင်းစဉ်ဖြင့် DPNS ပါတီဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ ပါဝင်ဆွေးနွေး October 11, 2019

အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု DPNS ရပ်ကျေးရုံးဖွင့်ပွဲ October 10, 2019

ချောင်းသာမြို့၊ အုပ်စု(၂) ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ October 8, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် (DVB သတင်းဖော်ပြချက်) October 7, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် October 6, 2019

လူ့ဘောင်သစ်လူငယ်နှင့် DPNS ပါတီမိတ်ဆက်ဆွေးနွေးပွဲ October 6, 2019

ရွှေပြောင်းအလုပ်သမားများအတွက် အသိပညာပေးဟောပြောပွဲ October 5, 2019

ချောင်းသာ ရွှေသောင်ယံရုံးတွင် ဆွေးနွေးပွဲပြုလုပ် October 3, 2019

နော်အုန်းလှ အပါအဝင် ကရင့်ခေါင်းဆောင်များ ဖမ်းဆီးတရားစွဲဆိုခံနေရခြင်းအပေါ် DPNS ၏ သဘောထား October 2, 2019

ဝါးစိမ်းတောင်အရေးကို ဒေသခံတို့ စိတ်မအေးနိုင်သေး (RFA စုစည်းတင်ပြချက်) October 2, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ