ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၂၅၁)၊ တတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၉၅) ဝ၉၂၅၀၅၆၆၀၁၈
အီးမေးလ် - hqdpns@gmail.com
Facebook - Democratic Party for a New Society

နောက်ဆုံးရသတင်းများ

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ကိုယ်စားပြုကော်မတီ အစည်းအဝေး ဒုတိယနေ့ December 11, 2016

ပန်းတ​နော်​မြို့နယ်​၊ ​မြေနု​ကျေးရွာအုပ်​စုရှိ လယ်​သမား ၁၀၀ ​ကျော်​ ပိုင်ဆိုင်သည့် လယ်​ဧက ၁၀၀၀ ​ကျော်​အား ပြန်လည်ရရှိရေးအတွက် ​တောင်​သူလယ်​သမားသမဂ္ဂနှင့် လူ့​ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီမှ ပူးပေါင်းကူညီ​ ဆောင်​​ရွက်ပေးရန်​ ညှိနှိုင်း​ဆွေး​နွေး December 10, 2016

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ကိုယ်စားပြုကော်မတီအစည်းအဝေး ပထမနေ့ December 10, 2016

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB ဖွဲ့စည်းခြင်း ၁၇ နှစ်ပြည့် အခမ်းအနား December 9, 2016

Democratic Education Corner-DEC က စီစဉ်ကျင်းပသော “ကလေးများနှင့် သူတို့၏ လူ့အဖွဲ့အစည်းအား ဆန်းစစ်ခြင်း” ပညာရေးဟောပြောဆွေးနွေးပွဲ December 9, 2016

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင်များနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်သစ်များတွေ့ဆုံခြင်း December 7, 2016

မန္တလေးတိုင်းဒေသကြီး၊ငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲ ဒုတိယနေ့ December 6, 2016

မန္တလေးတိုင်းဒေသကြီး၊ ငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲ ပထမနေ့ December 5, 2016

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေး December 4, 2016

၁၉၉၆ ကျောင်းသားလှုပ်ရှားမှု နှစ် ၂၀ ပြည့်အထိမ်းအမှတ် စာတမ်းဆွေးနွေးပွဲ December 2, 2016


အမြင်သဘောထား

ဥက္ကဌ၏ အဖွင့်အမှာစကား လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဝက်ဆိုဒ်စာမျက်နှာမှ ကြိုဆိုပါရစေ ။ ကျွန်တော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS ) က * လွတ်လပ်မှု ကိုမြတ်နိုးတယ်၊ * တန်းတူမှုကို အလေးထားတယ်၊ * ပြည်သူတွေရဲ့သွေးစည်းညီညွတ်မှုနဲ့သာ ပိုမိုကောင်းမွန်တဲ့လူ့အဖွဲ့အစည်းအသစ်တွေကို စဉ်ဆက်မပြတ် တည်ထောင်နိုင်မယ်လို့ ယုံကြည်တယ်။ ဒီနိုင်ငံရေး ယုံကြည်မှုနဲ့ တန်ဘိုးတွေကိုကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားခဲ့တယ်။ အခုလဲ ကြိုးစားရုန်းကန်နေဆဲပါ၊ ရှေ့ဆက်ပြီးလည်း ဘယ်လို အခက်အခဲနဲ့ ဘယ်လို စိန်ခေါ်မှုတွေပဲတွေ့တွေ့ ကျော်ဖြတ်ဖို့ သန္နိဋ္ဌာန် ချပြီးဖြစ်တယ်။ ကျွန်တော်တို့ ဝက်ဆိုဒ်စာမျက်နှာက ကျွန်တော်တို့ရဲ့ ဒီရုန်းကန်လှုပ်ရှားမူတွေ အတတ်နိုင်ဆုံးပေါ်လွင်အောင် ဖော်ပြနိုင်ဖို့ ကြိုးစားထားပါတယ်။ ၀င်ရောက်လေ့လာဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။ ဝေဖန်အကြံပြုမှုတွေကိုလည်း လေးစားစွာ ကြိုဆိုပါတယ်။ ကျွန်တော်တို့ လက်တွဲပြီး ငြိမ်းချမ်းတဲ့ ...


ထုတ်ပြန်ချက်များ

(၄၂) နှစ် ပြည့် ဇွန် – ၆ အလုပ်သမားလှုပ်ရှားမှုကြီးနှင့် ၇၄၊ ၇၅၊ ၇၆ အလုပ်သမား ကျောင်းသားလှုပ်ရှားမှုများ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ ၁။ လူထုဆန္ဒမပါဘဲ တဖက်သတ်ရေးဆွဲပြဋ္ဌာန်းထားသည့် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အလုပ်သမားကိုယ်စားလှယ် အတု အယောင်များနှင့် မဆလတစ်ပါတီစနစ်က ဟန်ပြဖွဲ့စည်းပေးထားသည့် အလုပ်သမားကောင်စီများကို ၁၉၇၄ ခုနှစ်၊ ဇွန်လ ၆ ရက် နေ့တွင် အလုပ်သမားထုတရပ်လုံးက တပြည်လုံးရှိ စက်ရုံအလုပ်ရုံများတွင် ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသည်။ ၂။ အလုပ်သမားထု၏ မှန်ကန်သော ထိုတိုက်ပွဲကို ကျောင်းသားထုနှင့် ရဟန်းရှင်လူ ပြည်သူလူထုက သဏ္ဍာန်အမျိုးမျိုးဖြင့် ထောက်ခံ ပါဝင်ခဲ့ကြသည့်အတွက် ၁၉၇၄ ဒီဇင်ဘာတွင် ဦးသန့်ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၅ မေ နှင့် ဇွန်လများတွင် အလုပ်သမားနှင့် ကျောင်း သားလှုပ်ရှားမှု၊ ၁၉၇၆ မတ်လတွင် မှိုင်းရာပြည့်လှုပ်ရှားမှု စသည့် သပိတ်တိုက်ပွဲများ ဆက်တိုက် ပေါ်ပေါက်ခဲ့ကြသည်။ ...

အမိန့် ပြန်တမ်း အမိန့် ပြန်တမ်း ၁။ ရဲဘော်မင်းနိုင် – ဗဟိုစည်းရုံးရေးကော်မတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကြားသိစေရန် ဤ ပြန်တမ်းကို ကျွန်ုပ်တို့ ထုတ်ပြန် ကြေညာလိုက်သည်။ ၂။ ရဲဘော်မင်းနိုင် သင်သည် (၂၊ ၆၊ ၂၀၁၆) နံနက် ၆း၃၀ နာရီတွင် ပြည်သူ့သားကောင်းပီသစွာ ကျဆုံး ...

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ရဲဘော်မင်းနိုင်ဈာပနသို့ ပေးပို့သော သဝဏ်လွှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ရဲဘော်မင်းနိုင်ဈာပနသို့ ပေးပို့သော သဝဏ်လွှာ ၁။ မိမိတို့ပါတီ၏ ဗဟိုစည်းရုံးရေးကော်မတီဝင် ရဲဘော်မင်းနိုင်သည် ၂၀၁၆ ခု၊ ဇွန်လ (၂)ရက်နေ့တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။ ၂။ ရဲဘော်မင်းနိုင်သည် ၁၉၈၈ လူထုအရေးတော်ပုံကြီးကာလမှ ယခု ကွယ်လွန်ချိန်အထိ မိမိတို့ပါတီအတွက်လည်း ကောင်း၊ မိမိတို့နိုင်ငံနှင့် လူမျိုးစုံမြန်မာပြည်သူတို့အတွက်လည်းကောင်း၊ အမိရန်ကုန်တက္ကသိုလ်၏ ဂုဏ်သိက္ခာအတွက် လည်းကောင်း ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေး၊ စစ်အာဏာရှင်စံနစ် အမြစ်ပြတ် သုတ်သင် နိုင်ရေးတို့ကို တစ်ဘဝလုံးပုံ၍ ...

ရဟန်းစာဆိုတော် ဦးပညာဇောတ (အမရပူရ) ၏ အန္တိမဈာပန အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ရဟန်းစာဆိုတော် ဦးပညာဇောတ (အမရပူရ) ၏ အန္တိမဈာပန အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ အမရပူရမြို့ – တောင်လေးလုံး ကျောင်းတိုက်ဆရာတော် ဦးပညာဇောတ (ကိုပညာ – အမရပူရ)သည် ၂၀၁၆ ခု၊ မေလ (၂၁)ရက်နေ့က ပျံလွန်တော်မူကြောင်း ကြားသိရပါသည်။ အထက်မြန်မာပြည်တွင် နိုင်ငံရေးအင်အားစုများအတွက်လည်းကောင်း၊ စာပေအနုပညာအသိုက်အဝန်းအတွက် လည်းကောင်း၊ မြန်မာ့သမိုင်းနှင့်ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများအတွက်လည်းကောင်း စုစည်းရာ ဆုံဆည်းရာ တစ်ခုအဖြစ် မိမိ၏ ကျောင်းတိုက်ပုရဝဏ်၊၊ မိမိ၏ ဂုဏ်သိက္ခာနှင့်အားထုတ်မှုတို့ကို အရိပ်ကောင်းသဖွယ် ဖြစ်စေခဲ့သည့် ရဟန်းစာဆို၊ပညာရှင် ဦးပညာဇောတ၏ ကြီးစွာသော ဂုဏ်လက္ခဏာအရပ်ရပ်အား ဦးညွှတ် ...


ပါတီလှုပ်ရှားမှုများ

တကသအဆောက်အဦ ပြန်လည်တည်ဆောက်ရေး အစည်းအဝေး 16730359_1448193258525860_3322589841525196293_nတကသအဆောက်အဦ ပြန်လည်တည်ဆောက်ရေးအတွက် ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းရန် အစည်းအဝေးကို၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၈)ရက်နေ့တွင် ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် နံနက်(၁၀)နာရီမှ ညနေ(၄)နာရီခန့်အထိ ကျင်းပခဲ့ရာ မျိုးဆက်အသီးသီးမှ သမဂ္ဂကျောင်းသားများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ တက်ရောက်ဆွေးနွေးခဲ့ကြသော ၁၉၅၃-၂၀၁၇ ကျောင်းသားမျိုးဆက်များက တနိုင်ငံလုံးရှိ တက္ကသိုလ်၊ ကောလိပ်ကျောင်းများ အားလုံးတွင် သမဂ္ဂ၏ တရားဝင်တည်ရှိမှုအား တစုံတရာ အာမခံချက် ရရှိပြီးမှသာ ကော်မတီဖွဲ့စည်းရေးအတွက် ကျယ်ပြန့်သည့် အစည်းအဝေးများ ပြုလုပ်ခြင်း က လက်တွေ့ကျပြီး ပိုမိုအကျိုးဖြစ်ထွန်းနိုင်လိမ့်မည်ဟု ၎င်းတို့အားလုံး၏ သဘောထားကို ဖေါ်ပြ ဆွေးနွေးခဲ့ကြသည်။

ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု အစည်းအဝေး 16865004_1448153955196457_6280611174609328039_nပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုအတွက် ဆွေးနွေးတိုင်ပင်သည့်အစည်းအဝေးကို ၂၇၊၂၊၁၇ ရက်နေ့လည်ပိုင်းတွင် လူ့ဘောင်သစ်လူငယ်ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လွိုင်ကော်ခရီးစဉ် ဆွေးနွေးရရှိချက်များနှင့် လုပ်ငန်းစဉ်များ၊ ပန်ဆန်းညီလာခံအပေါ် သုံးသပ်ချက်၊ မြန်မာ့ငြိမ်းချမ်းရေး ရှေ့အလားအလာများ၊ တကသအဆောက်အဦ ပြန်လည်ဆောက်လုပ်မည့်ကိစ္စအပေါ် သဘောထားတို့ကို ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ်လူငယ်၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ငြိမ်း ချမ်းရေး၊ လူသတ်ဝါဒဆန့်ကျင်ရေး ဟောပြောဆွေးနွေးပွဲကျင်းပ 16708296_1433135276698325_2595411498651054638_nနှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ” ငြိမ်း ချမ်းရေး၊ လူသတ်ဝါဒဆန့်ကျင်ရေး”ခေါင်းစဉ်ဖြင့် နိုင်ငံရေးဟောပြောဆွေးနွေးပွဲကို ၁၃၊ ၂၊ ၁၇ ရက် နေ့လည်ပိုင်းတွင် ဗိုလ်တထောင်မြို့နယ်ရှိ သျှရီရာမခရစ်ရှနခန်းမ၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲအဖွင့်အမှာစကားကို ကရင်အမျိုးသားပါတီဥက္ကဋ္ဌ မန်းသိန်းရွှေက ပြောကြားပေးခဲ့ပါသည်။ ထို့နောက် “ငြိမ်းချမ်းရေး” ခေါင်းစဉ်ဖြင့် ဒေါက်တာအမ်ကွန်လ(KNC)၊ ဦးချစ်ဆောင်(မှိုင်း-ငြိမ်းကွန်ရက်)၊ ကိုကောင်းထက်ကျော်(ဗကသများအဖွဲ့ချုပ်)တို့က ဟောပြောဆွေးနွေးပေးခဲ့ကြပါသည်။ ဆက်လက်၍ “လူသတ်ဝါဒဆန့်ကျင်ရေး” ခေါင်းစဉ်ဖြင့် ဦးကြီးမြင့်(ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့)၊ ကိုကျော်ကိုကို(ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး)တို့က ဟောပြောဆွေးနွေးပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲအပြီးတွင် သတင်းစာရှင်းလင်းပွဲကို ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း ...

နှစ်၇၀ ပြည့် ပြည်ထောင်စုနေ့ညစာစားပွဲ 16508517_1432334230111763_5064316975221065418_nနှစ်၇၀ ပြည့် ပြည်ထောင်စုနေ့ညစာစားပွဲကို ၁၂၊၂၊၁၇ ရက်နေ့ည ၆:၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။


အင်တာဗျူ :

၂၀၁၆၊ စက်တင်ဘာလထုတ် ခေတ်ရနံ့မဂ္ဂဇင်းတွင် ဖော်ပြပါရှိသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူး 14470780_1004552236333786_841758187_n ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် မှုတွေ ပြုလုပ်နေပါတယ်။ အဲဒီအပေါ် ဦးအောင်မိုးဇော်ရဲ့ အမြင်သဘောထား သိချင်ပါတယ်။ ကြိုတင်ပြင်ဆင်မှုနဲ့ပတ်သက်လို့တော့ များများစားစား ပြော စရာမရှိပါဘူး။ ၂၁ ရာစုပင်လုံညီလာခံဆိုတာ အရင်အစိုးရ လက်ထက်ကစခဲ့တဲ့ NCA စာချုပ်အပေါ်မူတည်ပြီး လုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံရဲ့ အဆက်လို့ နားလည်ပါ တယ်။ ဒါကြောင့် အစိုးရသစ်အနေနဲ့ လုပ်စရာ အလုပ်တွေ အများ ကြီးထဲက ဒီအလုပ်ကို အချိန်အကန့်အသတ်တွေကြား က ပြင်ရဆင် ရတာဖြစ်ပုံရတယ်။ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ၊ သဘော တူညီထားတဲ့ အချိန်အတွင်းမှာ မဖြစ်ဖြစ်အောင် ပါဝင်သင့်ပါဝင် ထိုက်သူတွေ စုံနိုင်သမျှစုံအောင် ကြိုးစားဆောင်ရွက်ရပုံပေါ် တယ်။ နောက် တစ်ချက်က အရင်စီစဉ်ခဲ့တဲ့ အဖွဲ့အစည်းတွေ၊ လူ ပုဂ်္ဂိုလ် တွေနဲ့ ပြင် ဆင်ရတာမဟုတ်ဘဲ လူသစ်တွေ၊ အဖွဲ့သစ်တွေ နဲ့ ပြင်ရဆင်ရ တာ ဖြစ်တယ်လို့ နားလည်ပါတယ်။ ၂၁ရာစု ပင်လုံညီလာခံကြီးကို တက်ရောက်ဖို့ ဖိတ်ကြားတဲ့အခါ အရွေး အချယ်မခံရတဲ့ နိုင်ငံရေးပါတီတွေအပေါ်ထားတဲ့ သဘောထား၊ ဖိတ်ကြား ချက်နဲ့ပတ်သက်ပြီး ဝေဖန်သံတွေ ထွက် ပေါ်နေပါတယ်။ အဲဒီကိစ်္စနဲ့ပတ် သက်ပြီး သဘောထားမှတ်ချက်ပးပါဦး။

သမ္မတဦးထင်ကျော်လက်ထက် မြန်မာ့နိုင်ငံရေးအခြေအနေအားဧရာဝတီသတင်းဌာနတွင် ဆွေးနွေးခန်း dateline irrawaddy 15.3.2016ဒီတစ်ပတ် ဒိတ်လိုင်းအစီအစဉ်ကတော့ သမ္မတသစ်ဦးထင်ကျော်ဦးဆောင်တဲ့အစိုးရက ဘယ်လိုအခက်ခဲတွေနဲ့ကြုံတွေ့ရနိုင်မလဲ၊ရှေ့­လာမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကရော ဘယ်လိုရှိမလဲဆိုတာကိုဧရာဝတီသတင်းဌာနရဲ့အင်္ဂ­လိပ်ပိုင်းအယ်ဒီတာ ကျော်စွာမိုး၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ­ရဲ့ ဥက္ကဋ္ဌဦးအောင်မိုးဇော်နဲ့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းတို့ကဆွေးနွေးထားကြဖြစ်ပါတယ်။

ပါတီဥက္ကဋ္ဌဌ ဦးအောင်မိုးဇော်နှင့် 7Dayဂျာနယ်အင်တာဗျူး ၁၉၈၈၊ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးတွင် ဦးဆောင်မှု အခန်းကဏ္ဍဍမှ ပါဝင်လှုပ်ရှားခဲ့သည့် ကျောင်းသားများပါဝင် ဖွဲ့စည်းခဲ့သော လူဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲလွန် ကာလ၌ နဝတအစိုးရက ပါတီကို ဖျက်သိမ်းပစ်ခဲ့သည်။ ထိုသို့ ဖျက်သိမ်းခံလိုက်ရသော်လည်း လူဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် ပျောက်ကွယ်မသွားခဲ့ဘဲ တောတွင်း၊ နယ်စပ်ဒေသ၊ အကျဉ်းထောင်တို့၌သာမက တိုင်းပြည်နှင့်အနှံတွင် ဆက်လက် ရှင်သန်နေဆဲပင် ရှိသည်။ ယခုအခါ မြန် မာနိုင်ငံ၏ ဖြစ် ပေါ်တိုးတက်လာမှု အနေအထားများပေါ်မူတည်လျက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ မှတ်ပုံတင်လျက် တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်ရန် ပြင်ဆင်လာခဲ့သည်။ ထိုသို့ ပြင်ဆင်လာခဲ့ခြင်းအပေါ် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဌ ဦးအောင်မိုးဇော် နှင့် 7Day က တွေ့ဆုံမေးမြန်းချက် အပြည်အစုံကို ဖော်ပြလိုက်ပါသည်။


ရုပ်သံမှတ်တမ်း

Dateline Irrawaddy (15.3.2016)

သမ္မတသစ်ဦးထင်ကျော်ဦးဆောင်တဲ့အစိုးရက ဘယ်လိုအခက်ခဲတွေနဲ့ကြုံတွေ့ရနိုင်မလဲ၊ရှေ့­လာမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကရော ဘယ်လိုရှိမလဲဆိုတာကိုဧရာဝတီသတင်းဌာနရဲ့အင်္ဂ­လိပ်ပိုင်းအယ်ဒီတာ ကျော်စွာမိုး၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ­ရဲ့ ဥက္ကဋ္ဌဦးအောင်မိုးဇော်နဲ့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းတို့ကဆွေးနွေးထားကြဖြစ်ပါတယ်။ Source: From Dateline Irrawaddy

Party Intro in VOA


သတင်းဓါတ်ပုံ