ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

နောက်ဆုံးရသတင်းများ

ရွေးကောက်ပွဲအောင်နိုင်ရေးရံပုံငွေ ၀ိုင်းဝန်းကူညီကြပါရန် မေတ္တာရပ်ခံ ပန်ကြားလွှာ August 24, 2015

ပြင်ဆင်ဆောင်ရွက်ရန် ကိစ္စများ August 17, 2015

ပြင်ဆင်ဆောင်ရွက်ရန် ကိစ္စများ August 17, 2015

ပည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို ကိုင်စွဲ၍ ရွေးကောက်ပွဲဝင်မည် (ထုတ်ပြန်ကြေညာချက် ( ၄ / ၂၀၁၅ ) ) August 17, 2015

လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းထုတ်ပြန်ခြင်း (သတင်းထုတ်ပြန်ချက် ( ၁ / ၂၀၁၅ )) August 17, 2015

ပါတီရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းခြင်း (သတင်းထုတ်ပြန်ချက် ( ၂ / ၂၀၁၅ ) ) August 17, 2015

ရွေးကောက်ပွဲကြေညာစာတမ်း August 14, 2015

(၅၃) နှစ်ပြည့် ၇ ဇူလိုင် အောက်မေ့ဘွယ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ July 15, 2015

ဆရာကြီး ဒဂုန်တာရာ (၉၆)နှစ် ပြည့် မွေးနေ့အခမ်းအနားသို့ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ May 10, 2015

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (၇၉) နှစ်မြောက်နှင့် လက်ပံတန်းအကြမ်းဖက်ခံရမှု နှစ်လပြည့် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ May 10, 2015


အမြင်သဘောထား


ထုတ်ပြန်ချက်များ


ပါတီလှုပ်ရှားမှုများ

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ၆လပတ်အစည်းအဝေးပထမနေ့ သို့တက်ရောက် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ၆လပတ်အစည်းအဝေး ပထမနေ့ကို ၁၅-၁၂-၂၀၁၇ ရက်နေ့တွင် တနင်္သာရီတိုင်း ထားဝယ်မြို့ ရေနန်းတောင်ကျောင်းတိုက်၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ NNER နာယကများ ဥက္ကဋ္ဌ အတွင်းရေးမှူးအဖွဲ့ဝင်များ ကိုယ်စားပြုကော်မတီဝင်များ အလုပ်အဖွဲ့ဝင်များ ပြည်နယ်နှင့်တိုင်းတာဝန်ခံများ ကျောင်းသားသမဂ္ဂများ ဆက်သွယ်ရေးတာဝန်ခံများ တနင်္သာရီတိုင်းအတွင်းရှိပညာရေးလုပ်ငန်းဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ NNER ကိုယ်စားပြုကော်မတီဝင်တစ်ဦးဖြစ်သည့် DPNS အတွင်းရေးမှူး(၂)ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင် ရေနန်းတောင်ကျောင်းတိုက်ဆရာတော်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပေးခဲ့ပါသည်။ NNER နာယကတဦးဖြစ်သည့် ဆရာကြီးဦးသိန်းလွင်(မခမမ) ဥက္ကဋ္ဌဒေါက်တာသိန်းလွင်တို့က အဖွင့်စကား ပြောကြားပေးခဲ့ကြသည်။ ထို့နောက် အတွင်းရေးမှူးအဖွဲ့၏ ...

NNER ၆ လပတ်အစည်းအဝေး အကြိုညှိနှိုင်းအစည်းအဝေး သို့တက်ရောက် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ၆လပတ်အစည်းအဝေးအတွက် အကြိုပြင်ဆင်ညှိနှိုင်းခြင်းကို ၁၄-၁၂-၂၀၁၇ ရက်နေ့ ညပိုင်းတွင် ထားဝယ်မြို့ ဇေယျာထက်စံဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။အစည်းအဝေးသို့ NNER နာယကများ ဥက္ကဋ္ဌ အတွင်းရေးမှူးအဖွဲ့ဝင်များ ကိုယ်စားပြုကော်မတီဝင်များ အလုပ်အဖွဲ့ဝင်များ ဆက်သွယ်ရေးတာဝန်ခံများ တက်ရောက်ခဲ့ကြရာ ကိုယ်စားပြုကော်မတီဝင်တစ်ဦးဖြစ်သည့် DPNS အတွင်းရေးမှူး(၂)ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင် ဒီဇင်ဘာ ၁၅-၁၆ နှစ်ရက်တာကျင်းပမည့် ၆လပတ်အစည်းအဝေးအစီအစဉ်များ အစည်းအဝေးကျင်းပမည့်ပုံစံများကို ညှိနှိုင်းအတည်ပြုခဲ့ကြပါသည်။

IRIက စီစဉ်ကျင်းပသည့် ရွေးကောက်ပွဲကြားကာလ နိုင်ငံရေးပါတီများ၏ လုပ်ငန်းနှင့်အခန်းကဏ္ဍ ဆိုင်ရာဆွေးနွေးပွဲ သို့တက်ရောက် ၂၀၁၇ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မုံရွာမြို့၌ IRIက စီစဉ်ကျင်းပသည့် ရွေးကောက်ပွဲကြားကာလ နိုင်ငံရေးပါတီများ၏ လုပ်ငန်းနှင့်အခန်းကဏ္ဍ ဆိုင်ရာဆွေးနွေးပွဲကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးထွဋ်ဦးလှိုင်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပါတီစည်းရုံးရေးကော်မတီဝင်များ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲ၌ လာမည့် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအနေဖြင့် စည်းရုံးမဲဆွယ်မှုဆိုင်ရာ နည်းဗျူဟာများ မည်သို့ချမှတ်သင့်ကြောင်းကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခြစိုက်ထားသော နိုင်ငံရေးပါတီ ၁၂ ခု၏ ကိုယ်စားလှယ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြပါသည်။

ဦးသန့်အရေးအခင်း(၄၃)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနား သို့တက်ရောက် ဦးသန့်အရေးအခင်း(၄၃)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၇၊ ဒီဇင်္ဘာလ ၁၁ ရက် နံနက်ပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေတောင်ကျောင်းတိုက်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ၇၄-၇၅-၇၆ လှုပ်ရှားမှုတို့တွင် ပါဝင်ခဲ့သူများ၊ ဗကသများအဖွဲ့ချုပ်၊ ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများက အမှတ်တရစကား ပြောကြားခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှလည်း ဂုဏ်ပြုသ၀ဏ်လွှာပေးပို့ဖတ်ကြားပြီး အမှတ်တရစကား ပြောကြားခဲ့သည်။ အခမ်းအနားပြီးဆုံးသည့်နောက်တွင် ဦးသန့်ဂူဗိမာန်သို့သွားရောက်၍ ဂါရ၀ပြုခဲ့ကြပါသည်။


အင်တာဗျူ :


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ