ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

နောက်ဆုံးရသတင်းများ

၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံရေးပါတီတစ်ရပ်တည်ထောင်ရန် မိတ်ဖက်နိုင်ငံရေးအင်အားစုများနှင့် တွေ့ဆုံ April 5, 2019

မြစ်​ဆုံစီမံကိန်း အပြီးတိုင်​ဖျက်​သိမ်း​ရေး နိုင်​ငံလုံးဆိုင်​ရာအစည်းအ​ဝေး တက်ရောက် April 1, 2019

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ကိုယ်စားပြုကော်မတီအစည်းအဝေး ကျင်းပ March 31, 2019

ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) နှစ်(၂၀)ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ March 28, 2019

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ March 23, 2019

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အခမ်းအနားကို ရွှေတောင်မြို့ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံး၌ ကျင်းပ March 23, 2019

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ March 23, 2019

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ပုသိမ်၊ချောင်းသာ ပါတီကော်မတီခေါင်းဆောင်များအစည်းအဝေးကို ပုသိမ်မြို့တွင်ပြုလုပ် March 22, 2019

“ဖက်ဒရယ်၏အခြေခံသဘောတရားများ”ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် ပြုလုပ် March 20, 2019

ဖက်ဒရယ်စနစ်၏အခြေခံမူများ အလုပ်ရုံဆွေးနွေးပွဲ အင်္ဂပူတွင်ပြုလုပ် March 17, 2019


အမြင်သဘောထား


ထုတ်ပြန်ချက်များ


ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာကော်မတီမှ တာဝန်ရှိသူများ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ့်မှ တောင်သူများနှင့် တွေ့ဆုံ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာကော်မတီမှ တာဝန်ရှိသူများသည် ၁၁၊ ၁၂၊ ၁၆ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ သဖန်းကုန်းအုပ်စု၊ သဖန်းကုန်းရွာ၊ လမိုင်းရွာတို့မှ တောင်သူများနှင့် တွေ့ဆုံခဲ့ကြပါသည်။ ၎င်းရွာများရှိ တောင်သူ ၄၀ ကျော်တို့၏ သိမ်းဆည်းခံ လယ်ဧက ၃၀ ကျော်၊ ခြံမြေ ၁၈ ဧကတို့အတွက် မည်သို့ ဆက်လက်ဆောင်ရွက်သင့်ကြောင်းကို ဆွေးနွေးအကြံပြုခဲ့ကြပါသည်။ မိမိတို့ပါတီအ​နေဖြင့် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး ရရှိလာသော လူထုအသံ၊ လူထုလိုအပ်​ချက်​များအပေါ် အခြေခံ၍ လူထု​ရှေ့မှ ရပ်တည်သွားမည်ဖြစ်ကြောင်း၊ လူထုကိုယ်​တိုင်​ ပါဝင်​သည့် နိုင်​ငံ​ရေး​ကို လုပ်​​ဆောင်နေခြင်းဖြစ်ကြောင်းတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ယ​နေ့ကာလ ရင်ဆိုင်ကြုံတွေ့နေရသည့် အ​ခြေအ​နေများ၊ ...

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ကိုယ်စားပြုကော်မတီ အစည်းအဝေး ဒုတိယနေ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ကိုယ်စားပြုကော်မတီ အစည်းအဝေး ဒုတိယနေ့ကို ၁၁၊၁၂၊၁၆ ရက်နေ့က ရန်ကုန်မြို့၊ ကရင်ခြံ၌ ဆက်လက်ပြုလုပ်ခဲ့ပါသည်။ NNER နာယကအဖွဲ့ဝင်တဦးဖြစ်သည့် ဒေါက်တာအောင်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် NNER ၏ နှုန်းစံတန်ဖိုးများအား ပြည်သူလူထုကြားတွင် ပိုမိုသိမြင်လက်ခံလာစေရန် ကြိုးစားဆောင်ရွက်သင့်ကြောင်း၊ တချိန်တည်းမှာပင် မိမိတို့ကိုယ်တိုင်၏ အရည်အသွေးမြှင့်တင်ရေးကိုလည်း လုပ်ဆောင်ဖို့လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် ကော်မတီဝင်များက NNER ၏ ပညာရေးမူဝါဒများအနက် ပြောင်းလဲပြင်ဆင်သင့်သည့် အချက်များကို အသေးစိတ် ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးရရှိချက်များအား လာမည့်ညီလာခံတွင် တင်ပြဆွေးနွေးပြီး အတည်ပြုချက် ရယူသွားမည်ဖြစ်ပါသည်။ ၎င်းအစည်းအဝေးသို့ NNER ကိုယ်စားပြုကော်မတီဝင်တဦးဖြစ်သည့် ဒေါ်နှင်းနှင်းမွှေး(DPNS အတွင်းရေးမှူး-၂)လည်း ...

ပန်းတ​နော်​မြို့နယ်​၊ ​မြေနု​ကျေးရွာအုပ်​စုရှိ လယ်​သမား ၁၀၀ ​ကျော်​ ပိုင်ဆိုင်သည့် လယ်​ဧက ၁၀၀၀ ​ကျော်​အား ပြန်လည်ရရှိရေးအတွက် ​တောင်​သူလယ်​သမားသမဂ္ဂနှင့် လူ့​ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီမှ ပူးပေါင်းကူညီ​ ဆောင်​​ရွက်ပေးရန်​ ညှိနှိုင်း​ဆွေး​နွေး ၁၉၉၆ ခုနှစ်တွင် ယုဇနကုမ္ပဏီ၏ သိမ်းယူခြင်းခံခဲ့ရသော ပန်းတ​နော်​မြို့နယ်​၊ ​မြေနု​ကျေးရွာအုပ်​စုရှိ လယ်​သမား ၁၀၀ ​ကျော်​ ပိုင်ဆိုင်သည့် လယ်​ဧက ၁၀၀၀ ​ကျော်​အား ပြန်လည်ရရှိရေးအတွက် ​တောင်​သူလယ်​သမားသမဂ္ဂနှင့် လူ့​ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီမှ ပူးပေါင်းကူညီ​ ဆောင်​​ရွက်ပေးရန်​ ညှိနှိုင်း​ဆွေး​နွေးပွဲကို ၁၀၊၁၂၊၁၆ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်​။

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ကိုယ်စားပြုကော်မတီအစည်းအဝေး ပထမနေ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ကိုယ်စားပြုကော်မတီအစည်းအဝေး ပထမနေ့ကို ၁၀၊၁၂၊၁၆ ရက်နေ့က ရန်ကုန်မြို့၊ ကရင်ခြံ၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဒေါက်တာမင်းသိန်းနှင့် ဒေါက်တာသိန်းလွင်တို့က မြန်မာနိုင်ငံပညာရေးစနစ်၏ ယခင်နှင့်ယခု အခြေအနေ နှိုင်းယှဉ်ချက်၊ NNER က ပြည်တွင်း၊နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက် လုပ်ဆောင်နေသည့် အခြေအနေများ၊ ကမ္ဘာ့ပညာရေးညီလာခံ၏ ရရှိချက်၊ရည်မှန်းချက်များနှင့် NNER မူဝါဒများ ကိုက်ညီနေကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ကြသည်။ လက်တွေ့လုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့် အခြေအနေများ၊ အခက်အခဲများ၊ လိုအပ်ချက်များ၊ ရှေ့ဆက်လုပ်ဆောင်သင့်သည့်ကိစ္စများကို NNER လုပ်ငန်းအဖွဲ့အသီးသီးက တင်ပြဆွေးနွေးခဲ့ကြပါသည်။ ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် အဖွဲ့ဝင်များလိုက်နာရန် စည်းကမ်းများကိုလည်း ဆွေးနွေးသတ်မှတ်ခဲ့ကြပါသည်။ NNER ကိုယ်စားပြုကော်မတီဝင်တဦးဖြစ်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ...


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ