ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

နောက်ဆုံးရသတင်းများ

 DPNS ရွေးကောက်ပွဲအောင်နိုင်ရေး ကျေးလက်ခရီး September 27, 2018

 DPNS မြင်းခြံမြို့နယ် ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ September 27, 2018

 DPNS ရွေးကောက်ပွဲအောင်နိုင်ရေး လူထုစည်းရုံးရေးခရီးစဉ် September 25, 2018

မြင်းခြံမြို့နယ် ကျေးရွာနှစ်ရွာတွင် DPNS ရပ်ကျေးဆိုင်းဘုတ်တင် September 25, 2018

 ရွေးကောက်ပွဲအောင်နိုင်ရေး လူထုစည်းရုံးရေးခရီး September 24, 2018

မြင်းခြံမြို့နယ် DPNS ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ September 24, 2018

မြင်းခြံမြို့နယ် ဆင်းဂွတ်၊ ရွာရှည်၊ လှိုင်းတက်၊ ဖက်ပင်အိုင်၊ ကျောက်တိုင်၊ ကန်နီ၊ ကတော၊ ဆုံရွာတို့တွင် ရပ်ကျေးဆိုင်းဘုတ်များ စိုက်ထူ September 23, 2018

DPNS ရပ်ကျေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုစည်းရုံးရေးခရီးစဉ် September 22, 2018

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားများသို့ တက်ရောက် September 21, 2018

“နှစ် ၇၀ စာ ငြိမ်းချမ်းရေးဆောင်းအိပ်မက်များ” ငြိမ်းချမ်းရေးအပေါ် လူငယ့်အမြင်များဆွေး​နွေးပွဲနှင့် ဂီတဖျော်ဖြေပွဲ September 21, 2018


အမြင်သဘောထား


ထုတ်ပြန်ချက်များ


ပါတီလှုပ်ရှားမှုများ

ဦးအောင်ထိုက်(စိတ်တိုင်းကျ)အတွက် ၀မ်းနည်းကြောင်းသ၀ဏ်လွှာနှင့် လွမ်းသူ့ပန်းခြင်း ပေးပို့ဂုဏ်ပြု ဦးအောင်ထိုက်(စိတ်တိုင်းကျ)၏ ဈာပနအခမ်းအနားကို ၂၅၊ ၉၊ ၁၆ ရက်နေ့လည်ပိုင်းက ရန်ကုန်မြို့ ရေဝေးသုသန်တွင် ကျင်းပခဲ့ရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ၀မ်းနည်းကြောင်းသ၀ဏ်လွှာနှင့် လွမ်းသူ့ပန်းခြင်း ပေးပို့ဂုဏ်ပြုခဲ့ပါသည်။ ဦးအောင်ထိုက်သည် ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ အလုပ်အမှုဆောင်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် အဖွဲ့ဝင်၊ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း အလုပ်အမှုဆောင်၊ NLD လူမှုထောက်ကူပြုအဖွဲ့ ဒုဥက္ကဋ္ဌ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ အကြံပေး စသည့်နိုင်ငံရေးတာဝန်များကို မကွယ်လွန်မီအချိန်ထိ တက်ကြွစွာ ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ ဈာပနအခမ်းအနားတွင် NLD နာယကကြီးဦးတင်ဦး၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများမှ ဦးဝင်းကျော်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ နာယက ဆရာဦးအံ့မောင်(မုံရွာ)၊ သခင်ကိုယ်တော်မှိုင်း ...

ဗဟိုချုပ်ကိုင်မှု လျှော့ချရုံလောက်နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပြီလား”ဆွေးနွေးပွဲသို့ တက်ရောက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ FPPS မှ စီစဉ်သော “ဗဟိုချုပ်ကိုင်မှု လျှော့ချရုံလောက်နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပြီလား” ဟောပြောဆွေးနွေးပွဲကို ၂၄၊ ၉၊ ၁၆ ရက်နေ့လည် ၂း၀၀ နာရီမှ ၅း၀၀ နာရီအထိ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဒေါက်တာကျော်ဝင်း(ပါမောက္ခ၊ဌာနမှူး၊ ရန်ကုန်တက္ကသိုလ် သမိုင်းဌာန-အငြိမ်းစား)၊ ဦးခွန်မြင့်ထွန်း(ဥက္ကဋ္ဌ- ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့)၊ ဒေါက်တာရန်မျိုးသိန်း(မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ)တို့က ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ အယူအဆများ၊ ကမ္ဘာ့နိုင်ငံများတွင် ကျင့်သုံးလျှက်ရှိသည့် ဖက်ဒရယ်စနစ်ပုံစံများ၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ် တည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေ လုပ်ဆောင်ရမည့်၊ လုပ်ဆောင်သင့်သည့် အချက်များ၊ ရှိသင့်ရှိထိုက်သော အခြေခံ သဘောတရားများကို ဟောပြောတင်ပြခဲ့ပြီး ...

သခင်ဗဟိန်း နှစ်(၁၀၀)ပြည့်အခမ်းအနား ကျင်းပရေး အမှုဆောင်ကော်မတီဖွဲ့စည်း မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ထင်ရှားသော ခေါင်းဆောင်တဦးဖြစ်သည့် သခင်ဗဟိန်း(၁၉၁၇-၁၉၄၆) နှစ်(၁၀၀)ပြည့်အခမ်းအနား ကျင်းပနိုင်ရေးအတွက် အမှုဆောင်ကော်မတီဖွဲ့စည်းသည့် အစည်းအဝေးကို ၂၀၁၆၊ စက်တင်ဘာ ၂၄ ရက် နံနက် ၉း၀၀ နာရီက မန္တလေးမြို့ရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက် ရုံးခန်း၌ ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးသို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် အထက်မြန်မာပြည် အဖွဲ့ဝင်များ၊ ဗကသများအဖွဲ့ချုပ်ခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများ၊ သခင်ဗဟိန်းကို ချစ်ခင်လေးစားသူများ တက်ရောက်ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်မေဖြူဆွေ၊ မန္တလေးတိုင်းစည်းရုံးရေးကော်မတီဝင် ဦးဇော်ဝင်းနှင့် ဦးသန်းထွန်းအောင်တို့လည်း တက်ရောက်ခဲ့ကြပါသည်။

Danish Social Democratic Party ကွန်ဂရက်သို့ တက်ရောက် Danish Social Democratic Party ကွန်ဂရက်ကို ၂၃၊ ၉၊ ၂၀၁၆ ရက် နေ့လည် ၁း၀၀ နာရီက ဒိန်းမတ်နိုင်ငံ၊ အားဘတ်ဂ်မြို့၌ စတင်ကျင်းပခဲ့ပါသည်။ ၎င်းကွန်ဂရက်သို့ တက်ရောက်သူ ၁၀၀၀ ခန့်ရှိရာ Danish Social Democratic Party ၏ မဟာမိတ်ပါတီများမှ ကိုယ်စားလှယ်များ နှင့် သံအမတ်များအပါအ၀င် နိုင်ငံတကာမှ ဧည့်သည်တော် ၇၀ ကျော်လည်း တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းလင်းမြတ်တို့လည်း SODEM-ASIA ၏ ကိုယ်စားလှယ်များအဖြစ် တက်ရောက်ခဲ့ကြပါသည်။


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ