ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

နောက်ဆုံးရသတင်းများ

 DPNS ရွေးကောက်ပွဲအောင်နိုင်ရေး ကျေးလက်ခရီး September 27, 2018

 DPNS မြင်းခြံမြို့နယ် ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ September 27, 2018

 DPNS ရွေးကောက်ပွဲအောင်နိုင်ရေး လူထုစည်းရုံးရေးခရီးစဉ် September 25, 2018

မြင်းခြံမြို့နယ် ကျေးရွာနှစ်ရွာတွင် DPNS ရပ်ကျေးဆိုင်းဘုတ်တင် September 25, 2018

 ရွေးကောက်ပွဲအောင်နိုင်ရေး လူထုစည်းရုံးရေးခရီး September 24, 2018

မြင်းခြံမြို့နယ် DPNS ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ September 24, 2018

မြင်းခြံမြို့နယ် ဆင်းဂွတ်၊ ရွာရှည်၊ လှိုင်းတက်၊ ဖက်ပင်အိုင်၊ ကျောက်တိုင်၊ ကန်နီ၊ ကတော၊ ဆုံရွာတို့တွင် ရပ်ကျေးဆိုင်းဘုတ်များ စိုက်ထူ September 23, 2018

DPNS ရပ်ကျေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုစည်းရုံးရေးခရီးစဉ် September 22, 2018

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားများသို့ တက်ရောက် September 21, 2018

“နှစ် ၇၀ စာ ငြိမ်းချမ်းရေးဆောင်းအိပ်မက်များ” ငြိမ်းချမ်းရေးအပေါ် လူငယ့်အမြင်များဆွေး​နွေးပွဲနှင့် ဂီတဖျော်ဖြေပွဲ September 21, 2018


အမြင်သဘောထား


ထုတ်ပြန်ချက်များ


ပါတီလှုပ်ရှားမှုများ

Challenges and Outlook to Social Democracy in Asia အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် Challenges and Outlook to Social Democracy in Asia ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို အာရှ ဆိုရှယ်ဒီမိုကရေစီကွန်ရက်မှ ဦးဆောင်၍ မွန်ဂိုးလီးယားနိုင်ငံမြို့တော် အူလန်ဘာတာမြို့၊ ရှန်ဂရီလာဟိုတယ်တွင် ၂၀၁၇၊ မေလ၂၄ ရက်တွင် ကျင်းပပြုလုပ်လျက်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ မွန်ဂိုလီးယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ အင်ဒိုနီးရှား၊ မလေးရှား၊ အရှေ့တီမောတို့မှ ကွန်ရက်အဖွဲ့ဝင်ပါတီများ၏ တာဝန်ရှိသူများနှင့် လေ့လာသူများ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

DPNS နှင့် YNS အစည်းအဝေးကျင်းပ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များနှင့် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များသည် ၂၀၁၇၊ မေလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် အစည်းအဝေး ပြုလုပ်ခဲ့ကြပါသည်။ အစည်းအဝေးတွင် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များက ၎င်းတို့၏ ဆောင်ရွက်ထားမှုများ၊ လက်တွေ့လုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့် အခြေအနေများ၊ စိန်ခေါ်မှုများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ပါတီခေါင်းဆောင်များကလည်း လိုအပ်ချက်များကို ပြန်လည်အကြံပြု ဆွေးနွေးပေးခဲ့ကြပါသည်။

IRI ၏ နိုင်ငံရေးပါတီအကယ်ဒမီသင်တန်းတက်ရောက် IRI က စီစဉ်ကျင်းပသည့် နိုင်ငံရေးပါတီအကယ်ဒမီသင်တန်းကို ၁၂၊၅၊၁၇ ရက်နေ့တွင် ဘားအံမြို့ သီရိဘားအံဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ သင်တန်းတွင် နိုင်ငံရေးပါတီများ၏ အခြေခံအုတ်မြစ် အားကောင်းခိုင်မာရေး၊ ရွေးကောက်ပွဲကြားကာလ လုပ်ငန်းစဉ်များ၊ ပါတီရုံးခွဲများ၏ လုပ်ငန်းများ၊ ပြည်သူဗဟိုပြု လုပ်ငန်းများ၊ မည်သို့မည်ပုံ ချဉ်းကပ်လုပ်ဆောင်မည့်အချက်များ၊ ပါတီတရပ် ရပ်တည်ရှင်သန်ကြီးထွားရေးနှင့် သက်ဆိုင်သောအချက်များ၊ မဲဆန္ဒရှင်များနှင့် ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေးလုပ်ငန်းများ၊ မဲဆွယ်ရေးလုပ်ငန်းများအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ သင်တန်းသို့ လူ့ဘာင်သစ်ဒီမိုကရက်တစ်ပါတီ(ဘားအံမြို့နယ်) အပါအဝင် နိုင်ငံရေးပါတီများ တက်ရောက်ခဲ့ကြပါသည်။

SocDem Asia ၏ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းတက်ရောက် SocDem Asia ၏ စီစဉ်မှုဖြင့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင်ပြုလုပ်သော နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းကို မြန်မာနိုင်ငံမှ ကိုမျိုးစော့ (လူ့ဘောင်သစ်လူငယ်)နှင့် ကိုစိုင်းလောင်ကွန်း( SNLD)တို့ တက်ရောက်လျက်ရှိပါသည်။ ၁၁၊ ၅၊ ၁၇ ရက် နေ့လည်ပိုင်းတွင် ဖိလစ်ပိုင်အောက်လွှတ်တော်သို့ သွားရောက် လေ့လာခဲ့ရာ အောက်လွှတ်တော်တာဝန်ရှိသူတစ်ဦးက ဖိလစ်ပိုင်နိုင်ငံ၏ ဥပဒေပြုပုံအဆင့်ဆင့်၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ပါတီကြား ဆက်ဆံရေး၊ ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံရေးအခြေအနေအကျဉ်းတို့ကို ရှင်းပြဆွေးနွေးပေးခဲ့ပါသည်။


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ