ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

နောက်ဆုံးရသတင်းများ

 DPNS ရွေးကောက်ပွဲအောင်နိုင်ရေး ကျေးလက်ခရီး September 27, 2018

 DPNS မြင်းခြံမြို့နယ် ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ September 27, 2018

 DPNS ရွေးကောက်ပွဲအောင်နိုင်ရေး လူထုစည်းရုံးရေးခရီးစဉ် September 25, 2018

မြင်းခြံမြို့နယ် ကျေးရွာနှစ်ရွာတွင် DPNS ရပ်ကျေးဆိုင်းဘုတ်တင် September 25, 2018

 ရွေးကောက်ပွဲအောင်နိုင်ရေး လူထုစည်းရုံးရေးခရီး September 24, 2018

မြင်းခြံမြို့နယ် DPNS ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ September 24, 2018

မြင်းခြံမြို့နယ် ဆင်းဂွတ်၊ ရွာရှည်၊ လှိုင်းတက်၊ ဖက်ပင်အိုင်၊ ကျောက်တိုင်၊ ကန်နီ၊ ကတော၊ ဆုံရွာတို့တွင် ရပ်ကျေးဆိုင်းဘုတ်များ စိုက်ထူ September 23, 2018

DPNS ရပ်ကျေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုစည်းရုံးရေးခရီးစဉ် September 22, 2018

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားများသို့ တက်ရောက် September 21, 2018

“နှစ် ၇၀ စာ ငြိမ်းချမ်းရေးဆောင်းအိပ်မက်များ” ငြိမ်းချမ်းရေးအပေါ် လူငယ့်အမြင်များဆွေး​နွေးပွဲနှင့် ဂီတဖျော်ဖြေပွဲ September 21, 2018


အမြင်သဘောထား


ထုတ်ပြန်ချက်များ


ပါတီလှုပ်ရှားမှုများ

အားလုံးပါဝင်သောမူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့2 SocDem Asia ၏ စီစဉ်မှုဖြင့် အားလုံးပါဝင်သောမူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို ၂၀၁၇၊ ဇွန်လ ၅ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ SocDem Asia မှ တာဝန်ရှိသူများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အားလုံးပါဝင်သောမူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ SocDem Asia ၏ စီစဉ်မှုဖြင့် အားလုံးပါဝင်သောမူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ကို ၂၀၁၇၊ ဇွန်လ ၄ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

တိုးတက်သောမဟာမိတ်အဖွဲ့(Progressive Alliance) ညီလာခံသို့ တက်ရောက် တိုးတက်သော မဟာမိတ်အဖွဲ့( Progressive Alliance)က ဦးဆောင်ပြုလုပ်သည့် ”မျှတ၍ ကြွယ်ဝသော ကမ္ဘာအတွက် လူမှုတရားမျှတရေးနှင့် အစဉ်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှု” ခေါင်းစဉ်ဖြင့် ညီလာခံတရပ်ကို မွန်ဂိုးလီးယား ပြည်သူ့ပါတီက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသည်။ ညီလာခံကို ၂၀၁၇၊ မေလ ၂၅ ရက်နှင့် ၂၆ ရက်နေ့တို့တွင် မွန်ဂိုလီးယားနိုင်ငံမြို့တော်၊ အူလန်ဘာတာမြို့၊ ရှန်ဂရီလာဟိုတယ်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်သည် PA ၏ ကြိုးကိုင်ကော်မီတီဝင်တဦးအနေဖြင့် ညီလာခံတက်ရောက်ခဲ့ပါသည်။ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်တို့ကလည်း လေ့လာသူများအနေဖြင့် တက်ရောက်ခဲ့ကြပါသည်။ ညီလာခံသို့ သြစတြေးလျ၊ ကော်စတာရီကာ၊ ဂျော့်ဂျီယာ၊ ဂျာမဏီ၊ အင်ဒိုနီးရှား၊ ...

(၂၁)ရာစုပင်လုံဒုတိယအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့တက်ရောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇၊ မေလ ၂၄ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ MICC II ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ