ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

နောက်ဆုံးရသတင်းများ

“ဖက်ဒရယ်၏အခြေခံသဘောတရားများ”ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် ပြုလုပ် March 20, 2019

ဖက်ဒရယ်စနစ်၏အခြေခံမူများ အလုပ်ရုံဆွေးနွေးပွဲ အင်္ဂပူတွင်ပြုလုပ် March 17, 2019

CCTU နှင့် IWWO အလုပ်သမားသမဂ္ဂများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ March 17, 2019

ကနေဒါနိုင်ငံတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဂုဏ်ပြုပွဲအခမ်းအနားသို့ DPNS အမျိုးသမီးလုပ်ငန်းကော်မတီက ပေးပို့သည့်သဝဏ်လွှာ March 16, 2019

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပွင့်ဖြူမြို့နယ် ရုံးခန်းဖွင့်လှစ် March 13, 2019

ပါတီဥက္ကဋ္ဌဟောင်း ရဲဘော်မြင့်ဇော်၏ ကျန်ရစ်သူမိသားစုများအား သွားရောက်တွေ့ဆုံ March 5, 2019

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်တို့၏ အစည်းအဝေးတက်ရောက် March 3, 2019

တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးကို အစိုးရနှင့် တပ်မတော်က ဦးစွာဆောင်ရွက်ရန် မေတ္တာရပ်ခံကြောင်း UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ထုတ်ပြန် March 1, 2019

တိုင်းပြည်အကျိုးကို ရှေ့ရှု၍ တပ်မတော်အား နိုင်ငံရေးမှ ဆုတ်ခွာရန် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ မေတ္တာရပ်ခံ February 28, 2019

တိုင်းရင်းသားလူမျိုးများရေးရာစင်တာ(ပြည်ထောင်စုမြန်မာနိုင်ငံ) ENAC က စီစဉ်ပြုလုပ်သည့် ဖက်ဒရယ်စနစ် မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက် February 28, 2019


အမြင်သဘောထား


ထုတ်ပြန်ချက်များ


ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီ အစည်းအဝေး ပြုလုပ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီ အစည်းအဝေးကို ဖေဖော်ဝါရီလ၊ ၁၉ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် အမျိုးသမီးကော်မတီက ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

လွပ်လပ်သောမြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲ တက်ရောက် လွပ်လပ်သောမြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲကို ဇန်န၀ါရီလ ၁၈ ရက် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ဇန်နဝါရီ ၁၀ ရက်နေ့က နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ပြုလုပ်သည့် အလုပ်ရှင်၊ အလုပ်သမားပဋိပက္ခများနှင့် လိုအပ်မည့်စည်းမျဉ်း၊စည်းကမ်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ အမြဲတန်းအတွင်းဝန် ဦးမျိုးအောင်က အလုပ်ရှင်၊ အလုပ်သမားပြဿနာ ကြီးထွားလာခြင်းတွင် တရားမဝင်အဖွဲ့အစည်းများ (အလုပ်သမားရေးရာ ကူညီဆောင်ရွက်သူများ) ပါဝင်ပတ်သက်နေကြောင်း ပြောကြားခဲ့ခြင်းအပေါ် ပြန်လည်ရှင်းလင်း ကန့်ကွက်သည့် သတင်းစာရှင်းလင်းပွဲဖြစ်ပါသည်။ ၎င်းသတင်းစာရှင်းလင်းပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အလုပ်သမားရေးရာကော်မတီမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။

ပြည်သူ့တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် ကျဆုံးခြင်း ၂၆ နှစ်ပြည့်အခမ်းအနား တက်ရောက် ပြည်သူ့တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် ကျဆုံးခြင်း ၂၆ နှစ်ပြည့်အခမ်းအနားကို ၂၀၁၉၊ ဖေဖော်ဝါရီ၊ ၁၆ ရက်နေ့တွင် တောင်ဥက္ကလာပ၊ စိတ်တိုင်းကျလက်ဖက်ရည်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်သူ့တိုးတက်ရေးပါတီ ခေါင်းဆောင်များ၊ ကိုကိုးကျွန်းပြန်ရဲဘော်ကြီးများက ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပါသည်။ ဦးခင်မောင်မြင့်သည် အသက် ၁၅ နှစ်သားခန့်အရွယ်မှစတင်ကာ ဖက်ဆစ်နယ်ချဲ့ဆန့်ကျင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးလှုပ်ရှားမှုများတွင် အစဉ်တစိုက် ပါဝင်ခဲ့သူဖြစ်သည်။ စစ်အစိုးရအဆက်ဆက်၏ အကြိမ်ကြိမ် ဖမ်းဆီးအကျဉ်းချခြင်းကို ခံရကာ ကိုကိုးကျွန်းအကျဉ်းစခန်းသို့လည်း ပို့ဆောင်ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ထောင်တွင်းတိုက်ပွဲများ၊ ကျွန်းစနစ်ဖျက်သိမ်းရေးတိုက်ပွဲများတွင် ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့သည်။ နိုင်ငံရေးဆောင်ရွက်မှုသမိုင်းတလျှောက်တွင် ဂျပန်တော်လှန်ရေး ဆက်သား၊ ရကသ၊ ဗကသ၊ တကသ အမှုဆောင်၊ ငါးခရိုင် ပြည်တွင်းငြိမ်းချမ်းရေးဆန္ဒပြပွဲ ပဲခူးစစ်ကြောင်းမှူး၊ ပြည်သူ့ဒီမိုကရေစီပါတီ ဗဟိုကော်မတီဝင်၊ ပမညတ(ဌာနချုပ်) သဘာပတိအဖွဲ့ဝင်၊ ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဋ္ဌ၊ ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ်(ဒမဖ) နာယကအဖွဲ့ဝင် အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ အင်းစိန်ထောင်တွင်း၌ အပြင်းအထန် နာမကျန်းဖြစ်ချိန်တွင် ...

“မြန်မာနိုင်ငံတိုးတက်စည်ပင်ရေး အမျိုးသမီးလုပ်အားဖြင့် ကူညီပေး”ဆွေးနွေးပွဲတက်ရောက် “မြန်မာနိုင်ငံတိုးတက်စည်ပင်ရေး အမျိုးသမီးလုပ်အားဖြင့် ကူညီပေး” ခေါင်းစဉ်ဖြင့် Lendesa က စီစဉ်ပြုလုပ်သည့် ဆွေးနွေးပွဲကို Women Lead Resource Centre တွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။ မြေယာကဏ္ဍတွင် အမျိုးသမီးများ၏ပါဝင်မှုနှင့် ခေါင်းဆောင်မှု မြှင့်တင်ပေးနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး DPNS အမျိုးသမီးလုပ်ငန်းကော်မတီတာဝန်ရှိသူများလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ