ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

နောက်ဆုံးရသတင်းများ

 DPNS ရွေးကောက်ပွဲအောင်နိုင်ရေး ကျေးလက်ခရီး September 27, 2018

 DPNS မြင်းခြံမြို့နယ် ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ September 27, 2018

 DPNS ရွေးကောက်ပွဲအောင်နိုင်ရေး လူထုစည်းရုံးရေးခရီးစဉ် September 25, 2018

မြင်းခြံမြို့နယ် ကျေးရွာနှစ်ရွာတွင် DPNS ရပ်ကျေးဆိုင်းဘုတ်တင် September 25, 2018

 ရွေးကောက်ပွဲအောင်နိုင်ရေး လူထုစည်းရုံးရေးခရီး September 24, 2018

မြင်းခြံမြို့နယ် DPNS ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ September 24, 2018

မြင်းခြံမြို့နယ် ဆင်းဂွတ်၊ ရွာရှည်၊ လှိုင်းတက်၊ ဖက်ပင်အိုင်၊ ကျောက်တိုင်၊ ကန်နီ၊ ကတော၊ ဆုံရွာတို့တွင် ရပ်ကျေးဆိုင်းဘုတ်များ စိုက်ထူ September 23, 2018

DPNS ရပ်ကျေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုစည်းရုံးရေးခရီးစဉ် September 22, 2018

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားများသို့ တက်ရောက် September 21, 2018

“နှစ် ၇၀ စာ ငြိမ်းချမ်းရေးဆောင်းအိပ်မက်များ” ငြိမ်းချမ်းရေးအပေါ် လူငယ့်အမြင်များဆွေး​နွေးပွဲနှင့် ဂီတဖျော်ဖြေပွဲ September 21, 2018


အမြင်သဘောထား


ထုတ်ပြန်ချက်များ


ပါတီလှုပ်ရှားမှုများ

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၂၉ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား ( ပြည်မြို့) ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၂၉ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ပြည်မြို့အိုးဝေပညာဒါနကျောင်း၌ ၈-၈-၂၀၁၇ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်(ပြည်ခရိုင်) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗကသများအဖွဲ့ချုပ်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့ ပူးပေါင်းကျင်းပကြခြင်းဖြစ်သည်။ အခမ်းအနားတက်ရောက်လာသူများက အမှတ်တရစကား ပြောကြားခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဗဟိုစည်းရုံးရေးကော်မတီဝင် ဦးအောင်မြင့်စိန်ကလည်း ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ပါသည်။ ပါတီဌာနချုပ်မှပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာကိုလည်း ဖတ်ကြားခဲ့ပါသည်။

YNS နှင့် YES တို့ ပူးပေါင်းကျင်းပသည့်၂၉ နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အခမ်းအနား ၂၉ နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို လူ့ဘောင်သစ်လူငယ်(YNS)နှင့် လူငယ်စွမ်းရည်မြှင့်သင်တန်းကျောင်း(YES)တို့ ပူးပေါင်း၍ ၈-၈-၂၀၁၇ နေ့လည်ပိုင်းက YES ကျောင်း၌ ကျင်းပခဲ့ကြပါသည်။ အခမ်းအနားတွင် ရှစ်လေးလုံးအရေးတော်ပုံကာလနှင့် လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများကို ဦးအောင်မိုးဇော်နှင့် ဒေါ်နိုးနိုးထက်စံတို့က ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များ လူ့ဘောင်သစ်လူငယ်များနှင့် YES ကျောင်းသားကျောင်းသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အခြေခံပညာလုပ်သားများသမဂ္ဂ ဖြစ်မြောက်ရေးအဖွဲ့နှင့် NNER တို့ ဆွေးနွေးပွဲပြုလုပ် အခြေခံပညာလုပ်သားများသမဂ္ဂ ဖြစ်မြောက်ရေးအဖွဲ့နှင့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)တို့သည် ၆-၇-၂၀၁၇ ရက်နေ့တွင် NNER ရုံးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် အခြေခံပညာလုပ်သားများသမဂ္ဂ ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများနှင့် NNER က ကူညီဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

၄၆ နှစ်မြောက် ကိုကိုးကျွန်းပြည်သူ့သူရဲကောင်းနေ့ အခမ်းအနား သို့တက်ရောက် ၄၆ နှစ်မြောက် ကိုကိုးကျွန်းပြည်သူ့ သူရဲကောင်းနေ့ အခမ်းအနားကို ၃၁-၇-၂၀၁၇ နံနက်ပိုင်းက တောင်ဥက္ကလာပ စိတ်တိုင်းကျခန်းမတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားမှူးအဖြစ် ကျွန်းပြန်ရဲဘော်ကြီး ဦးကျော်စိုးက ဆောင်ရွက်ခဲ့ပြီး ကိုကိုးကျွန်းပြန်ရဲဘော်များကိုယ်စား ကျွန်းပြန်ရဲဘော်ကြီး ဦးလှချိုက အဖွင့်အမှတ်တရစကား ပြောကြားခဲ့ပါသည်။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့မှ ဦးစိုင်းညွန့်လွင် ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုမှ ဦးစံနု ဦးကျော်အောင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဒေါ်နှင်းနှင်းမွှေးတို့က အမှတ်တရ ဂုဏ်ပြုစကား ပြောကြားကြပြီး သဝဏ်လွှာများ ဖတ်ကြားခဲ့ကြပါသည်။ ကိုကိုးကျွန်းပြန်နိုင်ငံရေးရဲဘော်များ၏ သဘောထားကြေညာချက်တစောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ