ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

နောက်ဆုံးရသတင်းများ

“ဖက်ဒရယ်၏အခြေခံသဘောတရားများ”ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် ပြုလုပ် March 20, 2019

ဖက်ဒရယ်စနစ်၏အခြေခံမူများ အလုပ်ရုံဆွေးနွေးပွဲ အင်္ဂပူတွင်ပြုလုပ် March 17, 2019

CCTU နှင့် IWWO အလုပ်သမားသမဂ္ဂများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ March 17, 2019

ကနေဒါနိုင်ငံတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဂုဏ်ပြုပွဲအခမ်းအနားသို့ DPNS အမျိုးသမီးလုပ်ငန်းကော်မတီက ပေးပို့သည့်သဝဏ်လွှာ March 16, 2019

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပွင့်ဖြူမြို့နယ် ရုံးခန်းဖွင့်လှစ် March 13, 2019

ပါတီဥက္ကဋ္ဌဟောင်း ရဲဘော်မြင့်ဇော်၏ ကျန်ရစ်သူမိသားစုများအား သွားရောက်တွေ့ဆုံ March 5, 2019

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်တို့၏ အစည်းအဝေးတက်ရောက် March 3, 2019

တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးကို အစိုးရနှင့် တပ်မတော်က ဦးစွာဆောင်ရွက်ရန် မေတ္တာရပ်ခံကြောင်း UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ထုတ်ပြန် March 1, 2019

တိုင်းပြည်အကျိုးကို ရှေ့ရှု၍ တပ်မတော်အား နိုင်ငံရေးမှ ဆုတ်ခွာရန် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ မေတ္တာရပ်ခံ February 28, 2019

တိုင်းရင်းသားလူမျိုးများရေးရာစင်တာ(ပြည်ထောင်စုမြန်မာနိုင်ငံ) ENAC က စီစဉ်ပြုလုပ်သည့် ဖက်ဒရယ်စနစ် မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက် February 28, 2019


အမြင်သဘောထား


ထုတ်ပြန်ချက်များ


ပါတီလှုပ်ရှားမှုများ

ရေကြည်မြို့နယ် ၊ငသိုင်းချောင်းမြို့ ၊ကွင်းပေါက်ကျေးရွာအုပ်စု ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့ ကွင်းပေါက်ကျေးရွာအုပ်စု ရပ်ကျေးရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲကို ၂၀၁၇ ဒီဇင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ပါသည်။ ဆိုင်းဘုတ်တင်ပွဲသို့ ရေကြည်မြို့နယ် စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးစောအောင်နှင့် မြို့နယ်စည်းကော်မတီဝင်များ ကွင်းပေါက်ကျေးရွာအုပ်စု ရပ်ကျေးစည်းကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

“အမျိုးသမီးများဦးဆောင်မှုအလုပ်ရုံဆွေးနွေးပွဲ” ပထမနေ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက စီစဉ်ပြုလုပ်သည့် “အမျိုးသမီးများဦးဆောင်မှုအလုပ်ရုံဆွေးနွေးပွဲ” ပထမနေ့ကို ၂၀၁၇ ဒီဇင်္ဘာ ၂၇ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲ၌ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်က အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်မှု အခြေအနေ မြင့်တက်လာစေရေးသည် အမှန်တကယ် အရေးကြီးသည့်လုပ်ငန်းဖြစ်ကြောင်း ပါတီအနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်သည့်ကိစ္စများရှိပါကလည်း အစွမ်းကုန် အကူအညီပေးမည်ဖြစ်ကြောင်းကို ထည့်သွင်းပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါတီလုပ်ငန်းများဆောင်ရွက်ရာ၌ အမျိုးသမီးများပါဝင်မှု မြင့်တက်လာစေရန် လုပ်ဆောင်ရမည့် အခြေအနေများ တွေ့ကြုံရသည့်အခက်အခဲများကို ဝိုင်းဝန်းဆွေးနွေးအဖြေရှာခဲ့ကြပါသည်။ဆွေးနွေးပွဲကို ငါးရက်ကြာကျင်းပမည်ဖြစ်ပြီး ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်အမျိုးသမီးများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]

လူငယ်စွမ်းရည်မြှင့်တင်ရေးသင်တန်းကျောင်း(YES) အပတ်စဉ် (၄)သင်တန်းဆင်းပွဲ အခမ်းအနား လူငယ်စွမ်းရည်မြှင့်တင်ရေးသင်တန်းကျောင်း(YES) အပတ်စဉ် (၄)သင်တန်းဆင်းပွဲကို သင်တန်းကျောင်းတည်ရှိရာ ရန်ကုန်မြို့၌ ၂၀၁၇ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင် သင်တန်းကျောင်းတာဝန်ရှိသူများနှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် လူ့ဘောင်သစ်လူငယ်ဥက္ကဋ္ဌ ကိုရဲအောင်အေးတို့က ဂုဏ်ပြုအမှတ်တရစကား ပြောကြားပေးခဲ့ပါသည်။ သင်တန်းဆင်းပွဲသို့ သင်တန်းသူသင်တန်းသားများနှင့် မိဘဆွေမျိုးများ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ ” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]   

၈၈ မျိုးဆက်(ပြည်ပ)နှင့် ပြည်တွင်းနိုင်ငံရေးအင်အားစုများ တွေ့ဆုံပွဲ တက်ရောက် ၈၈ မျိုးဆက်(ပြည်ပ)နှင့် ပြည်တွင်းနိုင်ငံရေးအင်အားစုများ တွေ့ဆုံပွဲကို ၂၃-၁၂-၂၀၁၇ တွင် ပြည်လမ်းရှိ ယုဒသန်ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းတွေ့ဆုံပွဲသို့ ရွှေဝါရောင်သံဃာတော်များ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၁၉၆၀-၆၂ ကျောင်းသားခေါင်းဆောင်များ ၇၄-၇၅ နိုင်ငံရေးအင်အားစုများ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် ဗကသများအဖွဲ့ချုပ် အခြေခံပညာကျောင်းသားများသမဂ္ဂ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်ခဲ့ကြသူများ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် မျိုးဆက်အသီးသီး အင်အားစုအသီးသီးက အမှတ်တရစကား ပြောကြားခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ ပြောကြားခဲ့ပါသည်။ ” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]  


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ