ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

နောက်ဆုံးရသတင်းများ

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို မြင်းခြံမြို့နယ် လေးရွာဆုံကျေးရွာတွင် ပြုလုပ် June 21, 2019

DPNS မန္တလေးတိုင်း ပါတီကော်မတီဖော်ဆောင်ရေး ဆွေးနွေး June 20, 2019

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို မြင်းခြံမြို့နယ် ထနောင်းတိုင်ကျေးရွာတွင် ပြုလုပ် June 19, 2019

၂ဝ၂ဝ ရွေးကောက်ပွဲကို တိုင်းရင်းသားနဲ့မဟာမိတ်ပါတီတွေ ဘယ်လိုအနိုင်ယူမလဲ June 15, 2019

မန္တလေးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများအကြား တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲတက်ရောက် June 12, 2019

ပြည်သူ့စာဆို ဆရာဗန်းမော်တင်အောင် ရာပြည့်အကြိုအခမ်းအနား တက်ရောက် June 9, 2019

သြစတြေးလျလေဘာပါတီက ကြီးမှူးပြုလုပ်သော အမျိုးသမီးကိုယ်စားလှယ်လောင်းများဆိုင်ရာသင်တန်း တက်ရောက် June 8, 2019

နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေး နယ်ပယ်က တပ်မတော် ဆုတ်ခွာမလား (ရုပ်/သံ) June 7, 2019

၇၄-၇၅-၇၆ အလုပ်သမားအရေးအခင်းနှင့် ကျောင်းသားလှုပ်ရှားမှု ၄၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား တက်ရောက် June 6, 2019

ရွေးကောက်ပွဲများတွင် လူမှုကွန်ရက်အား အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ June 6, 2019


အမြင်သဘောထား


ထုတ်ပြန်ချက်များ


ပါတီလှုပ်ရှားမှုများ

ကိုကိုးကျွန်းပြန်ရဲဘော်(ဦး)ဖေအောင်(၈၄ နှစ်)၏ ဈာပနအခမ်းအနား ကိုကိုးကျွန်းပြန်ရဲဘော်(ဦး)ဖေအောင်(၈၄ နှစ်)၏ ဈာပနအခမ်းအနားကို ၂၀၁၈၊ မေလ၊ ၇ ရက်နေ့ ညနေ ၄း၀၀ နာရီတွင် ရန်ကုန်မြို့၊ ရေဝေးသုဿန်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကျွန်းပြန်ရဲဘော်ကြီးများက ပန်းခြင်းချအလေးပြုခဲ့ကြပြီး ပေးပို့လာသည့် သ၀ဏ်လွှာများကို ဖတ်ကြားခဲ့ကြပါသည်။ ကျွန်းပြန်နိုင်ငံရေးအင်အားစု၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဆိုရယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့တိုးတက်ရေးပါတီ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ရဲဘော်ရဲဘက်များ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်များ၊ မိသားစုဝင်များ၊ ဆွေမျိုးမိတ်ဆွေသင်္ဂဟများ ဈာပနလိုက်ပါပို့ဆောင်ခဲ့ကြပါသည်။ ရဲဘော်(ဦး)ဖေအောင်သည် စစ်ပြီးခေတ် ကျောင်းသားလှုပ်ရှားမှုများတွင် စတင်ပါဝင်ခဲ့ကာ ဗကသများအဖွဲ့ချုပ်၏ ကေဒါတစ်ဦးဖြစ်ပြီး ၁၉၅၃၊ အောက်တိုဘာ ...

တိုးတက်သောဒီမိုကရက်တစ်အင်အားစု(PDF)နှင့် မဟာမိတ်အင်အားစုများ၏ အစည်းအဝေး တိုးတက်သောဒီမိုကရက်တစ်အင်အားစု(PDF)နှင့် မဟာမိတ်အင်အားစုများ၏ အစည်းအဝေးကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံး၌ ၂၀၁၈ မေလ ၂ ရက်နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ယနေ့ကာလငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ လတ်တလောဆောင်ရွက်သင့်သည်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအင်အားစု၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ဉာဏ်လင်းသစ်ရည်ညွှန်းစာကြည့်တိုက်၊ စစ်မှန်သောပြည်သူ့ကျေးကျွန်အဖွဲ့၊ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်တို့မှခေါင်းဆောင်များ အစည်းအဝေးတက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

အနာဂတ်နိုင်ငံတော် တည်ဆောက်ခြင်း “Building The Future State ” ဆွေးနွေးပွဲ အနာဂတ်နိုင်ငံတော် တည်ဆောက်ခြင်း “Building The Future State ” ဆွေးနွေးပွဲကို စည်လုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့နှင့် တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့တို့က ရန်ကုန်မြို့ Melia ဟိုတယ်တွင် ပူးပေါင်းကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲကို ၂၀၁၈ ဧပြီလ ၂၉ ရက်နေ့နံနက် ၈း၀၀ နာရီမှ နေ့လည် ၁း၀၀ အထိ ကျင်းပခဲ့ပါသည်။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA+ မှ တိုင်းရင်းသားလူငယ်ခေါင်းဆောင် ( ၅၀)ဦး၊ UNA+ မှခေါင်းဆောင်းများ၊ အဖွဲ့ဝင်များနှင့် ကွန်ရက်များမှ ဖိတ်ကြားထားသူများ တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့ဝင်များ စုစုပေါင်း ၁၀၀ ဦးခန့် ဆွေးနွေးပွဲတက်ရောက်ခဲ့ကြသည်။ အဆိုပါ Pannel Discussion ...

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီအစည်းအဝေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီအစည်းအဝေးကို ၂၀၁၈ ဧပြီလ ၂၉ ရက်နေ့တွင် DPNS မြင်းခြံမြို့နယ်ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များ အစည်းအဝေးတက်ရောက်ခဲ့ကြပြီး လတ်တလောဆောင်ရွက်ရန်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ