ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

နောက်ဆုံးရသတင်းများ

၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံရေးပါတီတစ်ရပ်တည်ထောင်ရန် မိတ်ဖက်နိုင်ငံရေးအင်အားစုများနှင့် တွေ့ဆုံ April 5, 2019

မြစ်​ဆုံစီမံကိန်း အပြီးတိုင်​ဖျက်​သိမ်း​ရေး နိုင်​ငံလုံးဆိုင်​ရာအစည်းအ​ဝေး တက်ရောက် April 1, 2019

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ကိုယ်စားပြုကော်မတီအစည်းအဝေး ကျင်းပ March 31, 2019

ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) နှစ်(၂၀)ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ March 28, 2019

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ March 23, 2019

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အခမ်းအနားကို ရွှေတောင်မြို့ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံး၌ ကျင်းပ March 23, 2019

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ March 23, 2019

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ပုသိမ်၊ချောင်းသာ ပါတီကော်မတီခေါင်းဆောင်များအစည်းအဝေးကို ပုသိမ်မြို့တွင်ပြုလုပ် March 22, 2019

“ဖက်ဒရယ်၏အခြေခံသဘောတရားများ”ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် ပြုလုပ် March 20, 2019

ဖက်ဒရယ်စနစ်၏အခြေခံမူများ အလုပ်ရုံဆွေးနွေးပွဲ အင်္ဂပူတွင်ပြုလုပ် March 17, 2019


အမြင်သဘောထား


ထုတ်ပြန်ချက်များ


ပါတီလှုပ်ရှားမှုများ

တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးကို အစိုးရနှင့် တပ်မတော်က ဦးစွာဆောင်ရွက်ရန် မေတ္တာရပ်ခံကြောင်း UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ထုတ်ပြန် တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် တာဝန်အရှိဆုံးမှာ အစိုးရ၊ တပ်မတော်နှင့် လက်နက်ကိုင်အင်အားစုများပင်ဖြစ်ပြီး အစိုးရနှင့် တပ်မတော်တို့က ပထမဦးစွာ ဆောင်ရွက်ရန် မေတ္တာရပ်ခံကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများ စတုတ္ထအကြိမ်မြောက် နှီးနှောဖလှယ်ပွဲက သဘောထား ထုတ်ပြန်သည်။ “ဖက်ဒရယ်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေး” ခေါင်းစဉ်များဖြင့် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ Best Western Green Hill Hotel တွင် ဖေဖော်ဝါရီ ၂၆ ရက်နှင့် ၂၇ ရက် နှစ်ရက်တာ ကျင်းပပြီး အချက် ၉ ချက်ပါ ...

တိုင်းပြည်အကျိုးကို ရှေ့ရှု၍ တပ်မတော်အား နိုင်ငံရေးမှ ဆုတ်ခွာရန် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ မေတ္တာရပ်ခံ တ တိုင်းပြည်၏ အကျိုးကို တည့်တည့်ကြည့်ကာ နိုင်ငံရေးနယ်ပယ်မှ ဆုတ်ခွာရန် တပ်မတော်ကို စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ညှိနှိုင်းဆွေးနွေးပွဲက မေတ္တာရပ်ခံတိုက် တွန်းသည်။ UNA က ဦးစီးကာ ၎င်းတို့၏ မိတ်ဖက်အဖွဲ့များနှင့် ပြုလုပ်ခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲအပြီးတွင် ယခုကဲ့သို့ ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။ စတုတ္ထအကြိမ် ပြုလုပ်သော ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၂၆ နှင့် ၂၇ နှစ်ရက်ကြာ ပြုလုပ်ခဲ့ပြီး အဖွဲ့အစည်း ၂၀ တက်ရောက်ခဲ့သည်။ အနိမ့်ဆုံးအဆင့်အနေဖြင့် လက်ရှိတိုင်းပြည်၏ လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် တပ်မတော်သည် နိုင်ငံရေးနယ်ပယ်မှ ဆုတ်ခွာရန် ခက်ခဲနေပါက မည်သည့်ကာလ၊ မည်သည့်အခြေအနေတွင် ဆုတ်ခွာမည်ဖြစ်ကြောင်းကို အချိန်ဇယားအတိအကျဖြင့် ပြည်သူများအား ကတိပြုပြောကြားရန်လည်း ၎င်းတို့က ဆိုသည်။ “အားလုံးကတော့ တိတိကျကျ သိချင်တယ်။ ရက်အတိအကျ သိချင်တယ်။ အဲဒီသဘောပါ” ...

တိုင်းရင်းသားလူမျိုးများရေးရာစင်တာ(ပြည်ထောင်စုမြန်မာနိုင်ငံ) ENAC က စီစဉ်ပြုလုပ်သည့် ဖက်ဒရယ်စနစ် မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက် တိုင်းရင်းသားလူမျိုးများရေးရာစင်တာ(ပြည်ထောင်စုမြန်မာနိုင်ငံ) ENAC က စီစဉ်ပြုလုပ်သည့် ဖက်ဒရယ်စနစ် မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ ဖေဖော်ဝါရီ ၂၃ နှင့် ၂၄ ရက်နေ့များတွင် ရန်ကုန်မြို့ Green Hill Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ENAC က လေ့လာပြုစုထားသည့် ဖက်ဒရယ်ဘဏ္ဍာရေးစနစ်၊ မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေးစနစ်၊ အရပ်ဘက်စစ်ဘက်ဆက်ဆံရေး၊ ပြည်နယ်လုံခြုံရေးဆိုင်ရာ လေ့လာမှုများ၊ စွမ်းအင်ဆိုင်ရာမူဝါဒ(မူကြမ်း) တို့အား တင်ပြခဲ့ပြီး တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)အဖွဲ့ဝင် ပါတီများ၊ UNA + ခေါင်းဆောင်များ တက်ရောက်ခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးနှင့် လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီဝင် မဆုပြည့်သော်တာ တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA – United Nationalities Alliance)နှင့် မိတ်ဖက်အဖွဲ့အစည်းအများ နှီးနှောဖလှယ်ပွဲ တက်ရောက်ဆွေးနွေး စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA – United Nationalities Alliance)နှင့် မိတ်ဖက်အဖွဲ့အစည်းအများ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့ရှိ Green Hill Hotel ၌ ဖေဖော်ဝါရီ ၂၆ ရက် နှင့် ၂၇ ရက်တို့တွင် ကျင်းပခဲ့သည်။“ ဖက်ဒရယ်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး” ဟူသည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြစ်ပြီး ပထမရက်တွင် UNA အတွင်းရေးမှူးအဖွဲ့ဝင် ဦးစိုင်းညွန်လွင်နှင့် ဒုတိယရက်တွင်  လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်ဇော်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပါသည်။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့ဝင်ပါတီများ၊ မိတ်ဖက်ပါတီများ၊ မိတ်ဖက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ မိတ်ဖက် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ခေါင်းဆောင်များက ဖယ်ဒရယ်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ သဘောထားအမြင်များကို တင်ပြခြင်း၊ည ဖယ်ဒရယ်ပြည်ထောင်စု ...


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ