ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

နောက်ဆုံးရသတင်းများ

၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံရေးပါတီတစ်ရပ်တည်ထောင်ရန် မိတ်ဖက်နိုင်ငံရေးအင်အားစုများနှင့် တွေ့ဆုံ April 5, 2019

မြစ်​ဆုံစီမံကိန်း အပြီးတိုင်​ဖျက်​သိမ်း​ရေး နိုင်​ငံလုံးဆိုင်​ရာအစည်းအ​ဝေး တက်ရောက် April 1, 2019

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ကိုယ်စားပြုကော်မတီအစည်းအဝေး ကျင်းပ March 31, 2019

ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) နှစ်(၂၀)ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ March 28, 2019

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ March 23, 2019

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အခမ်းအနားကို ရွှေတောင်မြို့ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံး၌ ကျင်းပ March 23, 2019

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ March 23, 2019

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ပုသိမ်၊ချောင်းသာ ပါတီကော်မတီခေါင်းဆောင်များအစည်းအဝေးကို ပုသိမ်မြို့တွင်ပြုလုပ် March 22, 2019

“ဖက်ဒရယ်၏အခြေခံသဘောတရားများ”ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် ပြုလုပ် March 20, 2019

ဖက်ဒရယ်စနစ်၏အခြေခံမူများ အလုပ်ရုံဆွေးနွေးပွဲ အင်္ဂပူတွင်ပြုလုပ် March 17, 2019


အမြင်သဘောထား


ထုတ်ပြန်ချက်များ


ပါတီလှုပ်ရှားမှုများ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၂ နှစ်မြောက်မွေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၂ နှစ်မြောက်မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ဆရာကြီးမွေးဖွားရာဇာတိဖြစ်သည့် ပဲခူးတိုင်း ရွှေတောင်မြို့နယ်ရှိ ရွှေမျက်မှန်ကျောင်းတိုက်၌ ၂၀၁၈ မတ်လ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ပြည်ခရိုင်မှိုင်းငြိမ်းကွန်ရက်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး နိုင်ငံရေးပါတီများ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပြည်ထောင်စုတိုင်းရင်းသားများလယ်သမားသမဂ္ဂနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၂ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အခမ်းအနား သို့တက်ရောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၂ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၈ မတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီးမှိုင်းဂူဗိမာန်၌ ကျင်းပခဲ့ပါသည်။ နံနက်ပိုင်းတွင် ကဗျာရွတ်ဆိုပွဲ ပြုလုပ်ခဲ့ပြီး နေ့လည်ပိုင်းတွင် အခမ်းအနားကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ဦးစန္ဒာသီရိ(ရွှေဝါရောင်သံဃာတော်) ဦးအောင်စောဦး(မှိုင်းရာပြည့်) ဦးထွယ်နော်(ကချင်အမျိုးသားကွန်ဂရက်) ဦးအောင်မိုးဇော်(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ) မသက်ထားဆွေ(တောင်ဒဂုံဆိပ်ကမ်းမြို့နယ်အလုပ်သမားသမဂ္ဂ) ဦးသန်းအေး(မှော်ဘီမြို့နယ် လယ်သမားသမဂ္ဂ) ကိုအောင်ထက်အောင်(ဗကသများအဖွဲ့ချုပ်) ကိုကျော်ကိုကို(ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး)တို့က ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် မှိုင်းငြိမ်းကွန်ရက်တို့၏ သဘောထားထုတ်ပြန်ချက်ကို ဒေါ်ခင်ညိုလွင်က ဖတ်ကြားခဲ့ပါသည်။ ကျွန်းပြန်နိုင်ငံရေးအင်အားစု ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ နိုင်ငံရေးပါတီများ အရပ်ဖက်လူမှုအဖွဲ့အစည်းများ အလုပ်သမား လယ်သမားနှင့် ကျောင်းသမဂ္ဂများ မှိုင်းငြိမ်းကွန်ရက်များ စာပေအနေုပညာနယ်ပယ်မှပုဂ္ဂိုလ်များ ဆရာကြီအားချစ်ခင်လေးစားသူများ ၂၀၀ ...

မှိုင်းငြိမ်းချမ်းရေးကွန်ရက်များ၏ အစည်းအဝေး သို့တက်ရောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်များ၏ အစည်းအဝေးကို ၂၀၁၈ မတ်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီးမှိုင်းဂူဗိမာန်၌ ပြုလုပ်ခဲ့ပါသည်။ ရန်ကုန် မှော်ဘီ မန္တလေး မြင်းခြံ မုံရွာ ပခုက္ကူ ပြည်ခရိုင်မှိုင်းငြိမ်းကွန်ရက်အဖွဲ့ဝင်များ အစည်းအဝေး တက်ရောက်ခဲ့ကြပါသည်။ ဗကသများအဖွဲ့ချုပ်ကလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် မိမိတို့ကွန်ရက်အသီးသီး၏ လှုပ်ရှားဆောင်ရွက်နေပုံများကို တင်ပြခဲ့ကြပြီး ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း(DDR) အလုပ်ရုံဆွေးနွေးပွဲဒုတိယနေ့ သို့တက်ရောက် မြန်မာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးသိပ္ပံမှ စီစဉ်ကျင်းပသည့် လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း(DDR) အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် နိုင်ငံရေးပါတီများ UPDJC အဖွဲ့ဝင်များ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ