ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

နောက်ဆုံးရသတင်းများ

“ဖက်ဒရယ်၏အခြေခံသဘောတရားများ”ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် ပြုလုပ် March 20, 2019

ဖက်ဒရယ်စနစ်၏အခြေခံမူများ အလုပ်ရုံဆွေးနွေးပွဲ အင်္ဂပူတွင်ပြုလုပ် March 17, 2019

CCTU နှင့် IWWO အလုပ်သမားသမဂ္ဂများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ March 17, 2019

ကနေဒါနိုင်ငံတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဂုဏ်ပြုပွဲအခမ်းအနားသို့ DPNS အမျိုးသမီးလုပ်ငန်းကော်မတီက ပေးပို့သည့်သဝဏ်လွှာ March 16, 2019

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပွင့်ဖြူမြို့နယ် ရုံးခန်းဖွင့်လှစ် March 13, 2019

ပါတီဥက္ကဋ္ဌဟောင်း ရဲဘော်မြင့်ဇော်၏ ကျန်ရစ်သူမိသားစုများအား သွားရောက်တွေ့ဆုံ March 5, 2019

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်တို့၏ အစည်းအဝေးတက်ရောက် March 3, 2019

တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးကို အစိုးရနှင့် တပ်မတော်က ဦးစွာဆောင်ရွက်ရန် မေတ္တာရပ်ခံကြောင်း UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ထုတ်ပြန် March 1, 2019

တိုင်းပြည်အကျိုးကို ရှေ့ရှု၍ တပ်မတော်အား နိုင်ငံရေးမှ ဆုတ်ခွာရန် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ မေတ္တာရပ်ခံ February 28, 2019

တိုင်းရင်းသားလူမျိုးများရေးရာစင်တာ(ပြည်ထောင်စုမြန်မာနိုင်ငံ) ENAC က စီစဉ်ပြုလုပ်သည့် ဖက်ဒရယ်စနစ် မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက် February 28, 2019


အမြင်သဘောထား


ထုတ်ပြန်ချက်များ


ပါတီလှုပ်ရှားမှုများ

ငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲ (ရန်ကုန်)သို့ တင်သွင်းသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ အမြင်သဘောထားစာတမ်း ငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲ (ရန်ကုန်)သို့ တင်သွင်းသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ အမြင်သဘောထားစာတမ်း (လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပြည်သူများ၏ အခန်းကဏ္ဍ)

မြင်းခြံမြို့နယ် ထနောင်းတိုင်ကျေးရွာအုပ်စု ဆိုင်းဘုတ်တင်ပွဲအခမ်းအနား မြင်းခြံမြို့နယ်၊ ထနောင်းတိုင်ကျေးရွာအုပ်စုတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ၂၀၁၈၊ ဇူလိုင်လ ၂၄ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။ ဆိုင်းဘုတ်တင်ပွဲတွင် ထနောင်းတိုင်ကျေးရွာအုပ်စု စည်းရုံးရေးတာဝန်ခံ ကိုပြည့်ဖြိုးဝင်းက ကြိုဆိုနှုတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပါတီ၏ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် လက်ရှိနိုင်ငံရေးအခြေအနေများကိုလည်းကောင်း၊ လူ့ဘောင်သစ်လူငယ်အကြောင်းကို မအိသဉ္ဇာမောင်ကလည်းကောင်း ပြောကြားခဲ့ကြပါသည်။ ထို့နောက် မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင် ဦးမျိုးဟန်တို့က ကျေးဇူးတင်စကား ပြောကြားခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် ဒေသခံလူငယ်များနှင့် ဆွေးနွေးပွဲစကားဝိုင်း ပြုလုပ်ခဲ့ပါသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း ၅၄ နှစ်မြောက် အခမ်းအနား ငြိမ်းချမ်းရေးပိသုကာကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း ၅၄ နှစ်မြောက် အခမ်းအနားကို ၂၀၁၈၊ ဇူလိုင်လ ၂၃ ရက်နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ကျင်းပခဲ့ပါသည်။ ကျွန်းပြန်နိုင်ငံရေးအင်အားစု၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်လူငယ်၊ စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်၊ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ၊ ကဗျာဆရာသမဂ္ဂ၊ တောင်သူလယ်သမားသမဂ္ဂ(မှော်ဘီ)၊ မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ လူငယ်စွမ်းရည်မြှင့်သင်တန်းကျောင်းသူကျောင်းသားများနှင့် ဆရာကြီးအားချစ်ခင်လေးစားသူများ အခမ်းအနားတက်ရောက်ခဲ့ကြပါသည်။ ဂုဏ်ပြုအမှတ်တရစကားများလည်း ပြောကြားခဲ့ကြပါသည်။

၇၁ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားများသို့ တက်ရောက်ဂါရ၀ပြု မြင်းခြံမြို့ မဏိကဉ္စနာခန်းမရှေ့တွင် ကျင်းပပြုလုပ်သည့် ၇၁ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ မြင်းခြံမြို့နယ်လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ တက်ရောက်အလေးပြုခဲ့ကြပါသည်။ ဘားအံမြို့ အာဇာနည်ကျောက်တိုင်ကွင်းတွင် ပြုလုပ်သည့် (၇၁)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်ခေါင်းဆောင်များ၊ ပါတီဝင်များ တက်ရောက်ဂါရဝပြုခဲ့ကြပါသည်။ ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်၌ကျင်းပသည့် (၇၁)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်) ကိုယ်စားလှယ်များ တက်ရောက်ဂါရဝပြုခဲ့ကြပါသည်။


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ