ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

နောက်ဆုံးရသတင်းများ

၇၁ နှစ်မြောက် ကရင်အမျိုးသားနေ့ အခမ်းအနားတက်ရောက် February 11, 2019

ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည် February 7, 2019

ငြိမ်းချမ်းရေး စကားဝိုင်း ကျင်းပရေး ညှိနှိုင်းအစည်းအဝေး February 5, 2019

ပါတီစည်းရုံးရေးစာစဉ် အတွဲ(၂)၊ အမှတ်(၅)၊ ဒီဇင်ဘာလ၊ ၂၀၁၈။ December 28, 2018

 DPNS ရွေးကောက်ပွဲအောင်နိုင်ရေး ကျေးလက်ခရီး September 27, 2018

 DPNS မြင်းခြံမြို့နယ် ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ September 27, 2018

 DPNS ရွေးကောက်ပွဲအောင်နိုင်ရေး လူထုစည်းရုံးရေးခရီးစဉ် September 25, 2018

မြင်းခြံမြို့နယ် ကျေးရွာနှစ်ရွာတွင် DPNS ရပ်ကျေးဆိုင်းဘုတ်တင် September 25, 2018

 ရွေးကောက်ပွဲအောင်နိုင်ရေး လူထုစည်းရုံးရေးခရီး September 24, 2018

မြင်းခြံမြို့နယ် DPNS ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ September 24, 2018


အမြင်သဘောထား


ထုတ်ပြန်ချက်များ


ပါတီလှုပ်ရှားမှုများ

အင်္ဂပူမြို့နယ် ကျေးရွာအုပ်စုစည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များနှင့် ဆွေးနွေးပွဲ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အင်္ဂပူမြို့နယ် ကျေးရွာအုပ်စုစည်းရုံးရေးကော်မတီဝင်များနှင့် ပါတီဝင်များအား ပါတီမိတ်ဆက်နှင့် အထွေထွေနိုင်ငံရေးသဘောထား ဖွဲ့စည်းပုံတို့ ရှင်းလင်းတင်ပြဆွေးနွေးပွဲကို ၂၀၁၈ ဇွန်လ ၂၈ ရက် နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ ပါတီအတွင်းရေးမှူး ၂ ဦးတိုးတိုးထွန်းနှင့်အဖွဲ့ ဦးဆောင်၍ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ တောင်ပို့ကျေးရွာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ေ

အင်္ဂပူမြို့နယ် ၊ နွားခြံကျေးရွာအုပ်စု ဆိုင်းဘုတ်တင်ပွဲနှင့် ပါတီဝင်လျှောက်လွှာ စုပေါင်းပေးအပ်ပွဲ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ နွားခြံကျေးရွာအုပ်စုတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ပါတီဝင်လျှောက်လွှာ စုပေါင်းပေးအပ်ပွဲကို ၂၀၁၈၊ ဇွန်လ ၂၈ ရက်နေ့နံနက်ပိုင်း၌ ပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ ပါတီဗဟိုစည်းရုံးရေးကော်မတီအတွင်းရေးမှူး ၂ ဦးတိုးတိုးထွန်းနှင့် အင်္ဂပူမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းတို့က အမှာစကားပြောကြားခဲ့ကြပြီး ပါတီဝင်လျှောက်လွှာများကို ဦးတိုးတိုးထွန်းက လက်ခံရယူခဲ့ပါသည်။ ထို့နောက် ကျေးရွာအုပ်စုစည်းရုံးရေးကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။

“အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ” ဆွေးနွေးပွဲ The Wings Intitute က စီစဉ်ကျင်းပသည့် “အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ” ဆွေးနွေးပွဲကို ၂၀၁၈ ဇွန်လ ၂၄ ရက် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဦးအောင်မိုးဇော်(ဥက္ကဋ္ဌ-လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)၊ ဦးစိုင်းညွန့်လွင်(အတွင်းရေးမှူး-ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်)၊ ဒေါ်စူဇန်နာလှလှစိုး(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)၊ ဦးမြအေး(ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု)တို့ ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။

NNER နှင့် တက္ကသိုလ်ဆရာဆရာများအသင်းတို့ ပူးပေါင်းကျင်းပသည့် ပညာရေးဟောပြောဆွေးနွေးပွဲ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နှင့် တက္ကသိုလ်ဆရာဆရာများအသင်းတို့ ပူးပေါင်းကျင်းပသည့် ပညာရေးဟောပြောဆွေးနွေးပွဲကို ၂၀၁၈ ဇွန်လ ၂၃ ရက်နေ့တွင် အင်းစိန်မြို့ ရန်ကုန်မျက်မမြင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲရေးတွင် ဆရာသမဂ္ဂများ၏ အခန်းကဏ္ဍ ဟူသည့်ခေါင်းစဉ်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ