ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၂၅၁)၊ တတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၉၅) ဝ၉၂၅၀၅၆၆၀၁၈
အီးမေးလ် - hqdpns@gmail.com
Facebook - Democratic Party for a New Society

နောက်ဆုံးရသတင်းများ

(၁၅)ကြိမ်မြောက် ကယန်းအမျိုးသားနေ့သို့ ပေးပို့သော ဂုဏ်ပြုသော သဝဏ်လွှာ April 15, 2015

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ပဏာမသဘောတူညီမှုများနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် (၄/ ၂၀၁၅) March 31, 2015

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၃၉) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ March 23, 2015

ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက် (၃/၂၀၁၅) March 10, 2015

ကျောင်းသားများ၏ အမျိုးသား ပညာရေးဉပဒေ ပြင်ဆင်ပေးရေး လှုပ်ရှားမှုအပေါ် အကြမ်းဖက် ဖြေရှင်းခြင်းမပြုရန် မေတ္တာရပ်ခံ တိုက်တွန်းခြင်း သဘောထား ထုတ်ပြန်ချက် (၂/၂၀၁၅) March 3, 2015

(၆၇) ကြိမ်မြောက် မွန်အမျိုးသားနေ့သို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ February 15, 2015

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ February 13, 2015

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေးအတွက် ကျောင်းသားများ၏ သပိတ်မှောက်တောင်းဆိုတိုက်ပွဲဝင်နေမှုများနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက် (၁ /၂၀၁၅) January 22, 2015

မန္တလေးမြို့ ဒေသဆိုင်ရာ လူထုစည်းဝေးပွဲကြီးသို့ပေးပို့သောလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ January 16, 2015

လက်ပန်းတောင်းဒေသ အကြမ်းဖက် ပစ်ခတ်မှုနှင့် ပတ်သတ်သော သဘောထား ထုတ်ပြန်ချက် (၂/၂၀၁၄) December 23, 2014


အမြင်သဘောထား


ထုတ်ပြန်ချက်များ


ပါတီလှုပ်ရှားမှုများ

ပါတီ တည်ထောင်ခြင်း ၂၉ နှစ်ပြည့်အထိမ်းအမှတ်”နိုင်ငံတကာနှင့် မြန်မာ့အရေး” နိုင်ငံရေးဟောပြောဆွေးနွေးပွဲ ကျင်းပ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း ၂၉ နှစ်ပြည့်အထိမ်းအမှတ် “နိုင်ငံတကာနှင့် မြန်မာ့အရေး” နိုင်ငံရေးဟောပြောဆွေးနွေးပွဲကို ၂၀၁၇ အောက်တိုဘာ ၁၄ ရက်နေ့လည် ၁း၀၀ နာရီ က ပါတီဌာနချုပ်ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ဦးအောင်သူငြိမ်း ဒေါက်တာရန်မျိုးသိမ်း ဦးအောင်မိုးဇော်တို့က ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ တက်ရောက်လာသူများကလည်း သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ပါတီမွေးနေ့အထိမ်းအမှတ် သဘောထားကြေညာချက်တစောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ DPNS ပါတီရဲဘော်များ လူ့ဘောင်သစ်လူငယ်များ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဗကသများအဖွဲ့ချုပ် ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ YES ကျောင်းသူကျောင်းသားများ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

DPNS ပါတီဥက္ကဋ္ဌနှင့် ပွင့်ဖြူမြို့နယ်စည်းကော်မတီဝင်များ တွေ့ဆုံ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်သည် ၂၀၁၇၊ အောက်တိုဘာလ ၈ ရက်နေ့နံနက်ပိုင်းတွင် ပွင့်ဖြူမြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးတိုးတိုးထွန်း၊ ဦးအောင်နိုင်ဦး၊ ဦးသန့်စင်တို့လည်း တက်ရောက်ခဲ့ကြပြီး ပွင့်ဖြူမြို့နယ်စည်းရုံးရေးအခြေအနေများ၊ မကွေးတိုင်းစည်းရုံးရေးကော်မတီ ဖွဲ့စည်းရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

စွမ်းရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲ (တတိယနေ့) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စွမ်းရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲ (Economic Literacy) ရရှိချက်များ ဆွေးနွေးပွဲကို ၂၀၁၇၊ အောက်တိုဘာ ၆ ရက်နေ့ နံနက်ပိုင်းက မြင်းခြံမြို့၌ ပြုလုပ်ခဲ့ပါသည်။ နေ့လည်ပိုင်းတွင် ၂၀၁၇ အတွင်း ပါတီက ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဌာနချုပ်ရဲဘော်များက တက်ရောက်လာသည့်ရဲဘော်များအား တင်ပြဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသည့်ရဲဘော်များကလည်း မိမိတို့ဒေသအသီးသီးရှိ အခြေအနေများကို ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်နှင့် ဌာနချုပ်ရဲဘော်များ၊ မန္တလေး၊ မကွေး၊ ယင်းမာပင်၊ ဆားလင်းကြီး၊ မြင်းခြံ၊ တံတားဦးမြို့နယ်စည်းရုံးရေးကော်မတီတို့မှ ရဲဘော်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

စွမ်းရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲ (ဒုတိယနေ့) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စွမ်းရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲ – Economic Literacy (ဒုတိယနေ့)ကို ၂၀၁၇ အောက်တိုဘာ ၅ ရက်နေ့တွင် မြင်းခြံမြို့၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်နှင့် ဌာနချုပ်ရဲဘော်များ မန္တလေး မြင်းခြံ တံတားဦး မကွေး ယင်းမာပင် ဆားလင်းကြီးမြို့နယ်တို့မှရဲဘော်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။


အင်တာဗျူ :


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ