ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၂၅၁)၊ တတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၉၅) ဝ၉၂၅၀၅၆၆၀၁၈
အီးမေးလ် - hqdpns@gmail.com
Facebook - Democratic Party for a New Society

နောက်ဆုံးရသတင်းများ

ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့၏ (၆၆)နှစ်မြောက် ပဒေသရာဇ်ဆန့်ကျင်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ December 11, 2015

နိုင်ငံရေးအကျဉ်းသားဟောင်း ရဲဘော်ဘဆန်း (ခ) ရဲဘော်ဇော်မြင့် ဈာပနသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်း သဝဏ်လွှာ December 4, 2015

ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်တစ်ဦးအား ငြိမ်းစုစီ ဥပဒေအရ ပြစ်ဒဏ် ချမှတ်ခံရခြင်း သတင်းထုတ်ပြန်ချက် (၃ / ၂၀၁၅) November 13, 2015

ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးလှုပ်ရှားမှုနှင့်ပတ်သက်၍ ကျေးဇူးတင် ဂုဏ်ပြု မှတ်တမ်းတင်ခြင်း November 12, 2015

၂၀၁၅ နိုဝင်ဘာ (၈) ရက်နေ့ ပါတီစုံအထွေထွေရွေးကောက်ပွဲ မဲရလဒ်များ November 8, 2015

သာယာဝတီထောင်တွင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အစာငတ်ခံဆန္ဒပြမှုနှင့်ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် (၆ / ၂၀၁၅) October 26, 2015

ဟန်ဂျင်း အထည်ချုပ်အလုပ်သမားသပိတ်နှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက် (၅ / ၂၀၁၅) October 21, 2015

(၂၇) နှစ်ပြည့် ပါတီတည်ထောင်ခြင်းနေ့အထိမ်းအမှတ် သဘောထားထုတ်ပြန်ကြေညာချက် October 14, 2015

သတင်းစာနယ်ဇင်းများ မီဒီယာများနှင့် ပြောဆိုသည့်ကိစ္စ September 7, 2015

ရွေးကောက်ပွဲအောင်နိုင်ရေးရံပုံငွေ ၀ိုင်းဝန်းကူညီကြပါရန် မေတ္တာရပ်ခံ ပန်ကြားလွှာ August 24, 2015


အမြင်သဘောထား


ထုတ်ပြန်ချက်များ


ပါတီလှုပ်ရှားမှုများ

အင်ဒိုနီးရှားနိုင်ငံ၊ဆာမန်ဂီးလှုပ်ရှားမှုနှစ်ပတ်လည် အမှတ်တရဆွေးနွေးပွဲသို့ တက်ရောက် ၁၉၉၈ ခုနှစ် က အင်ဒိုနီးရှားတွင် ပေါ်ပေါက်ခဲ့သည့် အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများထဲမှ အရေးပါသည့် ဆာမန်ဂီးလှုပ်ရှားမှုနှစ်ပတ်လည် အမှတ်တရဆွေးနွေးပွဲကို ဂျာကာတာမြို့တော် ဆာမန်ကီးဒေသရှိ အက်မာဂျာယာတက္ကသိုလ်၌ ၂၀၁၇ စက်တင်ဘာ ၁၈ ရက်နေ့တွင် ဒုတိယနေ့အစီအစဉ်အဖြစ် ကျင်းပခဲ့ပါသည်။ ဆာမန်းဂီးလူထုလှုပ်ရှားမှုတွင် ကျဆုံးခဲ့သူများ နစ်နာဆုံးရှုံးခဲ့ရသူများအတွက်တရားမျတမှုကို ဘယ်လိုရှာဖွေမလဲ အတိတ်က လှုအခွင့်အရေးချိုးဖောက်ခံရမှုများအတွက် တရားမျှတမှု ဘယ်လိုရှာဖွေမလဲဆိုသည့် ခေါင်းစဉ်ဖြင့် နိုင်ငံတကာဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကျောင်းသူကျောင်းသားများ ပညာရှင်များ ဆာမန်းဂီးလူထုလှုပ်ရှားမှုတွင် ကျဆုံးခဲ့သူများ၏ မိသားစုဝင်များ မြန်မာ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်တက်ရောက်ပြီး ၁၉၈၈ ...

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေး ၂/၂၀၁၇ ကျင်းပ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေး ၂/၂၀၁၇ ကို စက်တင်ဘာ ၉ရက်နှင့် ၁၀ ရက်နေ့များတွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးပထမနေ့တွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အဖွင့်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် ဗဟိုဦးဆောင်ကော်မတီ၏ နိုင်ငံရေးအစီရင်ခံစာနှင့် လုပ်ငန်းအစီရင်ခံစာတို့ကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ ဗဟိုစည်းရုံးရေးကော်မတီဝင်များကလည်း ဒေသဆိုင်ရာကိစ္စရပ်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေး ဒုတိယနေ့တွင် ၂၀၁၇ ခုနှစ်လုပ်ငန်းစဉ်ဇယားနှင့် အလုပ်ပြီးစီးမှုအခြေအနေများကို တင်ပြသုံးသပ်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် လတ်တလောလုပ်ငန်းစဉ်များကို အတည်ပြုပြီး အလုပ်တာဝန်များ ခွဲဝေခဲ့ကြပါသည်။

သခင်ဗဟိန်းရာပြည့်အခမ်းအနားကျင်းပရေးကော်မတီ(ရန်ကုန်)မှ ရံပုံငွေ လှူဒါန်း သခင်ဗဟိန်းရာပြည့်အခမ်းအနားကျင်းပရေးကော်မတီ(ရန်ကုန်)မှ အခမ်းအနားကျင်းပပြီး ကျန်ရှိသည့် ရံပုံငွေကို ၃-၉-၂၀၁၇ တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း အထိမ်းအမှတ် ငြိမ်းချမ်းရေးဗိမာန်ဆောက်လုပ်ရန်အတွက်လည်းကောင်း၊ ၄-၉-၂၀၁၇ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်သို့လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပါသည်။

ကျောင်းသားသမဂ္ဂများရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦဆိုင်ရာ ဆွေးနွေးပွဲ(ပထမအကြိမ်) ကျောင်းသားသမဂ္ဂများရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦဆိုင်ရာ ဆွေးနွေးပွဲ(ပထမအကြိမ်)ကို ၂၀၁၇၊ သြဂုတ်လ၊ ၃၀ ရက်နေ့က တက္ကသိုလ်များဓမ္မာရုံတွင် ပြုလုပ်ခဲ့ပါသည်။ ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် သတ်မှတ်ချက်ဆိုင်ရာ သဘောထားများစုစည်းခြင်း၊ တကသအဆောက်အဦ၏ သမိုင်းတန်ဖိုးဆိုင်ရာ သဘောထားများစုစည်းခြင်း၊ ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သော အခြေခံသဘောထားများ စုစည်းခြင်းဟူသည့် ဦးတည်ချက်သုံးခုဖြင့် ဆွေးနွေးပွဲကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးပွဲသို့ ၁၉၅၃ မှ ၂၀၁၇ အထိ ကျောင်းသားမျိုးဆက်များ တက်ရောက်ပြီး သဘောထားအမြင်များ တင်ပြခဲ့ကြပါသည်။ တက်ရောက်လာကြသော ကျောင်းသားမျိုးဆက်အများစုက ကျောင်းသားသမဂ္ဂ တရား ၀င်ရပ်တည်ခွင့်ရရှိရေးကို ဦးစားပေးဆောင်ရွက်သင့်ကြောင်း၊ ထို့နောက်မှသာ သမိုင်းတန်ဖိုးများကို မပျောက်ပျက်စေဘဲ သမဂ္ဂအဆောက်အဦတည်ဆောက်ရေးကို ...


အင်တာဗျူ :


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ