ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

နောက်ဆုံးရသတင်းများ

၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံရေးပါတီတစ်ရပ်တည်ထောင်ရန် မိတ်ဖက်နိုင်ငံရေးအင်အားစုများနှင့် တွေ့ဆုံ April 5, 2019

မြစ်​ဆုံစီမံကိန်း အပြီးတိုင်​ဖျက်​သိမ်း​ရေး နိုင်​ငံလုံးဆိုင်​ရာအစည်းအ​ဝေး တက်ရောက် April 1, 2019

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ကိုယ်စားပြုကော်မတီအစည်းအဝေး ကျင်းပ March 31, 2019

ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) နှစ်(၂၀)ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ March 28, 2019

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ March 23, 2019

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အခမ်းအနားကို ရွှေတောင်မြို့ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံး၌ ကျင်းပ March 23, 2019

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ March 23, 2019

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ပုသိမ်၊ချောင်းသာ ပါတီကော်မတီခေါင်းဆောင်များအစည်းအဝေးကို ပုသိမ်မြို့တွင်ပြုလုပ် March 22, 2019

“ဖက်ဒရယ်၏အခြေခံသဘောတရားများ”ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် ပြုလုပ် March 20, 2019

ဖက်ဒရယ်စနစ်၏အခြေခံမူများ အလုပ်ရုံဆွေးနွေးပွဲ အင်္ဂပူတွင်ပြုလုပ် March 17, 2019


အမြင်သဘောထား


ထုတ်ပြန်ချက်များ


ပါတီလှုပ်ရှားမှုများ

ပါတီဗဟိုဦးဆောင်ကော်မတီနှင့် လူ့ဘောင်သစ်လူငယ်ဗဟိုလုပ်ငန်းကော်မတီဝင်များ တွေ့ဆုံဆွေးနွေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီနှင့် လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီဝင်များသည် ၂၀၁၈၊ သြဂုတ်လ ၂၄ ရက်နေ့နံနက်ပိုင်းတွင် ပါတီဌာနချုပ်ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် လူ့ဘောင်သစ်လူငယ် လုပ်ငန်းကော်မတီဝင်များက ၎င်းတို့၏ လတ်တလောဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။

ဖုယွင်အထည်ချုပ်အလုပ်သမားသမဂ္ဂ သပိတ်တိုက်ပွဲသို့ အလှူငွေပေးအပ်လှူဒါန်း ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်အဖွဲ့ဝင် ဖုယွင်အထည်ချုပ်အလုပ်သမားသမဂ္ဂ စတင်ထူထောင်သူ အယောက်( ၃၀ )အား လုပ်ငန်းရှင်မှ အကြောင်းမဲ့ အလုပ်မှ ထုတ်ပယ်ခဲ့ပါသည်။ ထိုကြောင့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များက မိမိတို့အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား အလုပ်ပြန်လည်ခန့်အပ်ပေးရေးအပါအဝင် တောင်းဆိုချက် ၉ ချက်ဖြင့် ၂၀၁၈၊ သြဂုတ်လ၊ ၂၁ ရက်နေ့မှစတင်၍ သပိတ်မှောက်တောင်းဆိုခဲ့ကြပါသည်။ ယနေ့အချိန်ထိ အလုပ်ရှင်နှင့် ညှိနှိုင်းပြေလည်မှု မရှိသေးပါ။ သပိတ်မှောက်အလုပ်သမားများ လိုအပ်သည့်နေရာတွင် သုံးစွဲနိုင်ရေးအတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် လူ့ဘောင်သစ်လူငယ်တို့က အလှူငွေ ထောက်ပံ့လှူဒါန်း ပေးအပ်ခဲ့ပါသည်။

အမျိုးသမီးများဦးဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးများဦးဆောင်မှုအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈၊ သြဂုတ်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ရန်ကုန်၊ မြင်းခြံ၊ တံတားဦး၊ ပွင့်ဖြူ၊ ချောင်းသာ၊ ဆားလင်းကြီး အစရှိသည့်ဒေသများမှ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ဒေါ်နိုးနိုးထက်စံက ဦးဆောင်၍ ပါတီတည်ဆောက်ရေးဆိုင်ရာလုပ်ငန်းစဉ်များအနက် တခုဖြစ်သည့် ပါတီ၏လုပ်ငန်းစဉ်အဆင့်ဆင့်တွင် လူငယ်နှင့် အမျိုးသမီးများ ပိုမိုပါဝင်လာရေးအပေါ် အခြေခံ၍ ကိုတာစနစ်ကို ဆွေးနွေးခဲ့ကြပါသည်။

ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာအုပ်စု ဆိုင်းဘုတ်တင်ပွဲ ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာအုပ်စုတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဆိုင်းဘုတ်တင်ပွဲကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ၊ ၁၈ ရက်နေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ ဆိုင်းဘုတ်တင်ပွဲသို့ ရေကြည်မြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ဆီဆုံကုန်းကျေးရွာအုပ်စု စည်းရုံးရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ