ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၂၅၁)၊ တတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၉၅) ဝ၉၂၅၀၅၆၆၀၁၈
အီးမေးလ် - hqdpns@gmail.com
Facebook - Democratic Party for a New Society

နောက်ဆုံးရသတင်းများ

ELEVEN Media Group တည်ထောင်ခြင်း ၁၆ နှစ်ပြည့် အခမ်းအနားတက်ရောက် August 1, 2016

၄၅ နှစ်မြောက် ကိုကိုးကျွန်းပြည်သူ့သူရဲကောင်းနေ့ အခမ်းအနား August 1, 2016

ရွေးကောက်ပွဲအလွန်ကာလစစ်တမ်း ရှင်းလင်းတင်ပြပွဲသို့ တက်ရောက် July 26, 2016

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာကော်မတီ အစည်းအဝေးကျင်းပ July 24, 2016

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၅၂) နှစ်မြောက်နှင့် ဂူဗိမာန် နှစ် (၅၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ်လွှာ July 23, 2016

ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း ၅၂ နှစ်မြောက်နှင့် ဂူဗိမာန် နှစ် ၅၀ မြောက်အခမ်းအနား ကျင်းပ July 23, 2016

ကျား-မရေးရာကိုတာစနစ် စာအုပ်မိတ်ဆက်ပွဲနှင့်ဆွေးနွေးပွဲ July 22, 2016

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်များ၏ အစည်းအဝေးကျင်းပ July 22, 2016

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ရရှိထားပြီးသော သဘောတူညီချက်များ စုစည်းတင်ပြချက် July 20, 2016

အာဇာနည်နေ့အတွေးအမြင် ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေး July 19, 2016


အမြင်သဘောထား


ထုတ်ပြန်ချက်များ

တောင်သူလယ်သမားဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ (မန္တလေးမြို့) သို့ပေးပို့သော သ၀ဏ်လွှာ မန္တလေးမြို့တွင် ကျင်းပပြုလုပ်သော တောင်သူလယ်သမားဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသော တောင်သူ လယ်သမား ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စိတ်ရွှင်လန်းတက်ကြွမှုရှိကြပါစေကြောင်း မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဆုမွန်ကောင်း ပို့သအပ် ပါသည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏လူများစုဖြစ်သော ဒေသအသီးသီးရှိ တောင်သူလယ်သမားများ ဘ၀မြင့်မားရေး၊ လယ်ယာမြေကဏ္ဍတိုးတက်ဖွံ့ဖြိုးရေးတို့နှင့် တဆက်တစပ်တည်း သက်ဆိုင်နေပါသည်။ ခေတ်အဆက်ဆက် တောင်သူလယ်သမား တို့၏ဘ၀အခြေအနေမှာ အဖိနှိပ်ခံနင်းပြားဖြစ်နေရမှု၊ ဆင်းရဲနိမ့်ကျနေရမှု၊ မတရားသဖြင့် လယ်သိမ်းယာသိမ်းခံနေရမှုနှင့်အတူ လယ်မဲ့ယာမဲ့ဘ၀ ရောက်ရှိနေရမှု၊ လယ်ယာမြေကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ နိမ့်ကျနေရမှုများဖြင့်သာ ကြုံတွေ့နေခဲ့ကြရပါသည်။ ယင်းပြဿနာများကို ဖြေရှင်းနိုင်ရေးမှာ နိုင်ငံ၏ အရေးတကြီးကိစ္စရပ်ဖြစ်သည်ဟု မိမိတို့ပါတီအနေဖြင့် ခံယူထားပါသည်။ ယခုတွေ့ဆုံဆွေးနွေးပွဲကြီးမှ တောင်သူလယ်သမားတို့၏ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မျှော်မှန်းကာ ...


ပါတီလှုပ်ရှားမှုများ

အင်ဒိုနီးရှားနိုင်ငံ၊ဆာမန်ဂီးလှုပ်ရှားမှုနှစ်ပတ်လည် အမှတ်တရဆွေးနွေးပွဲသို့ တက်ရောက် ၁၉၉၈ ခုနှစ် က အင်ဒိုနီးရှားတွင် ပေါ်ပေါက်ခဲ့သည့် အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများထဲမှ အရေးပါသည့် ဆာမန်ဂီးလှုပ်ရှားမှုနှစ်ပတ်လည် အမှတ်တရဆွေးနွေးပွဲကို ဂျာကာတာမြို့တော် ဆာမန်ကီးဒေသရှိ အက်မာဂျာယာတက္ကသိုလ်၌ ၂၀၁၇ စက်တင်ဘာ ၁၈ ရက်နေ့တွင် ဒုတိယနေ့အစီအစဉ်အဖြစ် ကျင်းပခဲ့ပါသည်။ ဆာမန်းဂီးလူထုလှုပ်ရှားမှုတွင် ကျဆုံးခဲ့သူများ နစ်နာဆုံးရှုံးခဲ့ရသူများအတွက်တရားမျတမှုကို ဘယ်လိုရှာဖွေမလဲ အတိတ်က လှုအခွင့်အရေးချိုးဖောက်ခံရမှုများအတွက် တရားမျှတမှု ဘယ်လိုရှာဖွေမလဲဆိုသည့် ခေါင်းစဉ်ဖြင့် နိုင်ငံတကာဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကျောင်းသူကျောင်းသားများ ပညာရှင်များ ဆာမန်းဂီးလူထုလှုပ်ရှားမှုတွင် ကျဆုံးခဲ့သူများ၏ မိသားစုဝင်များ မြန်မာ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်တက်ရောက်ပြီး ၁၉၈၈ ...

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေး ၂/၂၀၁၇ ကျင်းပ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေး ၂/၂၀၁၇ ကို စက်တင်ဘာ ၉ရက်နှင့် ၁၀ ရက်နေ့များတွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးပထမနေ့တွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အဖွင့်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် ဗဟိုဦးဆောင်ကော်မတီ၏ နိုင်ငံရေးအစီရင်ခံစာနှင့် လုပ်ငန်းအစီရင်ခံစာတို့ကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ ဗဟိုစည်းရုံးရေးကော်မတီဝင်များကလည်း ဒေသဆိုင်ရာကိစ္စရပ်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေး ဒုတိယနေ့တွင် ၂၀၁၇ ခုနှစ်လုပ်ငန်းစဉ်ဇယားနှင့် အလုပ်ပြီးစီးမှုအခြေအနေများကို တင်ပြသုံးသပ်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် လတ်တလောလုပ်ငန်းစဉ်များကို အတည်ပြုပြီး အလုပ်တာဝန်များ ခွဲဝေခဲ့ကြပါသည်။

သခင်ဗဟိန်းရာပြည့်အခမ်းအနားကျင်းပရေးကော်မတီ(ရန်ကုန်)မှ ရံပုံငွေ လှူဒါန်း သခင်ဗဟိန်းရာပြည့်အခမ်းအနားကျင်းပရေးကော်မတီ(ရန်ကုန်)မှ အခမ်းအနားကျင်းပပြီး ကျန်ရှိသည့် ရံပုံငွေကို ၃-၉-၂၀၁၇ တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း အထိမ်းအမှတ် ငြိမ်းချမ်းရေးဗိမာန်ဆောက်လုပ်ရန်အတွက်လည်းကောင်း၊ ၄-၉-၂၀၁၇ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်သို့လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပါသည်။

ကျောင်းသားသမဂ္ဂများရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦဆိုင်ရာ ဆွေးနွေးပွဲ(ပထမအကြိမ်) ကျောင်းသားသမဂ္ဂများရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦဆိုင်ရာ ဆွေးနွေးပွဲ(ပထမအကြိမ်)ကို ၂၀၁၇၊ သြဂုတ်လ၊ ၃၀ ရက်နေ့က တက္ကသိုလ်များဓမ္မာရုံတွင် ပြုလုပ်ခဲ့ပါသည်။ ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် သတ်မှတ်ချက်ဆိုင်ရာ သဘောထားများစုစည်းခြင်း၊ တကသအဆောက်အဦ၏ သမိုင်းတန်ဖိုးဆိုင်ရာ သဘောထားများစုစည်းခြင်း၊ ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သော အခြေခံသဘောထားများ စုစည်းခြင်းဟူသည့် ဦးတည်ချက်သုံးခုဖြင့် ဆွေးနွေးပွဲကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးပွဲသို့ ၁၉၅၃ မှ ၂၀၁၇ အထိ ကျောင်းသားမျိုးဆက်များ တက်ရောက်ပြီး သဘောထားအမြင်များ တင်ပြခဲ့ကြပါသည်။ တက်ရောက်လာကြသော ကျောင်းသားမျိုးဆက်အများစုက ကျောင်းသားသမဂ္ဂ တရား ၀င်ရပ်တည်ခွင့်ရရှိရေးကို ဦးစားပေးဆောင်ရွက်သင့်ကြောင်း၊ ထို့နောက်မှသာ သမိုင်းတန်ဖိုးများကို မပျောက်ပျက်စေဘဲ သမဂ္ဂအဆောက်အဦတည်ဆောက်ရေးကို ...


အင်တာဗျူ :


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ