ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၂၅၁)၊ တတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၉၅) ဝ၉၂၅၀၅၆၆၀၁၈
အီးမေးလ် - hqdpns@gmail.com
Facebook - Democratic Party for a New Society

နောက်ဆုံးရသတင်းများ

ပါတီရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းခြင်း (သတင်းထုတ်ပြန်ချက် ( ၂ / ၂၀၁၅ ) ) August 17, 2015

ရွေးကောက်ပွဲကြေညာစာတမ်း August 14, 2015

(၅၃) နှစ်ပြည့် ၇ ဇူလိုင် အောက်မေ့ဘွယ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ July 15, 2015

ဆရာကြီး ဒဂုန်တာရာ (၉၆)နှစ် ပြည့် မွေးနေ့အခမ်းအနားသို့ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ May 10, 2015

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (၇၉) နှစ်မြောက်နှင့် လက်ပံတန်းအကြမ်းဖက်ခံရမှု နှစ်လပြည့် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ May 10, 2015

(၁၂၅) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့(မေဒေး) အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ May 1, 2015

(၁၅)ကြိမ်မြောက် ကယန်းအမျိုးသားနေ့သို့ ပေးပို့သော ဂုဏ်ပြုသော သဝဏ်လွှာ April 15, 2015

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ပဏာမသဘောတူညီမှုများနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် (၄/ ၂၀၁၅) March 31, 2015

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၃၉) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ March 23, 2015

ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက် (၃/၂၀၁၅) March 10, 2015


အမြင်သဘောထား


ထုတ်ပြန်ချက်များ


ပါတီလှုပ်ရှားမှုများ

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အခမ်းအနား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ၂၁၊ ၄၊ ၁၇ ရက်နေ့ နံနက်ပိုင်းက တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ကျင်းပခဲ့ပါသည်။

ကရင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပညာရေးဆွေးနွေးပွဲ ကရင်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပညာရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၊၄၊၁၇ ရက်နေ့ နံနက်ပိုင်းမှနေ့လည်ပိုင်းအထိ ဘားအံမြို့ သံလွင်ပါရာဒိုက်စ်ဟိုတယ်တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် NNER(ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်) ဖြစ်ပေါ်လာပုံ၊ NNER ၏ ပညာရေးမူဝါဒ၊ ဖွဲ့စည်းပုံ၊ လက်ရှိဆောင်ရွက်ချက်များ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်(၂၁ ပင်လုံ)တွင် ပါဝင်နေမှုတို့ကို NNER အဖွဲ့ဝင်များက ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ကရင်ဒေသခံ ပညာရေးအဖွဲ့အစည်းများ၊ လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများ၊ ဘားအံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ဗကသများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ တက္ကသိုလ်ဆရာ ဆရာမများသမဂ္ဂ၊ NNER လုပ်ငန်းအဖွဲ့ဝင်များ၊ အလွတ်ပညာသင်ကျောင်းဆရာများ၊ပညာရေးပြုပြင်ပြောင်းလဲရေးကို စိတ်ပါဝင်စားသူများ စုစုပေါင်း ၈၀ ...

DPNSဘားအံမြို့နယ်စည်းရုံးရေးကော်မတီ အစည်းအဝေးကျင်းပ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးသည် ၁၉၊၄၊၁၇ ရက်နေ့ ညနေပိုင်းတွင် ဘားအံမြို့နယ် ပါတီစည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံ၍ အစည်းအဝေးကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ၂၀၁၇ အတွင်း လုပ်ဆောင်မည့် ပါတီလုပ်ငန်းစဉ်များနှင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းများကို အတွင်းရေးမှူး(၂)က ရှင်းလင်းတင်ပြခဲ့ပါသည်။ ဘားအံ စည်းကော်မတီဝင်များကလည်း ဒေသအခြေအနေနှင့် စည်းရုံးရေးအခြေအနေများကို ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြပါသည်။

NNERတတိယအကြိမ်ညီလာခံ ကျင်းပရေးအကြိုညှိနှိုင်းအစည်းအဝေးကျင်းပ NNER(ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်) တတိယအကြိမ်ညီလာခံ ကျင်းပရေးအတွက် ဒုတိယအကြိမ်မြောက် အကြိုညှိနှိုင်းအစည်းအဝေးကို မော်လမြိုင်မြို့ ပိုင်ခေတ်ခန်းမတွင် ၁၉၊၄၊၁၇ ရက်နေ့နံနက်ပိုင်းမှ နေ့လည်ပိုင်းအထိ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် NNER ညီလာခံနှင့် ပညာရေးနှီးနှောဖလှယ်ပွဲ ကျင်းပမည့် မေလ ၄၊၅၊၆ ရက်နေ့များအတွက် အစီအစဉ်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ မွန်ဒေသခံ ပညာရေးအဖွဲ့အစည်းများ၊ လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ဗကသများအဖွဲ့ချုပ်၊ ပညာရေးဝန်ထမ်းဟောင်းများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ တက္ကသိုလ်ဆရာ ဆရာမများသမဂ္ဂ၊ NNER ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းလွင်နှင့် လုပ်ငန်းအဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ စုစုပေါင်း ၆၀ ...


အင်တာဗျူ :

First Music NEWS ဂျာနယ်နှင့်လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူး First Music NEWS ဂျာနယ်နှင့်လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူး

၂၀၁၆၊ စက်တင်ဘာလထုတ် ခေတ်ရနံ့မဂ္ဂဇင်းတွင် ဖော်ပြပါရှိသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူး ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် မှုတွေ ပြုလုပ်နေပါတယ်။ အဲဒီအပေါ် ဦးအောင်မိုးဇော်ရဲ့ အမြင်သဘောထား သိချင်ပါတယ်။ ကြိုတင်ပြင်ဆင်မှုနဲ့ပတ်သက်လို့တော့ များများစားစား ပြော စရာမရှိပါဘူး။ ၂၁ ရာစုပင်လုံညီလာခံဆိုတာ အရင်အစိုးရ လက်ထက်ကစခဲ့တဲ့ NCA စာချုပ်အပေါ်မူတည်ပြီး လုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံရဲ့ အဆက်လို့ နားလည်ပါ တယ်။ ဒါကြောင့် အစိုးရသစ်အနေနဲ့ လုပ်စရာ အလုပ်တွေ အများ ကြီးထဲက ဒီအလုပ်ကို အချိန်အကန့်အသတ်တွေကြား က ပြင်ရဆင် ရတာဖြစ်ပုံရတယ်။ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ၊ သဘော တူညီထားတဲ့ အချိန်အတွင်းမှာ မဖြစ်ဖြစ်အောင် ပါဝင်သင့်ပါဝင် ထိုက်သူတွေ စုံနိုင်သမျှစုံအောင် ကြိုးစားဆောင်ရွက်ရပုံပေါ် တယ်။ နောက် တစ်ချက်က အရင်စီစဉ်ခဲ့တဲ့ အဖွဲ့အစည်းတွေ၊ လူ ပုဂ်္ဂိုလ် တွေနဲ့ ပြင် ဆင်ရတာမဟုတ်ဘဲ လူသစ်တွေ၊ အဖွဲ့သစ်တွေ နဲ့ ပြင်ရဆင်ရ တာ ဖြစ်တယ်လို့ နားလည်ပါတယ်။ ၂၁ရာစု ပင်လုံညီလာခံကြီးကို တက်ရောက်ဖို့ ဖိတ်ကြားတဲ့အခါ အရွေး အချယ်မခံရတဲ့ နိုင်ငံရေးပါတီတွေအပေါ်ထားတဲ့ သဘောထား၊ ဖိတ်ကြား ချက်နဲ့ပတ်သက်ပြီး ဝေဖန်သံတွေ ထွက် ပေါ်နေပါတယ်။ အဲဒီကိစ်္စနဲ့ပတ် သက်ပြီး သဘောထားမှတ်ချက်ပးပါဦး။

သမ္မတဦးထင်ကျော်လက်ထက် မြန်မာ့နိုင်ငံရေးအခြေအနေအားဧရာဝတီသတင်းဌာနတွင် ဆွေးနွေးခန်း ဒီတစ်ပတ် ဒိတ်လိုင်းအစီအစဉ်ကတော့ သမ္မတသစ်ဦးထင်ကျော်ဦးဆောင်တဲ့အစိုးရက ဘယ်လိုအခက်ခဲတွေနဲ့ကြုံတွေ့ရနိုင်မလဲ၊ရှေ့­လာမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကရော ဘယ်လိုရှိမလဲဆိုတာကိုဧရာဝတီသတင်းဌာနရဲ့အင်္ဂ­လိပ်ပိုင်းအယ်ဒီတာ ကျော်စွာမိုး၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ­ရဲ့ ဥက္ကဋ္ဌဦးအောင်မိုးဇော်နဲ့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းတို့ကဆွေးနွေးထားကြဖြစ်ပါတယ်။

ပါတီဥက္ကဋ္ဌဌ ဦးအောင်မိုးဇော်နှင့် 7Dayဂျာနယ်အင်တာဗျူး ၁၉၈၈၊ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးတွင် ဦးဆောင်မှု အခန်းကဏ္ဍဍမှ ပါဝင်လှုပ်ရှားခဲ့သည့် ကျောင်းသားများပါဝင် ဖွဲ့စည်းခဲ့သော လူဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲလွန် ကာလ၌ နဝတအစိုးရက ပါတီကို ဖျက်သိမ်းပစ်ခဲ့သည်။ ထိုသို့ ဖျက်သိမ်းခံလိုက်ရသော်လည်း လူဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် ပျောက်ကွယ်မသွားခဲ့ဘဲ တောတွင်း၊ နယ်စပ်ဒေသ၊ အကျဉ်းထောင်တို့၌သာမက တိုင်းပြည်နှင့်အနှံတွင် ဆက်လက် ရှင်သန်နေဆဲပင် ရှိသည်။ ယခုအခါ မြန် မာနိုင်ငံ၏ ဖြစ် ပေါ်တိုးတက်လာမှု အနေအထားများပေါ်မူတည်လျက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ မှတ်ပုံတင်လျက် တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်ရန် ပြင်ဆင်လာခဲ့သည်။ ထိုသို့ ပြင်ဆင်လာခဲ့ခြင်းအပေါ် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဌ ဦးအောင်မိုးဇော် နှင့် 7Day က တွေ့ဆုံမေးမြန်းချက် အပြည်အစုံကို ဖော်ပြလိုက်ပါသည်။


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ