ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

August 2019
M T W T F S S
« Jul    
 1234
567891011
12131415161718
19202122232425
262728293031  

နောက်ဆုံးရသတင်းများ

ပါတီဋ္ဌာနချုပ်တာဝန်ရှိသူများနှင့် ပွင့်ဖြူမြို့နယ်ပါတီဝင်များ တွေ့ဆုံဆွေးနွေး August 18, 2019

DPNS အမျိုးသမီးခေါင်းဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ (၃/၂၀၁၉) August 18, 2019

မင်းဘူးမြို့နယ် ပါတီကော်မတီကို အောင်မြင်စွာ ဖွဲ့စည်းတာဝန်ပေးအပ် August 15, 2019

တွဲဖက်အတွင်းရေးမှူး(၁)၏ ရှစ်လေးလုံးအရေးတော်ပုံ ၃၁ နှစ်ပြည့် အမှတ်တရစကား(သာကေတ) August 10, 2019

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံရဲ့ ညီညွတ်ရေးပျောက်ဆုံးနေကြောင်း သုံးသပ် August 10, 2019

DPNS ဘားအံစည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ခင်နှင့် တွေ့ဆုံခြင်း August 8, 2019

ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီး (၃၁) နှစ်မြောက် သဘောထားထုတ်ပြန်ချက် August 8, 2019

UEC နှင့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲတက်ရောက် August 7, 2019

ရှစ်လေးလုံး အရေးတော်ပုံ ပုလဲရတု အကြို စကားဝိုင်း August 6, 2019

DPNS ဗဟိုကော်မတီအစည်းအဝေး (၂/၂၀၁၉) August 5, 2019


အမြင်သဘောထား

ကွဲပြားခြားနားမှုသည် ကွာခြားမှုမဟုတ်.. တန်းတူမှု(Equality)ဆိုတာလူ့အဖွဲ့အစည်းတခုမှာအလွန် အရေးကြီးပါတယ်။ အထူးသဖြင့် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနေထိုင်တဲ့လူ့အဖွဲ့အစည်းတခုမှာတန်းတူမှုဟာပို၍ပင် မရှိမဖြစ် လိုအပ်ပါတယ်။ တန်းတူမှုဆိုရာမှာဘာသာရေးအရ၊ လူမျိုးရေးအရ၊ လိင်အရ၊ အသားအရောင်အရ၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအရခွဲခြားဆက်ဆံမှုမရှိဘဲအခွင့်အရေးနဲ့အခွင့်အလမ်းများတန်းတူရည်တူရရှိဖို့လိုအပ်ပါတယ်။ မေလ ၁၅ ရက်နေ့ည ၁၀း၀၀ နာရီလောက်မှာမျိုးချစ်ရဟန်းတော်များဆိုတဲ့အဖွဲ့နဲ့အတူအရပ်သားအချို့က တောင်ဒဂုံမြို့နယ်၊ အမှတ်(၆၄)ရပ်ကွက်နဲ့ (၁၀၆)ရပ်ကွက်ရှိအစ္စလာမ်ရမ္မဒန်(ဥပုသ်)ကာလဝတ်ပြုဆုတောင်းရာနေရာတွေကိုလူစုလူဝေးနဲ့ပိတ်ဆို့တားမြစ် နှောက်ယှက်ခဲ့ပါတယ်။ အဲဒီနေရာတွေဟာအစ္စလာမ်ဘာသာဝင်များရဲ့နေ့ကြီးရက်ကြီးအခါကြီးဖြစ်တဲ့ရမ္မဒန်ဥပုသ်ကာလတွင် စုပေါင်းဝတ်ပြုနိုင်ဖို့အတွက် ရန်ကုန်းတိုင်းဒေသကြီးအစိုးရကမေလ ၈ ရက်နေ့မှာတရားဝင် ခွင့်ပြုပေးထားခဲ့တဲ့နေရာတွေဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၈) “နိုင်ငံသား၊ နိုင်ငံသားများမူလအခွင့်အရေးနှင့် တာဝန်”ပါ ပုဒ်မ (၃၅၄) အပိုဒ်(ဃ)မှာ ” . . . . . .မိမိချစ်ခင်မြတ်နိုးသည့်စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ၊ သာသနာနှင့် ဓလေ့ထုံးတမ်းများကိုလွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်”ရှိကြောင်းဖော်ပြထားပါတယ်။ ဒီဖွဲ့စည်းပုံဥပဒေထဲမှာပဲ မြန်မာနိုင်ငံမှာအစ္စလာမ်ဘာသာဟာတရားဝင်ဘာသာတခုဖြစ်ကြောင်းအသိအမှတ်ပြုထားပြီးလည်းဖြစ်ပါတယ်။ တရားဝင် အသိအမှတ်ပြုခံထားရတဲ့ဘာသာတခုရဲ့အထွဋ်အမြတ် အခါကြီးရက်ကြီးဝတ်ပြုဆုတောင်းမှုကိုဘာသာရေးအစွန်းရောက် လူတစုရဲ့ရန်ကနေကာကွယ်ပေးဖို့အာဏာပိုင်တွေဘက်ကပျက်ကွက်တာဟာမဖြစ်သင့်တဲ့ကိစ္စပါ။ မျိုးချစ်အမည်ခံအစုအဖွဲ့ရဲ့လုပ်ရပ်ဟာနိုင်ငံတကာအလယ်မှာမြန်မာနိုင်ငံရဲ့ပုံရိပ်နဲ့နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာကိုညစ်နွမ်းကျဆင်းစေပါတယ်။ အစိုးရအနေနဲ့လူနည်းစုဘာသာဝင်တွေရဲ့လွတ်လပ်စွာယုံကြည်ကိုးကွယ်မှုကိုအကာအကွယ်ပေးဖို့လိုအပ်ပါတယ်။ အခုကိစ္စမှာအစိုးရတာဝန်ရှိသူတွေအနေနဲ့အကာအကွယ်မပေးတဲ့အပြင် မိမိတို့ တရားဝင် ခွင့်ပြုထားပြီးဖြစ်တဲ့စုပေါင်းဝတ်ပြုခွင့်ကိုလျစ်လျူရှုပြီးအစွန်းရောက်လူအုပ်ရဲ့တောင်းဆိုချက်အတိုင်းဝတ်ပြုမှုကိုပိတ်ပင်ခြင်းဟာမသင့်လျော်တဲ့၊မလုပ်သင့် မလုပ်ထိုက်တဲ့လုပ်ရပ်ဖြစ်ပါတယ်။ အချုပ်အားဖြင့် ပြောရမယ်ဆိုရင်မြန်မာနိုင်ငံမှာလူမျိုးရေးအရ၊ ကိုးကွယ်ယုံကြည်တဲ့ဘာသာအရ၊ လိင်အရ၊ အသားအရောင်အရ၊ ...

အကြမ်းဖက်ဖြေရှင်းခြင်းဖြင့် အဖြေရရှိမည်မဟုတ် – မေလ ၁၅ ရက်နေ့ နံနက် ၅း၀၀ နာရီတွင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာသားများ၏ ဆန္ဒပြမှုအပေါ် မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ဖြိုခွဲမှုများ ဖြစ်ပွါးခဲ့သည်။ ထိုဖြစ်စဉ်အတွင်း သတင်းရယူနေသော သတင်းထောက်တဦးအပါအဝင် လူငါးဦးဖမ်းဆီးခံရပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ကြားသိရပါသည်။ – မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသော အလုပ်သမားအခွင့်အရေးပြဿနာ၊ တောင်သူလယ်သမားများ ဒေသခံလူထုများ ဆုံးရှုံးနစ်နာနေရသည့် ပြဿနာ၊ ကျောင်းသားများ၏ ပညာရေးဆုံးရှုံးနေရမှုပြဿနာ၊ ပြည်တွင်းစစ်ဖြစ်နေသော ဒေသများရှိ အပြစ်မဲ့တိုင်းရင်းသားပြည်သူများ သေဆုံးထိခိုက်နေရမှုပြဿနာ၊ ပြည်သူလူထု နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရသော အခြေခံလိုအပ်ချက်များဖြစ်သည့် ရေ၊ မီး မလုံလောက်မှုစသည့် ပြဿနာပေါင်းစုံ တိုး၍တိုး၍ လာနေပါသည်။ အဆိုပါ ပြဿနာများကို အစိုးရတရပ်အနေဖြင့် ကိုင်တွယ်ဖြေရှင်းရာတွင် ကောင်းမွန်မှန်ကန်သည့် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ စီမံခန့်ခွဲမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ဖြေရှင်းခြင်း မရှိဘဲ ပြဿနာများ ပိုမိုကြီးထွားလာမှုဆီသို့သာ တွန်းပို့သကဲ့သို့ ...

ဒီမိုကရေစီအနှစ်သာရ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အနှစ်သာရကို အာမခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆွေးနွေးပွဲသို့ DPNS ၏ တင်ပြချက် (၂၉၊ ၄၊ ၂၀၁၉)

NLD အစိုးရ၏ သုံးနှစ်တာဆောင်ရွက်ချက်များ စကားဝိုင်း (ပထမပိုင်း) NLD အစိုးရရဲ့ သုံးနှစ်တာဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်၊ ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဦးလှစော၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်တို့နဲ့အတူ မခင်ဖြူထွေးက ဆွေးနွေးတင်ပြထားပါတယ်။


ထုတ်ပြန်ချက်များ

၇၁ နှစ်မြောက် ကရင်အမျိုးသားနေ့အခမ်းအနားများသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

စည်းလုံးညီညွတ်သော တိုင်းရင်းသားမဟာမိတ်များနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ မြေလွတ် မြေလပ် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေနှင့်ပတ်သက်သည့် ပူးတွဲသဘောထားထုတ်ပြန်ချက်

ဖုယွင်အထည်ချုပ်အလုပ်သမားများအား အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက် (၆/၂၀၁၈)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ထောင်ခြင်း အနှစ် ၃၀ ပြည့် အထိမ်းအမှတ် သဘောထားထုတ်ပြန်ချက်

သတင်းမီဒီယာများအား ဖိနှိပ်ခြင်းအပေါ် သဘောထားထုတ်ပြန်ချက်

DPNS ရဲဘော်ဟောင်း မသင်းသင်းအေး(ခ)မမီးမီး၏ ဈာပနသို့ ပန်းခြင်းနှင့်သဝဏ်လွှာ ပေးပို့

(၄၄) နှစ်မြောက် ဇွန် – ၆ အလုပ်သမားသပိတ် နှစ်ပတ်လည်အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသ၀ဏ်လွှာ (၆၊ ၆၊ ၂၀၁၈)

ရဲဘော်တင်ရှိန်(ခ)ဦးရှိန် [၁၉၄၃-၂၀၁၈] ဈာပနသို့ ပေးပို့သော သဝဏ်လွှာ

ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ကရင်နီပြည်) အမြင်သဘောထား ထုတ်ပြန်ချက် (၂၈-၅-၂၀၁၈)

ကရင်နီပြည် ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သည့် သဝဏ်လွှာ ၂၀၁၈- မေလ- ၂၇ ရက်။


ပါတီလှုပ်ရှားမှုများ

လက်ရှိ နိုင်ငံရေးအခြေအနေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ သတင်းထုတ်ပြန်ချက် လက်ရှိနိုင်ငံရေးအခြေအနေအရပ်ရပ်အပေါ် အမြင်အယူအဆ သဘောထားများ ဆွေးနွေးညှိနှိုင်းပွဲတရပ်ကို ၂၀၁၇ ခုနှစ် သြဂုတ်လ၊ ၂၇-၂၈-၂၉ ရက်နေ့များတွင် ပုဇွန်တောင်မြို့နယ် မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ ဋ္ဌာနချုပ်ရုံးတွင် ပြုလုပ်ခဲ့ကြပါသည်။ ဤဆွေးနွေးညှိနှိုင်းပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးအင်အားစု၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်း ရေး အမျိုးသမီးအဖွဲ့၊ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ရက်၊ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ၊ ဗမာနိုင်ငံလုံး ဆိုင်ရာ တောင်သူလယ်သမားကွန်ရက်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်(အထက်ဗမာပြည်)၊ ဥာဏ်လင်းသစ် သုတေသန စာကြည့်တိုက်၊ စစ်မှန်သောပြည်သူ့ကျေးကျွန်အဖွဲ့၊ လူ့ဘောင်သစ်လူငယ်၊ ၉၆-၉၈ ...

ဥပဒေပညာရှင်များနှင့်တွေ့ဆုံလျက် မြေယာပြဿနာများအတွက် အဖြေရှာ ၂၀၁၇ သြဂုတ်လ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့၊ ကျောက်မြောင်းရှိ လူ့ဘောင်သစ်လူငယ်ရုံးခန်း၌ တွေ့ဆုံဆွေးနွေးပွဲ တရပ်ကို ပြုလုပ်ကြသည်။ ယင်းတွေ့ဆုံပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာ ကော် မတီတာဝန်ခံ ဦးသန့်စင်၊ ဦးအောင်မိုးဝင်းနှင့် လူ့ဘောင်သစ်လူငယ်အတွင်းရေးမှူး မစိမ့်အိစံ၊ ဥပဒေပညာရှင် ဦးမြင့်သွင်၊ ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်နှင့် ဒေးဒရဲမြို့နယ်တို့မှ တောင်သူလယ်သမားများ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ ထိုတွေ့ဆုံပွဲတွင် ယခု ပြဋ္ဌာန်းထားသော လယ်ယာမြေဆိုင်ရာ ဥပဒေများ၏ မပြည့်စုံမှုများကို ထောက်ပြခဲ့ကြပြီး လက် ငင်းကြုံတွေ့နေရသော မြေယာပြဿနာများကို တင်ပြဆွေးနွေးခဲ့ကြသည်။ ဖြေရှင်းရန်နည်းလမ်းများကိုလည်း ရှာဖွေ ခဲ့ကြပါသည်။

တပ်သိမ်းခံမြေဧက ၃၀၀၀ ကျော် ပြန်လည်ရရှိရေး ဒေသခံများထံ သွားရောက်ကူညီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးအောင်မိုးဝင်း၊ လူ့ဘောင်သစ်လူငယ်အတွင်းရေး မှူး မစိမ့်အိစံတို့သည် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် ကညွတ်ကွင်းအုပ်စုအတွင်းရှိ လယ်သမားရေးရာကော်မ တီဝင်ရဲဘော်များနှင့်အတူ ဒေသခံများ လယ်သမား များထံ ၂၀၁၇၊ သြဂုတ်လ၊ ၂၃ ရက်နေ့တွင် သွားရောက်၍ ဆွေး နွေးတိုင်ပင်မှုများ ဆောင်ရွက်ခဲ့ပါသည်။ သွားရောက်ဆွေးနွေးရာတွင် တပ်သိမ်းခံမြေဧက ၃၀၀၀ ကျော် ပြန်လည်ရရှိရေးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့ နယ်အတွင်း ရေမထုတ်နိုင်သည့် နန်ကသူဆည်ကြောင့် ရေဘေးသင့်နေရသော ကညွတ်ကွင်းအုပ်စု အခြေခံပညာမူ လွန်ကျောင်းအရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ဒေသခံလယ်သမားတို့အတွက် လိုအပ်သည်များကို ကူညီနိုင်ရန် ညှိနှိုင်း တိုင်ပင်ခဲ့ကြပါသည်။

NNER ကိုယ်စားပြုကော်မတီအစည်းအဝေးသို့တက်ရောက် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ကိုယ်စားပြုကော်မတီအစည်းအဝေးကို ၂၀၁၇၊ သြဂုတ်လ ၁၉ နှင့် ၂၀ ရက်နေ့များတွင် ပဲခူးကျောက်တန်းစံပြကျေးရွာရှိ ပန်းပျိုးလက်ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးပထမနေ့တွင် တက်ရောက်လာသည့် ပြည်နယ်နှင့်တိုင်းအသီးသီးမှ ကိုယ်စားလှယ်များနှင့် လုပ်ငန်း ကော်မတီဝင်များက လက်တွေ့လုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့်အခြေအနေများ၊ စိန်ခေါ်ချက်များ၊ ဆောင်ရွက်သင့် သည်များကို အကြံပြုဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေး ဒုတိယနေ့တွင် NNER တတိယအကြိမ် ညီလာခံမှ ပြင်ဆင်ဖြည့်စွက်ထားသည့် ပညာရေးမူဝါဒများကို ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။ ထို့နောက် ရှေ့လုပ်ငန်းစဉ်များ၊ ဒီဇင်ဘာလတွင် ထားဝယ်မြို့၌ ကျင်းပမည့် ၆ လပတ်အစည်းအဝေးဆိုင်ရာ ကိစ္စရပ်များနှင့် ပဲခူးတိုင်းကွန်ရက်ဖွဲ့စည်း ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ၎င်းအစည်းအဝေးသို့ ...


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ