ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

October 2019
M T W T F S S
« Sep    
 123456
78910111213
14151617181920
21222324252627
28293031  

ပါတီလှုပ်ရှားမှုများ

ပြန်လည်လွတ်မြောက်လာသည့် ကျောင်းသားများနှင့် ၀န်းရံပြည်သူများကို ကြိုဆို အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး၊ ဒီမိုကရေစီပညာရေးအတွက် သပိတ်မှောက်ဆန္ဒပြသဖြင့် မတရား ဖမ်းဆီးချုပ် နှောင်ခံထားရသည့် ကျောင်းသားများ၊ ဝန်းရံပြည်သူများသည် သာယာဝတီ၊ မြင်းခြံနှင့် အင်းစိန်အကျဉ်းထောင်တို့မှ ၈၊ ၄၊ ၂၀၁၆ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာခဲ့ကြပါသည်။ ပြန်လည်လွတ်မြောက်လာသူများက ရန်ကုန်မြေသို့ ပြန်ရောက်ရောက်ချင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်သို့ သွားရောက်ဂါရဝပြုခဲ့ကြပါသည်။ ကျောင်းသားများနှင့် ၀န်ရံပြည်သူများကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေး အဖွဲ့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူများ၊လူထု အခြေပြု အရပ်ဖက်အဖွဲ့အစည်းများ၊ ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ပြည်သူများက ဆရာကြီးဂူဗိမာန်မှ တခဲနက် ၀မ်းသာလှိုက်လှဲစွာ ဆီးကြိုနှုတ်ဆက်ကြပါသည်။ ထိုနှုတ်ဆက်ပွဲတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ကိုယ်စား ဦးအောင်ထိုက်၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်ကိုယ်စား ဦးထွန်းဝင်းငြိမ်းတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ...

တောင်သူလယ်သမားရေးရာကော်မတီ၏ လုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးပြုလုပ် ၂၀၁၆၊ ဧပြီလ ၄ ရက်နေ့က ပါတီဌာန ချုပ်ရုံး၌ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာ ကော်မတီက တောင်သူလယ်သမားရေးရာကော်မတီ၏ လုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးတရပ်ကို ကျင်းပပြုလုပ်ခဲ့ ပါသည်။ အစည်းအဝေးတွင် ကော်မတီဝင်ရဲဘော်များက မိမိတို့ဒေသအသီးသီးတွင် ကြုံတွေ့နေရသော လယ်ယာမြေပြဿနာ များ၊ တောင်သူလယ်သမားတို့၏ အခက်အခဲနှင့် အခြေအနေများကို တင်ပြဆွေးနွေးကြပြီး ကော်မတီအနေဖြင့် ဆောင် ရွက်ကြရမည့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။ သိမ်းဆည်းလယ်ယာမြေများ ပြန်လည်ရရှိအောင် ဆောင်ရွက်ရေး၊ ပုံစံ (၇) ရရှိရန်အတွက် လယ်သမားများကို အကူအညီပေးရေး၊ လယ်သမားများ၏ အရည်အချင်းနှင့် ဆောင်ရွက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ရန် သင်တန်းများ၊ အလုပ်ရုံဆွေး နွေးပွဲများ ပြုလုပ်ပေးရေးနှင့် တောင်သူလယ်သမားများ၏ ...

ရဲဘော်မင်းနိုင် ကွယ်လွန်ခြင်း တလပြည့် ဆွမ်းကျွေးအလှူဒါန ရဲဘော်မင်းနိုင် ကွယ်လွန်ခြင်း တလပြည့် ဆွမ်းကျွေးအလှူဒါနကို ၂-၇-၂၀၁၆ ရက်နေ့က ကရင်ပြည်နယ်။ ဘားအံမြို့ ရဲဘော်မင်းနိုင်၏ မိသားစုနေအိမ်နှင့် ရန်ကုန်မြို့ ဒဂုံမြောက်ပိုင်း ၃၅ ရပ်ကွက်ရှိ ရဲဘော်မင်းနိုင်၏ မိဘနေအိမ်တို့တွင် ပြုလုပ်ခဲ့ကြပါသည်။ ရန်ကုန်အိမ်သို့ ပါတီဋ္ဌာနချုပ်မှ အတွင်းရေးမှူး(၁) ဦးသီဟနှင့်အဖွဲ့ သွားရောက်ကူညီခဲ့ကြပြီး ဘားအံမြို့ မိသားစု နေအိမ်သို့ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း၊ အတွင်းရေးမှူး (၂) ဒေါ်နှင်းနှင်းမွှေးနှင့် ဗဟိုစည်းရုံးရေးကော်မတီ ၀င် ဦးတိုးတိုးထွန်းနှင့် ဈာပနကော်မတီဝင်များ သွားရောက် ၀ိုင်းဝန်းခဲ့ကြပါသည်။ နော်ဝေ၊ အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာရောက် ရဲဘော်မင်းနိုင်၏ ရဲဘော်မိတ်ဆွေများထံမှ ပေးပို့လှူဒါန်း ထားသည့် အလှူငွေများကိုလည်း ဈာပနကော်မတီကိုယ်စား ဒေါ်နှင်းနှင်းမွှေးက မိသားစုလက်ဝယ်အရောက် ...

ဘားအံမြို့နယ် စည်းရုံးရေးကော်မတီနှင့် ဋ္ဌာနချုပ်ရဲဘော်များ တွေ့ဆုံ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ဗဟိုစည်းရုံရေးကော်မတီဝင် ဦးတိုးတိုးထွန်းတို့သည် ဘားအံမြို့နယ်စည်းရုံးရေးကော်မတီနှင့် ၁၄၊ ၃၊ ၁၆ ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့ပါသည်။ ဘားအံတွေ့ဆုံမှုတွင် ဗဟိုစည်းရုံရေးကော်မတီဝင် ဦးမင်းနိုင်၊ ဘားအံမြို့နယ် စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခင် အပါ အ၀င် မြို့နယ်စည်းရုံးရေးကော်မတီဝင်များက ဘာအံမြို့နယ်စည်းရုံးရေးအခြေအနေများ၊ ကရင်ပြည်နယ်အတွင်း အခြား မြို့နယ်များ၏စည်းရုံးရေးအခြေအနေများကို တင်ပြကြသည်။ ဖမ်းဆီးထိမ်းသိမ်းခံထားရသော ရဲဘော်ဇော်ရဲထက်၏ အမှု ဖြစ်စဉ်များနှင့် အခြေအနေတို့ကိုလည်း တင်ပြကြပါသည်။ ပါတီဥက္ကဋ္ဌနှင့် ဦးတိုးတိုးထွန်းတို့ကလည်း လက်ရှိဖြစ်ထွန်းနေသော နိုင်ငံရေးအခြေအနေများ၊ ပါတီမှ ထိုအခြေအနေသစ် များအပေါ် ထားရှိသည့်သဘောထားများ၊ ရှေ့လုပ်ငန်းစဉ်များဆိုင်ရာ ပြင်ဆင်ထားသင့်သည်များကို ဆွေးနွေးခဲ့ကြသည်။  

 


ထုတ်ပြန်ချက်များ

(SWAN) နှစ်(၂၀)ပြည့် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဂုဏ်ပြုပွဲအခမ်းအနားသို့ DPNS – WWC က ပေးပို့သည့်သဝဏ်လွှာ

စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး ဈာပနအခမ်းအနားသို့ DPNS က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

၇၁ နှစ်မြောက် ကရင်အမျိုးသားနေ့အခမ်းအနားများသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

စည်းလုံးညီညွတ်သော တိုင်းရင်းသားမဟာမိတ်များနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ မြေလွတ် မြေလပ် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေနှင့်ပတ်သက်သည့် ပူးတွဲသဘောထားထုတ်ပြန်ချက်

ဖုယွင်အထည်ချုပ်အလုပ်သမားများအား အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက် (၆/၂၀၁၈)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ထောင်ခြင်း အနှစ် ၃၀ ပြည့် အထိမ်းအမှတ် သဘောထားထုတ်ပြန်ချက်

သတင်းမီဒီယာများအား ဖိနှိပ်ခြင်းအပေါ် သဘောထားထုတ်ပြန်ချက်

DPNS ရဲဘော်ဟောင်း မသင်းသင်းအေး(ခ)မမီးမီး၏ ဈာပနသို့ ပန်းခြင်းနှင့်သဝဏ်လွှာ ပေးပို့

 


အမြင်သဘောထား

၂ဝ၂ဝ ရွေးကောက်ပွဲကို တိုင်းရင်းသားနဲ့မဟာမိတ်ပါတီတွေ ဘယ်လိုအနိုင်ယူမလဲ ဧရာဝတီ၊ ဇွန် ၁၃၊ ၂၀၁၉ “၂ဝ၂ဝ ရွေးကောက်ပွဲကို တိုင်းရင်းသားနဲ့မဟာမိတ်ပါတီတွေ ဘယ်လိုအနိုင်ယူမလဲ” ခေါင်းစဉ်ဖြင့် DPNS ဥက္ကဌ ဦးအောင်မိုးဇော်နှင့် SNLD အတွင်းရေးမှူး ဦးစိုင်းလိတ်တို့၏ ဆွေးနွေးချက် ရိုက်ကူး – ကျန်ကျောင်း၊ ကျော်သူရ တည်းဖြတ် – ကျော်သူရ https://www.facebook.com/theirrawaddyburmese/videos/2242692972481594/UzpfSTE3OTQ3MTgwODczMTM1MToyNTMyMjkwOTkwMTE2MDc2/

“ဥဒါန်း ဘယ်မကြေစရာ” အဖြစ်အပျက်များ သမိုင်းအမွေဆိုးအဖြစ် မကျန်ရှိရေးအတွက် အမြန်ဆုံး ဖြေရှင်းပါ (၆၊ ၆၊ ၂၀၁၉) Alpha ဘိလပ်မြေစက်ရုံအရေးဆန့်ကျင်ဆန္ဒပြကြတဲ့ဒေသခံအောင်သပြေရွာသားတွေကို အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးမှုတွေရဲ့နောက်ဆက်တွဲဖြစ်ရပ်မှာလူ့အသက်ဆုံးရှုံးသည်အထိဖြစ်ခဲ့ရပါပြီ်။အောင်သပြေရွာသား၊ လက်သမားဆရာကိုထွန်းမြင့်ဝင်းဟာဖမ်းဆီးချုပ်နှောင်ခံထားရစဉ် ဇွန် ၅ ရက်၊ မနက် ၅း၀၀ နာရီမှာသေဆုံးခဲ့ပါတယ်။ အရက်ကြောင်ရောဂါကြောင့်လို့တာဝန်ရှိအာဏာပိုင်တွေကပြောဆိုပေမယ့် ခန္ဓာကိုယ်ပေါ်မှာညှဉ်းပမ်းနှိပ်စက် ရိုက်နှက်ထားတဲ့ဒဏ်ရာတွေတွေ့ တယ်လို့မိသားစုဝင်တွေကပြောပါတယ်။ အာဏာပိုင်တွေပြောကြားတဲ့ရောဂါအမျိုးအစားဟာအသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကိုတော့ဆေးသိပ္ပံပညာကတိတိကျကျ သိနိုင်မှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့မေ ၁၅ ရက်နေ့ကအောင်သပြေရွာသားတွေအပေါ် အကြမ်းဖက်ဖြိုခွင်းတဲ့ဖြစ်စဉ်အပြီးမှာဆက်တိုက် ဖြစ်ပွါးခဲ့တဲ့ အဖြစ်အပျက်တွေဖြစ်ပါတယ်။ ရဲအင်အားအများအပြားသုံးပြီးအောင်သပြေရွာ အဝင်အထွက်ကိုပိတ်ဆို့ထားပါတယ်။ နာမည်ကျော် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) အပါအဝင်၊ မီးရှို့မှု၊ အကျိုးဖျက်ဆီးမှု စတဲ့ ပုဒ်မများစွာနဲ့အောင်သပြေရွာသားများစွာဖမ်းဆီးချုပ်နှောင်ခံကြရပါတယ်။ ဝရမ်းပြေးဖြစ်ကြရပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမိုးလင်းပုသိမ်ကြီးမြို့နယ် ထွေ/အုပ်ရုံးကအစည်းအဝေးဖိတ်လို့အသွားမှာဖမ်းဆီးခံရပါတယ်။ ယခုသေဆုံးရသူကိုထွန်းမြင့်ဝင်းမှာလည်းသူ့လက်သမားလုပ်ငန်းခွင်ကိုအသွားမှာဖမ်းဆီးခံရတာဖြစ်ပါတယ်။ အောင်သပြေကျေးရွာသား၊ ၉ တန်းကျောင်းသားမောင်ထူးဝေယံဆိုရင်လည်းကျောင်းဖွင့်ချိန် ကျောင်းသုံးပစ္စည်းတွေ မန္တလေးမြို့ပေါ် တက်ဝယ်ပြီးသူငယ်ချင်းတွေနဲ့အတူတူ ပြန်လာစဉ် အဖမ်းခံရခြင်းဖြစ်ပါတယ်။ ဖခင် ...

ကွဲပြားခြားနားမှုသည် ကွာခြားမှုမဟုတ်.. တန်းတူမှု(Equality)ဆိုတာလူ့အဖွဲ့အစည်းတခုမှာအလွန် အရေးကြီးပါတယ်။ အထူးသဖြင့် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနေထိုင်တဲ့လူ့အဖွဲ့အစည်းတခုမှာတန်းတူမှုဟာပို၍ပင် မရှိမဖြစ် လိုအပ်ပါတယ်။ တန်းတူမှုဆိုရာမှာဘာသာရေးအရ၊ လူမျိုးရေးအရ၊ လိင်အရ၊ အသားအရောင်အရ၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအရခွဲခြားဆက်ဆံမှုမရှိဘဲအခွင့်အရေးနဲ့အခွင့်အလမ်းများတန်းတူရည်တူရရှိဖို့လိုအပ်ပါတယ်။ မေလ ၁၅ ရက်နေ့ည ၁၀း၀၀ နာရီလောက်မှာမျိုးချစ်ရဟန်းတော်များဆိုတဲ့အဖွဲ့နဲ့အတူအရပ်သားအချို့က တောင်ဒဂုံမြို့နယ်၊ အမှတ်(၆၄)ရပ်ကွက်နဲ့ (၁၀၆)ရပ်ကွက်ရှိအစ္စလာမ်ရမ္မဒန်(ဥပုသ်)ကာလဝတ်ပြုဆုတောင်းရာနေရာတွေကိုလူစုလူဝေးနဲ့ပိတ်ဆို့တားမြစ် နှောက်ယှက်ခဲ့ပါတယ်။ အဲဒီနေရာတွေဟာအစ္စလာမ်ဘာသာဝင်များရဲ့နေ့ကြီးရက်ကြီးအခါကြီးဖြစ်တဲ့ရမ္မဒန်ဥပုသ်ကာလတွင် စုပေါင်းဝတ်ပြုနိုင်ဖို့အတွက် ရန်ကုန်းတိုင်းဒေသကြီးအစိုးရကမေလ ၈ ရက်နေ့မှာတရားဝင် ခွင့်ပြုပေးထားခဲ့တဲ့နေရာတွေဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၈) “နိုင်ငံသား၊ နိုင်ငံသားများမူလအခွင့်အရေးနှင့် တာဝန်”ပါ ပုဒ်မ (၃၅၄) အပိုဒ်(ဃ)မှာ ” . . . . . .မိမိချစ်ခင်မြတ်နိုးသည့်စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ၊ သာသနာနှင့် ဓလေ့ထုံးတမ်းများကိုလွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်”ရှိကြောင်းဖော်ပြထားပါတယ်။ ဒီဖွဲ့စည်းပုံဥပဒေထဲမှာပဲ မြန်မာနိုင်ငံမှာအစ္စလာမ်ဘာသာဟာတရားဝင်ဘာသာတခုဖြစ်ကြောင်းအသိအမှတ်ပြုထားပြီးလည်းဖြစ်ပါတယ်။ တရားဝင် အသိအမှတ်ပြုခံထားရတဲ့ဘာသာတခုရဲ့အထွဋ်အမြတ် အခါကြီးရက်ကြီးဝတ်ပြုဆုတောင်းမှုကိုဘာသာရေးအစွန်းရောက် လူတစုရဲ့ရန်ကနေကာကွယ်ပေးဖို့အာဏာပိုင်တွေဘက်ကပျက်ကွက်တာဟာမဖြစ်သင့်တဲ့ကိစ္စပါ။ မျိုးချစ်အမည်ခံအစုအဖွဲ့ရဲ့လုပ်ရပ်ဟာနိုင်ငံတကာအလယ်မှာမြန်မာနိုင်ငံရဲ့ပုံရိပ်နဲ့နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာကိုညစ်နွမ်းကျဆင်းစေပါတယ်။ အစိုးရအနေနဲ့လူနည်းစုဘာသာဝင်တွေရဲ့လွတ်လပ်စွာယုံကြည်ကိုးကွယ်မှုကိုအကာအကွယ်ပေးဖို့လိုအပ်ပါတယ်။ အခုကိစ္စမှာအစိုးရတာဝန်ရှိသူတွေအနေနဲ့အကာအကွယ်မပေးတဲ့အပြင် မိမိတို့ တရားဝင် ခွင့်ပြုထားပြီးဖြစ်တဲ့စုပေါင်းဝတ်ပြုခွင့်ကိုလျစ်လျူရှုပြီးအစွန်းရောက်လူအုပ်ရဲ့တောင်းဆိုချက်အတိုင်းဝတ်ပြုမှုကိုပိတ်ပင်ခြင်းဟာမသင့်လျော်တဲ့၊မလုပ်သင့် မလုပ်ထိုက်တဲ့လုပ်ရပ်ဖြစ်ပါတယ်။ အချုပ်အားဖြင့် ပြောရမယ်ဆိုရင်မြန်မာနိုင်ငံမှာလူမျိုးရေးအရ၊ ကိုးကွယ်ယုံကြည်တဲ့ဘာသာအရ၊ လိင်အရ၊ အသားအရောင်အရ၊ ...

အကြမ်းဖက်ဖြေရှင်းခြင်းဖြင့် အဖြေရရှိမည်မဟုတ် – မေလ ၁၅ ရက်နေ့ နံနက် ၅း၀၀ နာရီတွင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာသားများ၏ ဆန္ဒပြမှုအပေါ် မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ဖြိုခွဲမှုများ ဖြစ်ပွါးခဲ့သည်။ ထိုဖြစ်စဉ်အတွင်း သတင်းရယူနေသော သတင်းထောက်တဦးအပါအဝင် လူငါးဦးဖမ်းဆီးခံရပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ကြားသိရပါသည်။ – မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသော အလုပ်သမားအခွင့်အရေးပြဿနာ၊ တောင်သူလယ်သမားများ ဒေသခံလူထုများ ဆုံးရှုံးနစ်နာနေရသည့် ပြဿနာ၊ ကျောင်းသားများ၏ ပညာရေးဆုံးရှုံးနေရမှုပြဿနာ၊ ပြည်တွင်းစစ်ဖြစ်နေသော ဒေသများရှိ အပြစ်မဲ့တိုင်းရင်းသားပြည်သူများ သေဆုံးထိခိုက်နေရမှုပြဿနာ၊ ပြည်သူလူထု နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရသော အခြေခံလိုအပ်ချက်များဖြစ်သည့် ရေ၊ မီး မလုံလောက်မှုစသည့် ပြဿနာပေါင်းစုံ တိုး၍တိုး၍ လာနေပါသည်။ အဆိုပါ ပြဿနာများကို အစိုးရတရပ်အနေဖြင့် ကိုင်တွယ်ဖြေရှင်းရာတွင် ကောင်းမွန်မှန်ကန်သည့် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ စီမံခန့်ခွဲမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ဖြေရှင်းခြင်း မရှိဘဲ ပြဿနာများ ပိုမိုကြီးထွားလာမှုဆီသို့သာ တွန်းပို့သကဲ့သို့ ...

 


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။

 

 


 

နောက်ဆုံးရသတင်းများ

“ရွေးကောက်ပွဲယဉ်ကျေးမှုနဲ့ မြန်မာ့နိုင်ငံရေး” ခေါင်းစဉ်ဖြင့် DPNS ပါတီဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ ပါဝင်ဆွေးနွေး October 11, 2019

အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု DPNS ရပ်ကျေးရုံးဖွင့်ပွဲ October 10, 2019

ချောင်းသာမြို့၊ အုပ်စု(၂) ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ October 8, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် (DVB သတင်းဖော်ပြချက်) October 7, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် October 6, 2019

လူ့ဘောင်သစ်လူငယ်နှင့် DPNS ပါတီမိတ်ဆက်ဆွေးနွေးပွဲ October 6, 2019

ရွှေပြောင်းအလုပ်သမားများအတွက် အသိပညာပေးဟောပြောပွဲ October 5, 2019

ချောင်းသာ ရွှေသောင်ယံရုံးတွင် ဆွေးနွေးပွဲပြုလုပ် October 3, 2019

နော်အုန်းလှ အပါအဝင် ကရင့်ခေါင်းဆောင်များ ဖမ်းဆီးတရားစွဲဆိုခံနေရခြင်းအပေါ် DPNS ၏ သဘောထား October 2, 2019

ဝါးစိမ်းတောင်အရေးကို ဒေသခံတို့ စိတ်မအေးနိုင်သေး (RFA စုစည်းတင်ပြချက်) October 2, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ