ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

နောက်ဆုံးရသတင်းများ

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို မြင်းခြံမြို့နယ် လေးရွာဆုံကျေးရွာတွင် ပြုလုပ် June 21, 2019

DPNS မန္တလေးတိုင်း ပါတီကော်မတီဖော်ဆောင်ရေး ဆွေးနွေး June 20, 2019

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို မြင်းခြံမြို့နယ် ထနောင်းတိုင်ကျေးရွာတွင် ပြုလုပ် June 19, 2019

၂ဝ၂ဝ ရွေးကောက်ပွဲကို တိုင်းရင်းသားနဲ့မဟာမိတ်ပါတီတွေ ဘယ်လိုအနိုင်ယူမလဲ June 15, 2019

မန္တလေးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများအကြား တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲတက်ရောက် June 12, 2019

ပြည်သူ့စာဆို ဆရာဗန်းမော်တင်အောင် ရာပြည့်အကြိုအခမ်းအနား တက်ရောက် June 9, 2019

သြစတြေးလျလေဘာပါတီက ကြီးမှူးပြုလုပ်သော အမျိုးသမီးကိုယ်စားလှယ်လောင်းများဆိုင်ရာသင်တန်း တက်ရောက် June 8, 2019

နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေး နယ်ပယ်က တပ်မတော် ဆုတ်ခွာမလား (ရုပ်/သံ) June 7, 2019

၇၄-၇၅-၇၆ အလုပ်သမားအရေးအခင်းနှင့် ကျောင်းသားလှုပ်ရှားမှု ၄၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား တက်ရောက် June 6, 2019

ရွေးကောက်ပွဲများတွင် လူမှုကွန်ရက်အား အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ June 6, 2019


အမြင်သဘောထား

ဒီမိုကရေစီအနှစ်သာရ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အနှစ်သာရကို အာမခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆွေးနွေးပွဲသို့ DPNS ၏ တင်ပြချက် (၂၉၊ ၄၊ ၂၀၁၉)

NLD အစိုးရ၏ သုံးနှစ်တာဆောင်ရွက်ချက်များ စကားဝိုင်း (ပထမပိုင်း) NLD အစိုးရရဲ့ သုံးနှစ်တာဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်၊ ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဦးလှစော၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်တို့နဲ့အတူ မခင်ဖြူထွေးက ဆွေးနွေးတင်ပြထားပါတယ်။

ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ဘယ်သူတွေ ကယ်တင်မှာလဲ ဧရာဝတီ၊ ဧပြီ ၂၅၊ ၂၀၁၉ ဒီတပတ် Dateline Irrawaddy အစီအစဉ်မှာတော့ ဧရာဝတီ မြစ်ဆုံစီမံကိန်း အရေးနဲ့ ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင် ပညာရှင် ဒေါက်တာမြင့်ဇော်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် တို့နဲ့ အတူ ဧရာဝတီ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးထွန်းဝင်းငြိမ်း၏ ဆွေးနွေးချက်


ထုတ်ပြန်ချက်များ

စည်းလုံးညီညွတ်သော တိုင်းရင်းသားမဟာမိတ်များနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ မြေလွတ် မြေလပ် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေနှင့်ပတ်သက်သည့် ပူးတွဲသဘောထားထုတ်ပြန်ချက်

ဖုယွင်အထည်ချုပ်အလုပ်သမားများအား အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက် (၆/၂၀၁၈)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ထောင်ခြင်း အနှစ် ၃၀ ပြည့် အထိမ်းအမှတ် သဘောထားထုတ်ပြန်ချက်

သတင်းမီဒီယာများအား ဖိနှိပ်ခြင်းအပေါ် သဘောထားထုတ်ပြန်ချက်

DPNS ရဲဘော်ဟောင်း မသင်းသင်းအေး(ခ)မမီးမီး၏ ဈာပနသို့ ပန်းခြင်းနှင့်သဝဏ်လွှာ ပေးပို့

(၄၄) နှစ်မြောက် ဇွန် – ၆ အလုပ်သမားသပိတ် နှစ်ပတ်လည်အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသ၀ဏ်လွှာ (၆၊ ၆၊ ၂၀၁၈)

ရဲဘော်တင်ရှိန်(ခ)ဦးရှိန် [၁၉၄၃-၂၀၁၈] ဈာပနသို့ ပေးပို့သော သဝဏ်လွှာ

ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ကရင်နီပြည်) အမြင်သဘောထား ထုတ်ပြန်ချက် (၂၈-၅-၂၀၁၈)

ကရင်နီပြည် ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သည့် သဝဏ်လွှာ ၂၀၁၈- မေလ- ၂၇ ရက်။

တိုးတက်သောဒီမိုကရက်တစ်အင်အားစု၏ အမြင်သဘောထားစာတမ်း (၂၇၊ ၅၊ ၂၀၁၈)


ပါတီလှုပ်ရှားမှုများ

၁၉၉၆ ကျောင်းသားလှုပ်ရှားမှု နှစ် ၂၀ ပြည့်အထိမ်းအမှတ် စာတမ်းဆွေးနွေးပွဲ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှု နှစ် ၂၀ ပြည့်အထိမ်းအမှတ် စာတမ်းဆွေးနွေးပွဲကို ၂၊ ၁၂၊ ၁၆ ရက်နေ့က ရန်ကုန်မြို့၊ စကားဝါခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ စာတမ်းရှင်များက “ပညာရေးပြုပြင်ပြောင်းလဲမှု”၊ “အသွင်ကူးပြောင်းရေးကာလ ပြုပြင်ရေးလုပ်ငန်းစဉ်များ”၊ “ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်း” ဟူသည့် ခေါင်းစဉ်ကြီးသုံးခုအောက်တွင် ၎င်းတို့၏ အယူအဆများကို တင်ပြခဲ့ကြပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ဖြေကြား ပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် ဗဟိုစည်းရုံးရေးကော်မတီဝင်များလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

”တရားစီရင်ရေးမဏ္ဍိုင်ဟာ အပြန်အလှန်ထိန်းညှိမှုက လွတ်နေသလား” ဟောပြောဆွေးနွေးပွဲ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က စီစဉ်ကျင်းပသည့် ”တရားစီရင်ရေးမဏ္ဍိုင်ဟာ အပြန်အလှန်ထိန်းညှိမှုက လွတ်နေသလား” ဟောပြောဆွေးနွေးပွဲကို ၂၇၊ ၁၁၊ ၁၆ ရက်နေ့ နေ့လည်က တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ၌ ဦးကိုနီ၊ ဦးဌေးဦး(စိန်ဂျွန်း)၊ ဦးအောင်ဝင်းတို့က လက်ရှိ တရားစီရင်ရေးမဏ္ဍိုင်နှင့်ပတ်သက်၍ ဟောပြောဆွေးနွးပေးခဲ့ကြပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံးသို့ ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်ပါတီမှ မိတ်ဆွေများ လာရောက်လေ့လာ ၂၃၊ ၁၁၊ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံးသို့ ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်ပါတီမှ မိတ်ဆွေများ လာရောက်လေ့လာခဲ့ကြပါရာ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များက လက်ခံတွေ့ဆုံ၍ မြန်မာ့ဒီမိုကရေစီရေး ဖြစ်ထွန်းမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

မြင်းခြံမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်အမျိုးသမီးများနှင့် ပါတီလိုလားသူများ တွေ့ဆုံဆွေးနွေး မြင်းခြံမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်အမျိုးသမီးများနှင့် ပါတီလိုလားသူများ တွေ့ဆုံဆွေးနွေးပွဲကို ၂၂၊ ၁၁၊ ၁၆ ရက်နေ့က DPNS မြင်းခြံမြို့နယ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဒေါ်နိုးနိုးထက်စံ၊ ဗဟိုစည်းရုံးရေးကော်တီဝင် ဒေါ်ခင်ခင်ကြိုင်နှင့် ဒေါ်မေဖြူဆွေတို့က ပါတီ၏ မူဝါဒများ၊ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြပါသည်။


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ