ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၂၅၁)၊ တတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၉၅) ဝ၉၂၅၀၅၆၆၀၁၈
အီးမေးလ် - hqdpns@gmail.com
Facebook - Democratic Party for a New Society

နောက်ဆုံးရသတင်းများ

သတင်းစာနယ်ဇင်းများ မီဒီယာများနှင့် ပြောဆိုသည့်ကိစ္စ September 7, 2015

ရွေးကောက်ပွဲအောင်နိုင်ရေးရံပုံငွေ ၀ိုင်းဝန်းကူညီကြပါရန် မေတ္တာရပ်ခံ ပန်ကြားလွှာ August 24, 2015

ပြင်ဆင်ဆောင်ရွက်ရန် ကိစ္စများ August 17, 2015

ပြင်ဆင်ဆောင်ရွက်ရန် ကိစ္စများ August 17, 2015

ပည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို ကိုင်စွဲ၍ ရွေးကောက်ပွဲဝင်မည် (ထုတ်ပြန်ကြေညာချက် ( ၄ / ၂၀၁၅ ) ) August 17, 2015

လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းထုတ်ပြန်ခြင်း (သတင်းထုတ်ပြန်ချက် ( ၁ / ၂၀၁၅ )) August 17, 2015

ပါတီရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းခြင်း (သတင်းထုတ်ပြန်ချက် ( ၂ / ၂၀၁၅ ) ) August 17, 2015

ရွေးကောက်ပွဲကြေညာစာတမ်း August 14, 2015

(၅၃) နှစ်ပြည့် ၇ ဇူလိုင် အောက်မေ့ဘွယ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ July 15, 2015

ဆရာကြီး ဒဂုန်တာရာ (၉၆)နှစ် ပြည့် မွေးနေ့အခမ်းအနားသို့ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ May 10, 2015


အမြင်သဘောထား


ထုတ်ပြန်ချက်များ


ပါတီလှုပ်ရှားမှုများ

တကသအဆောက်အဦ ပြန်လည်တည်ဆောက်ရေး အစည်းအဝေး 16730359_1448193258525860_3322589841525196293_nတကသအဆောက်အဦ ပြန်လည်တည်ဆောက်ရေးအတွက် ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းရန် အစည်းအဝေးကို၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၈)ရက်နေ့တွင် ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် နံနက်(၁၀)နာရီမှ ညနေ(၄)နာရီခန့်အထိ ကျင်းပခဲ့ရာ မျိုးဆက်အသီးသီးမှ သမဂ္ဂကျောင်းသားများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ တက်ရောက်ဆွေးနွေးခဲ့ကြသော ၁၉၅၃-၂၀၁၇ ကျောင်းသားမျိုးဆက်များက တနိုင်ငံလုံးရှိ တက္ကသိုလ်၊ ကောလိပ်ကျောင်းများ အားလုံးတွင် သမဂ္ဂ၏ တရားဝင်တည်ရှိမှုအား တစုံတရာ အာမခံချက် ရရှိပြီးမှသာ ကော်မတီဖွဲ့စည်းရေးအတွက် ကျယ်ပြန့်သည့် အစည်းအဝေးများ ပြုလုပ်ခြင်း က လက်တွေ့ကျပြီး ပိုမိုအကျိုးဖြစ်ထွန်းနိုင်လိမ့်မည်ဟု ၎င်းတို့အားလုံး၏ သဘောထားကို ဖေါ်ပြ ဆွေးနွေးခဲ့ကြသည်။

ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု အစည်းအဝေး 16865004_1448153955196457_6280611174609328039_nပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုအတွက် ဆွေးနွေးတိုင်ပင်သည့်အစည်းအဝေးကို ၂၇၊၂၊၁၇ ရက်နေ့လည်ပိုင်းတွင် လူ့ဘောင်သစ်လူငယ်ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လွိုင်ကော်ခရီးစဉ် ဆွေးနွေးရရှိချက်များနှင့် လုပ်ငန်းစဉ်များ၊ ပန်ဆန်းညီလာခံအပေါ် သုံးသပ်ချက်၊ မြန်မာ့ငြိမ်းချမ်းရေး ရှေ့အလားအလာများ၊ တကသအဆောက်အဦ ပြန်လည်ဆောက်လုပ်မည့်ကိစ္စအပေါ် သဘောထားတို့ကို ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ်လူငယ်၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ငြိမ်း ချမ်းရေး၊ လူသတ်ဝါဒဆန့်ကျင်ရေး ဟောပြောဆွေးနွေးပွဲကျင်းပ 16708296_1433135276698325_2595411498651054638_nနှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ” ငြိမ်း ချမ်းရေး၊ လူသတ်ဝါဒဆန့်ကျင်ရေး”ခေါင်းစဉ်ဖြင့် နိုင်ငံရေးဟောပြောဆွေးနွေးပွဲကို ၁၃၊ ၂၊ ၁၇ ရက် နေ့လည်ပိုင်းတွင် ဗိုလ်တထောင်မြို့နယ်ရှိ သျှရီရာမခရစ်ရှနခန်းမ၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲအဖွင့်အမှာစကားကို ကရင်အမျိုးသားပါတီဥက္ကဋ္ဌ မန်းသိန်းရွှေက ပြောကြားပေးခဲ့ပါသည်။ ထို့နောက် “ငြိမ်းချမ်းရေး” ခေါင်းစဉ်ဖြင့် ဒေါက်တာအမ်ကွန်လ(KNC)၊ ဦးချစ်ဆောင်(မှိုင်း-ငြိမ်းကွန်ရက်)၊ ကိုကောင်းထက်ကျော်(ဗကသများအဖွဲ့ချုပ်)တို့က ဟောပြောဆွေးနွေးပေးခဲ့ကြပါသည်။ ဆက်လက်၍ “လူသတ်ဝါဒဆန့်ကျင်ရေး” ခေါင်းစဉ်ဖြင့် ဦးကြီးမြင့်(ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့)၊ ကိုကျော်ကိုကို(ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး)တို့က ဟောပြောဆွေးနွေးပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲအပြီးတွင် သတင်းစာရှင်းလင်းပွဲကို ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း ...

နှစ်၇၀ ပြည့် ပြည်ထောင်စုနေ့ညစာစားပွဲ 16508517_1432334230111763_5064316975221065418_nနှစ်၇၀ ပြည့် ပြည်ထောင်စုနေ့ညစာစားပွဲကို ၁၂၊၂၊၁၇ ရက်နေ့ည ၆:၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။


အင်တာဗျူ :

၂၀၁၆၊ စက်တင်ဘာလထုတ် ခေတ်ရနံ့မဂ္ဂဇင်းတွင် ဖော်ပြပါရှိသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူး 14470780_1004552236333786_841758187_n ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် မှုတွေ ပြုလုပ်နေပါတယ်။ အဲဒီအပေါ် ဦးအောင်မိုးဇော်ရဲ့ အမြင်သဘောထား သိချင်ပါတယ်။ ကြိုတင်ပြင်ဆင်မှုနဲ့ပတ်သက်လို့တော့ များများစားစား ပြော စရာမရှိပါဘူး။ ၂၁ ရာစုပင်လုံညီလာခံဆိုတာ အရင်အစိုးရ လက်ထက်ကစခဲ့တဲ့ NCA စာချုပ်အပေါ်မူတည်ပြီး လုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံရဲ့ အဆက်လို့ နားလည်ပါ တယ်။ ဒါကြောင့် အစိုးရသစ်အနေနဲ့ လုပ်စရာ အလုပ်တွေ အများ ကြီးထဲက ဒီအလုပ်ကို အချိန်အကန့်အသတ်တွေကြား က ပြင်ရဆင် ရတာဖြစ်ပုံရတယ်။ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ၊ သဘော တူညီထားတဲ့ အချိန်အတွင်းမှာ မဖြစ်ဖြစ်အောင် ပါဝင်သင့်ပါဝင် ထိုက်သူတွေ စုံနိုင်သမျှစုံအောင် ကြိုးစားဆောင်ရွက်ရပုံပေါ် တယ်။ နောက် တစ်ချက်က အရင်စီစဉ်ခဲ့တဲ့ အဖွဲ့အစည်းတွေ၊ လူ ပုဂ်္ဂိုလ် တွေနဲ့ ပြင် ဆင်ရတာမဟုတ်ဘဲ လူသစ်တွေ၊ အဖွဲ့သစ်တွေ နဲ့ ပြင်ရဆင်ရ တာ ဖြစ်တယ်လို့ နားလည်ပါတယ်။ ၂၁ရာစု ပင်လုံညီလာခံကြီးကို တက်ရောက်ဖို့ ဖိတ်ကြားတဲ့အခါ အရွေး အချယ်မခံရတဲ့ နိုင်ငံရေးပါတီတွေအပေါ်ထားတဲ့ သဘောထား၊ ဖိတ်ကြား ချက်နဲ့ပတ်သက်ပြီး ဝေဖန်သံတွေ ထွက် ပေါ်နေပါတယ်။ အဲဒီကိစ်္စနဲ့ပတ် သက်ပြီး သဘောထားမှတ်ချက်ပးပါဦး။

သမ္မတဦးထင်ကျော်လက်ထက် မြန်မာ့နိုင်ငံရေးအခြေအနေအားဧရာဝတီသတင်းဌာနတွင် ဆွေးနွေးခန်း dateline irrawaddy 15.3.2016ဒီတစ်ပတ် ဒိတ်လိုင်းအစီအစဉ်ကတော့ သမ္မတသစ်ဦးထင်ကျော်ဦးဆောင်တဲ့အစိုးရက ဘယ်လိုအခက်ခဲတွေနဲ့ကြုံတွေ့ရနိုင်မလဲ၊ရှေ့­လာမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကရော ဘယ်လိုရှိမလဲဆိုတာကိုဧရာဝတီသတင်းဌာနရဲ့အင်္ဂ­လိပ်ပိုင်းအယ်ဒီတာ ကျော်စွာမိုး၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ­ရဲ့ ဥက္ကဋ္ဌဦးအောင်မိုးဇော်နဲ့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းတို့ကဆွေးနွေးထားကြဖြစ်ပါတယ်။

ပါတီဥက္ကဋ္ဌဌ ဦးအောင်မိုးဇော်နှင့် 7Dayဂျာနယ်အင်တာဗျူး ၁၉၈၈၊ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးတွင် ဦးဆောင်မှု အခန်းကဏ္ဍဍမှ ပါဝင်လှုပ်ရှားခဲ့သည့် ကျောင်းသားများပါဝင် ဖွဲ့စည်းခဲ့သော လူဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲလွန် ကာလ၌ နဝတအစိုးရက ပါတီကို ဖျက်သိမ်းပစ်ခဲ့သည်။ ထိုသို့ ဖျက်သိမ်းခံလိုက်ရသော်လည်း လူဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် ပျောက်ကွယ်မသွားခဲ့ဘဲ တောတွင်း၊ နယ်စပ်ဒေသ၊ အကျဉ်းထောင်တို့၌သာမက တိုင်းပြည်နှင့်အနှံတွင် ဆက်လက် ရှင်သန်နေဆဲပင် ရှိသည်။ ယခုအခါ မြန် မာနိုင်ငံ၏ ဖြစ် ပေါ်တိုးတက်လာမှု အနေအထားများပေါ်မူတည်လျက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ မှတ်ပုံတင်လျက် တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်ရန် ပြင်ဆင်လာခဲ့သည်။ ထိုသို့ ပြင်ဆင်လာခဲ့ခြင်းအပေါ် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဌ ဦးအောင်မိုးဇော် နှင့် 7Day က တွေ့ဆုံမေးမြန်းချက် အပြည်အစုံကို ဖော်ပြလိုက်ပါသည်။


ရုပ်သံမှတ်တမ်း

Dateline Irrawaddy (15.3.2016)

သမ္မတသစ်ဦးထင်ကျော်ဦးဆောင်တဲ့အစိုးရက ဘယ်လိုအခက်ခဲတွေနဲ့ကြုံတွေ့ရနိုင်မလဲ၊ရှေ့­လာမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကရော ဘယ်လိုရှိမလဲဆိုတာကိုဧရာဝတီသတင်းဌာနရဲ့အင်္ဂ­လိပ်ပိုင်းအယ်ဒီတာ ကျော်စွာမိုး၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ­ရဲ့ ဥက္ကဋ္ဌဦးအောင်မိုးဇော်နဲ့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းတို့ကဆွေးနွေးထားကြဖြစ်ပါတယ်။ Source: From Dateline Irrawaddy

Party Intro in VOA


သတင်းဓါတ်ပုံ