ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၂၅၁)၊ တတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၉၅) ဝ၉၂၅၀၅၆၆၀၁၈
အီးမေးလ် - hqdpns@gmail.com
Facebook - Democratic Party for a New Society

နောက်ဆုံးရသတင်းများ

SNLD တည်ထောင်ခြင်း ၂၈ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား October 26, 2016

Gathering of women survivors သို့ ပါဝင်တက်ရောက် October 26, 2016

မြင်းခြံမှိုင်းငြိမ်းကွန်ရက် နာယက ဦးအောင်သူ အသက်(၈၀)ပြည့်မွေးနေ့ October 22, 2016

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေးတက်ရောက် October 16, 2016

Gender Gap Conference သို့တက်ရောက် October 14, 2016

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း ၂၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် “စစ်မှန်သောငြိမ်းချမ်းရေး” ခေါင်းစဉ်ဖြင့် နိုင်ငံရေးစကားဝိုင်းကို ၁၄၊ ၁၀၊ ၁၆ ရက်နေ့က ရန်ကုန်မြို့ ရှရီရာမခရစ်ရှနခန်းမတွင် ကျင်းပပြုလုပ် October 14, 2016

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ပါတီ တည်ထောင်ခြင်း (၂၈)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပါတီ၏ သဘောထားကြေညာချက် October 12, 2016

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးအင်အားစု၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့(UNDO)၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုတို.တွေ.ဆုံဆွေးနွေး October 11, 2016

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် အဖွဲ့ဝင်များဆွေးနွေးပွဲ October 10, 2016

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကွယ်လွန်ခြင်း ၄ နှစ်ပြည့်နှင့် စာအုပ်ထုတ်ဝေခြင်းအခမ်းအနားသို့ တက်ရောက်ဂုဏ်ပြု October 9, 2016


အမြင်သဘောထား


ထုတ်ပြန်ချက်များ

ဝမ်းနည်းကြောင်း သ၀ဏ်လွှာ ၂၀၁၄ ခုနှစ်၊ နိုဝင်္ဘာလ၊ ၁၆ ရက်။ ၁၄၊၁၁၊၂၀၁၄ ရက်နေ့တွင် ရဲဘော် ငွေထွန်းမြင့် (ခ) ထွန်းထွန်း (ခ) အရှည်ကြီးသည် အမေရိကန်နိုင်ငံ၊ လိုဂန်မြို့တွင် ကွယ်လွန်သွားကြောင်းကြားသိရသည့်အတွက် မိမိတို့ပါတီက မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲ ဖြစ်ကြရပါသည်။ ရဲဘော်ငွေထွန်းမြင့်သည် မြန်မာပြည်သူတို့၏ ဒီမိုကရေစီရေးတိုက်ပွဲအတွင်း ပျိုမျစ်သော လူ့ဘဝတခုလုံးကို မြှုပ်နှံ လျက် တာဝန်ကျေပွန်စွာ ထမ်းရွက်ခဲ့သူ ဖြစ်ပါသည်။ ရှစ်လေးလုံးအရေးတော်ပုံကြီးအလွန် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးအတွင်း ရဲဘော်ငွေထွန်း မြင့်သည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီဝင်အဖြစ်လည်းကောင်း၊ မျိုးချစ်ဒီမိုကရက်တစ်လူငယ်တပ်ပေါင်းစု အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ မကဒတ ကျောင်းသားတပ်မတော် တပ်ရင်း(၆၀၁) တပ်ဖွဲ့ဝင်ရဲဘော်အဖြစ်လည်းကောင်း ကျရာအခန်းမှာ တာဝန် ကျေစွာ ထမ်းရွက်ခဲ့သူဖြစ်ပါသည်။ ရဲဘော်၏တာဝန်ကျေခဲ့မှုများကို မိမိတို့ပါတီက အစဉ် တန်ဖိုးထား ...

သဘောထားထုတ်ပြန်ကြေညာချက် (၁/ ၂၀၁၄) ပါတီ၏အလံတော်အောက်တွင် စတင် စုစည်းကြပါရန် လေးနက်တည်ကြည်စွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအား မှတ်ပုံတင်အမှတ်စဉ် (၇၇) ဖြင့် မှတ်ပုံတင်ခွင့် ပြုခဲ့ပါသည်။ နှစ်ပေါင်း (၂၆)နှစ်ကျော်အတွင်း မိမိတို့ပါတီသည် ဥပဒေတွင်းနိုင်ငံရေးပါတီဘ၀ဖြင့် (၃) နှစ်သာနေခဲ့ကြရပြီး ကျန်နှစ်များကို ဖျက်သိမ်းခံ (သို့မဟုတ်) ဥပဒေပ နိုင်ငံရေးပါတီဘ၀ဖြင့် အကျဉ်းထောင်များအတွင်း၊ တောတောင်များ အတွင်း၊ နယ်စပ်ဒေသများနှင့် နိုင်ငံတကာတို့တွင် သဏ္ဍာန်အမျိုးမျိုးဖြင့် ဖြတ်သန်းခဲ့ကြရပါသည်။ ယခုအချိန်တွင် တရားဝင်နိုင်ငံရေးပါတီတရပ်အဖြစ် ပြည်တွင်းတွင်၊ လူထုကြားတွင် ပြန်လည်ရပ်တည်နိုင်ပြီ ဖြစ်သည်။ ဖြတ်သန်းခဲ့ရမှုအသီးသီးတွင် အသက်သွေးချွေးနှင့် ဘ၀တို့ ရင်းနှီးပေးဆပ်ခဲ့ကြသော ပါတီဝင် ရဲဘော်ရဲဘက် အသီးသီးတို့အား အလေးပြု၊ဦးညွတ်ပါကြောင်း ဦးစွာဖေါ်ပြလိုပါသည်။ တပြိုင်နက်တည်းတွင် ယနေ့နိုင်ငံရေး အခြေအနေများနှင့် ...

(၂၆) နှစ်ပြည့် ပါတီတည်ထောင်ခြင်းနေ့အထိမ်းအမှတ် သဘောထားထုတ်ပြန်ကြေညာချက် ယနေ့ ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ၊ (၁၄) ရက်နေ့သည် မိမိတို့ပါတီ၏သက်တမ်း (၂၆) နှစ်တင်းတင်း ပြည့်သောနေ့ ဖြစ်သည်။ ပါတီသက်တမ်း (၂၆) နှစ်တာအတွင်း နယ်မြေဒေသအသီးသီးတွင် သဏ္ဍာန်အမျိုးမျိုးနှင့် လူမျိုးစုံမြန်မာ ပြည်သူတို့၏အကျိုးစီးပွားကို မျက်နှာမူပြီး ပါတီ၏အလံတော်ကို ဦးလည်မသုန် သယ်ဆောင်ထမ်းရွက်ခဲ့ကြသော ပါတီ ၀င်ရဲဘော်မျိုးဆက်အသီးသီးကို ပါတီမှ အထူး အလေးအမြတ်ပြု တန်ဖိုးထားပါကြောင်း ဦးစွာ ဖေါ်ပြအပ်ပါသည်။ ယနေ့ကာလသည် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် (၁) နှစ်ခန့်သာ လိုတော့သည့်ကာလ ဖြစ်သည်။ သို့သော် ယနေ့အချိန်အထိ မြန်မာနိုင်ငံလူဦးရေ၏ (၇၀) ရာခိုင်နှုန်းရှိသည့် တောင်သူလယ်သမားများ၏ ဘ၀အခြေအနေမှာ မလုံမခြုံ ဖြစ်နေရဆဲဖြစ်သည်။ယနေ့အထိ မြေသိမ်းယာသိမ်းခံနေကြရပြီး သိမ်းဆည်းခံလယ် ယာမြေ ပြန်လည်ရရှိရေးကိစ္စမှာ ဖြေရှင်း၍မရသည့်ပြဿနာသဖွယ် ခက်ခဲမြဲ ခက်ခဲလျက် ...

ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီး (၂၆)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ ၂၀၁၄ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့တွင် ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီး (၂၆) နှစ်ပြည့်ပြီ ဖြစ်သည်။ အရေးတော်ပုံကြီးအတွင်း အသက်ပေးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းနှင့် အရေးတော်ပုံကြီး၏ သမိုင်းရေးတာဝန်များကို ဆက်လက်ထမ်းရွက်ရင်း ၂၆ နှစ်တာအတွင်းတွင် သဏ္ဍာန်အမျိုးမျိုးနှင့် ရင်းနှီးပေးဆပ်ခဲ့သူအပေါင်းကို မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။ ပြီးခဲ့သည့်နှစ် ရှစ်လေးလုံးငွေရတုလူထုစုဆုံပွဲကြီးတွင် နိုင်ငံရေးအင်အားစုများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် ရဟန်း ရှင်လူပြည်သူများက အောက်ပါ ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက် (၃) ရပ်ကို အခိုင်အမာ ချမှတ်ခဲ့ကြပါသည်။ ၁။ ကျွန်ုပ်တို့သည် ကိုယ့်ကြမ္မာကိုယ်ပြဋ္ဌာန်းပိုင်ခွင့်ရှိ၍ တန်းတူညီမျှမှုရှိသော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကိုလိုအပ်သည်ဟု အလေးအနက်ခံယူသည်။ ၂။၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကျွန်ုပ်တို့လိုလားသော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် သစ်ကို ဖေါ်ဆောင်ပေးနိုင်ခြင်း မရှိပေ။ သို့ဖြစ်ပါ၍ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြခံဥပဒေ ပြင်ဆင်ပြောင်းလဲရန်၊ (သို့မဟုတ်) ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲရန်လိုအပ်သည်ဟု ...


ပါတီလှုပ်ရှားမှုများ

အင်ဒိုနီးရှားနိုင်ငံ၊ဆာမန်ဂီးလှုပ်ရှားမှုနှစ်ပတ်လည် အမှတ်တရဆွေးနွေးပွဲသို့ တက်ရောက် ၁၉၉၈ ခုနှစ် က အင်ဒိုနီးရှားတွင် ပေါ်ပေါက်ခဲ့သည့် အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများထဲမှ အရေးပါသည့် ဆာမန်ဂီးလှုပ်ရှားမှုနှစ်ပတ်လည် အမှတ်တရဆွေးနွေးပွဲကို ဂျာကာတာမြို့တော် ဆာမန်ကီးဒေသရှိ အက်မာဂျာယာတက္ကသိုလ်၌ ၂၀၁၇ စက်တင်ဘာ ၁၈ ရက်နေ့တွင် ဒုတိယနေ့အစီအစဉ်အဖြစ် ကျင်းပခဲ့ပါသည်။ ဆာမန်းဂီးလူထုလှုပ်ရှားမှုတွင် ကျဆုံးခဲ့သူများ နစ်နာဆုံးရှုံးခဲ့ရသူများအတွက်တရားမျတမှုကို ဘယ်လိုရှာဖွေမလဲ အတိတ်က လှုအခွင့်အရေးချိုးဖောက်ခံရမှုများအတွက် တရားမျှတမှု ဘယ်လိုရှာဖွေမလဲဆိုသည့် ခေါင်းစဉ်ဖြင့် နိုင်ငံတကာဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကျောင်းသူကျောင်းသားများ ပညာရှင်များ ဆာမန်းဂီးလူထုလှုပ်ရှားမှုတွင် ကျဆုံးခဲ့သူများ၏ မိသားစုဝင်များ မြန်မာ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်တက်ရောက်ပြီး ၁၉၈၈ ...

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေး ၂/၂၀၁၇ ကျင်းပ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေး ၂/၂၀၁၇ ကို စက်တင်ဘာ ၉ရက်နှင့် ၁၀ ရက်နေ့များတွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးပထမနေ့တွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အဖွင့်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် ဗဟိုဦးဆောင်ကော်မတီ၏ နိုင်ငံရေးအစီရင်ခံစာနှင့် လုပ်ငန်းအစီရင်ခံစာတို့ကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ ဗဟိုစည်းရုံးရေးကော်မတီဝင်များကလည်း ဒေသဆိုင်ရာကိစ္စရပ်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေး ဒုတိယနေ့တွင် ၂၀၁၇ ခုနှစ်လုပ်ငန်းစဉ်ဇယားနှင့် အလုပ်ပြီးစီးမှုအခြေအနေများကို တင်ပြသုံးသပ်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် လတ်တလောလုပ်ငန်းစဉ်များကို အတည်ပြုပြီး အလုပ်တာဝန်များ ခွဲဝေခဲ့ကြပါသည်။

သခင်ဗဟိန်းရာပြည့်အခမ်းအနားကျင်းပရေးကော်မတီ(ရန်ကုန်)မှ ရံပုံငွေ လှူဒါန်း သခင်ဗဟိန်းရာပြည့်အခမ်းအနားကျင်းပရေးကော်မတီ(ရန်ကုန်)မှ အခမ်းအနားကျင်းပပြီး ကျန်ရှိသည့် ရံပုံငွေကို ၃-၉-၂၀၁၇ တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း အထိမ်းအမှတ် ငြိမ်းချမ်းရေးဗိမာန်ဆောက်လုပ်ရန်အတွက်လည်းကောင်း၊ ၄-၉-၂၀၁၇ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်သို့လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပါသည်။

ကျောင်းသားသမဂ္ဂများရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦဆိုင်ရာ ဆွေးနွေးပွဲ(ပထမအကြိမ်) ကျောင်းသားသမဂ္ဂများရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦဆိုင်ရာ ဆွေးနွေးပွဲ(ပထမအကြိမ်)ကို ၂၀၁၇၊ သြဂုတ်လ၊ ၃၀ ရက်နေ့က တက္ကသိုလ်များဓမ္မာရုံတွင် ပြုလုပ်ခဲ့ပါသည်။ ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် သတ်မှတ်ချက်ဆိုင်ရာ သဘောထားများစုစည်းခြင်း၊ တကသအဆောက်အဦ၏ သမိုင်းတန်ဖိုးဆိုင်ရာ သဘောထားများစုစည်းခြင်း၊ ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သော အခြေခံသဘောထားများ စုစည်းခြင်းဟူသည့် ဦးတည်ချက်သုံးခုဖြင့် ဆွေးနွေးပွဲကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးပွဲသို့ ၁၉၅၃ မှ ၂၀၁၇ အထိ ကျောင်းသားမျိုးဆက်များ တက်ရောက်ပြီး သဘောထားအမြင်များ တင်ပြခဲ့ကြပါသည်။ တက်ရောက်လာကြသော ကျောင်းသားမျိုးဆက်အများစုက ကျောင်းသားသမဂ္ဂ တရား ၀င်ရပ်တည်ခွင့်ရရှိရေးကို ဦးစားပေးဆောင်ရွက်သင့်ကြောင်း၊ ထို့နောက်မှသာ သမိုင်းတန်ဖိုးများကို မပျောက်ပျက်စေဘဲ သမဂ္ဂအဆောက်အဦတည်ဆောက်ရေးကို ...


အင်တာဗျူ :


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ