ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၂၅၁)၊ တတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၉၅) ဝ၉၂၅၀၅၆၆၀၁၈
အီးမေးလ် - hqdpns@gmail.com
Facebook - Democratic Party for a New Society

နောက်ဆုံးရသတင်းများ

EPDP ၏ လူထုအတွက် အကြံပြုချက် စာတမ်းအား အသိပေးတင်ပြသည့် အခမ်းအနား September 10, 2016

အမျိုးသမီးခေါင်းဆောင်မှုနှင့် စွမ်းရည်မြင့်တင်ရေးသင်တန်း တက်ရောက် September 10, 2016

ပါတီစည်းရုံးရေးစာစဉ်၊ အတွဲ(၁)၊ အမှတ်(၂)၊ စက်တင်ဘာ ၂၀၁၆ September 5, 2016

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေးကျင်းပ September 4, 2016

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် August 31, 2016

A Social Democratic Asia: Inclusive Policy Formulation Seminar သို့ တက်ရောက် August 30, 2016

မိတ်ဆွေအင်အားစုများဆက်ဆံရေးနှင့်ပတ်သက်သည့် သဘောထားထုတ်ပြန်ချက် ၅/၂၀၁၆ August 27, 2016

သဘာဝသယံဇာတဘဏ္ဍာငွေ မျှဝေရေး မူကွဲများအကြောင်း ဆွေးနွေးပွဲကျင်းပ August 26, 2016

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေး August 21, 2016

မန္တလေးမြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲဆိုင်ရာ ပါတီစုံဆွေးနွေးပွဲ August 17, 2016


အမြင်သဘောထား


ထုတ်ပြန်ချက်များ

(၂၆) နှစ်ပြည့် ပါတီတည်ထောင်ခြင်းနေ့အထိမ်းအမှတ် သဘောထားထုတ်ပြန်ကြေညာချက် ယနေ့ ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ၊ (၁၄) ရက်နေ့သည် မိမိတို့ပါတီ၏သက်တမ်း (၂၆) နှစ်တင်းတင်း ပြည့်သောနေ့ ဖြစ်သည်။ ပါတီသက်တမ်း (၂၆) နှစ်တာအတွင်း နယ်မြေဒေသအသီးသီးတွင် သဏ္ဍာန်အမျိုးမျိုးနှင့် လူမျိုးစုံမြန်မာ ပြည်သူတို့၏အကျိုးစီးပွားကို မျက်နှာမူပြီး ပါတီ၏အလံတော်ကို ဦးလည်မသုန် သယ်ဆောင်ထမ်းရွက်ခဲ့ကြသော ပါတီ ၀င်ရဲဘော်မျိုးဆက်အသီးသီးကို ပါတီမှ အထူး အလေးအမြတ်ပြု တန်ဖိုးထားပါကြောင်း ဦးစွာ ဖေါ်ပြအပ်ပါသည်။ ယနေ့ကာလသည် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် (၁) နှစ်ခန့်သာ လိုတော့သည့်ကာလ ဖြစ်သည်။ သို့သော် ယနေ့အချိန်အထိ မြန်မာနိုင်ငံလူဦးရေ၏ (၇၀) ရာခိုင်နှုန်းရှိသည့် တောင်သူလယ်သမားများ၏ ဘ၀အခြေအနေမှာ မလုံမခြုံ ဖြစ်နေရဆဲဖြစ်သည်။ယနေ့အထိ မြေသိမ်းယာသိမ်းခံနေကြရပြီး သိမ်းဆည်းခံလယ် ယာမြေ ပြန်လည်ရရှိရေးကိစ္စမှာ ဖြေရှင်း၍မရသည့်ပြဿနာသဖွယ် ခက်ခဲမြဲ ခက်ခဲလျက် ...

ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီး (၂၆)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ ၂၀၁၄ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့တွင် ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီး (၂၆) နှစ်ပြည့်ပြီ ဖြစ်သည်။ အရေးတော်ပုံကြီးအတွင်း အသက်ပေးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းနှင့် အရေးတော်ပုံကြီး၏ သမိုင်းရေးတာဝန်များကို ဆက်လက်ထမ်းရွက်ရင်း ၂၆ နှစ်တာအတွင်းတွင် သဏ္ဍာန်အမျိုးမျိုးနှင့် ရင်းနှီးပေးဆပ်ခဲ့သူအပေါင်းကို မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။ ပြီးခဲ့သည့်နှစ် ရှစ်လေးလုံးငွေရတုလူထုစုဆုံပွဲကြီးတွင် နိုင်ငံရေးအင်အားစုများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် ရဟန်း ရှင်လူပြည်သူများက အောက်ပါ ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက် (၃) ရပ်ကို အခိုင်အမာ ချမှတ်ခဲ့ကြပါသည်။ ၁။ ကျွန်ုပ်တို့သည် ကိုယ့်ကြမ္မာကိုယ်ပြဋ္ဌာန်းပိုင်ခွင့်ရှိ၍ တန်းတူညီမျှမှုရှိသော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကိုလိုအပ်သည်ဟု အလေးအနက်ခံယူသည်။ ၂။၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကျွန်ုပ်တို့လိုလားသော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် သစ်ကို ဖေါ်ဆောင်ပေးနိုင်ခြင်း မရှိပေ။ သို့ဖြစ်ပါ၍ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြခံဥပဒေ ပြင်ဆင်ပြောင်းလဲရန်၊ (သို့မဟုတ်) ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲရန်လိုအပ်သည်ဟု ...

၆၄ နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားများသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ ၁။ ကရင့် အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့် ဗိုလ်ချုပ်စိုင်းကေတို့ ကျဆုံးခဲ့သည့် အထွဋ်အမြတ်နေ့အား ကရင့်အာဇာနည်နေ့ အဖြစ် နှစ်စဉ် ဂုဏ်ပြု၊ကျင်းပခဲ့ကြသည်မှာ (၆၄) ကြိမ် တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ကရင်အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတလျောက်တွင် အသက်၊ သွေး၊ ချွေးများ ရင်းနှီးပေးဆပ်ခဲ့ကြသော ကရင့်အာဇာနည် အပေါင်းအား မိမိတို့ လေးစား၊တန်ဘိုးထားမှု အပြည့်ဖြင့် ဦးညွှတ်၊ ဂုဏ်ပြုလိုက်ပါသည်။ ၂။ အမျိုးသားပြည်သူတရပ်၏ လွတ်မြောက်ရေးသမိုင်းစဉ်တွင် အမျိုးသားဂုဏ်သိက္ခာနှင့် တန်းတူခွင့်၊လွတ်လပ်ခွင့်များကို ကိုယ်စား ပြုနိုင်သည့် သူရဲကောင်း အာဇာနည်တို့အား တန်ဘိုးထား၊မြတ်နိုးခြင်း အောက်မေ့၊အထိမ်းအမှတ်ပြုခြင်းတို့မှာ သမိုင်းတန်ဘိုးအရ အရေးပါသည်ဟု မိမိတို့ နားလည်၊ခံယူမိပါသည်။ ၃။ မျက်မှောက်ကာလတိုင်အောင်လည်း ကရင့်အာဇာနည် စောဘဦးကြီး အလေးထား ညွှန်ပြခဲ့သည့် မူ(၄)ချက်အား မမေ့လျော့၊ မသွေဖည်ဘဲ ငြိမ်းချမ်းရေး၊ ...

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ (၂၆) နှစ်ပြည့် တည်ထောင်ခြင်းနေ့သို့ ပေးပို့သည့် ဂုဏ်ပြုသ၀ဏ်လွှာ ၂၀၁၄ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့တွင် ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီး (၂၆) နှစ်ပြည့်ပြီ ဖြစ်သည်။ အရေးတော်ပုံကြီးအတွင်း အသက်ပေးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းနှင့် အရေးတော်ပုံကြီး၏ သမိုင်းရေးတာဝန်များကို ဆက်လက်ထမ်းရွက်ရင်း ၂၆ နှစ်တာအတွင်းတွင် သဏ္ဍာန်အမျိုးမျိုးနှင့် ရင်းနှီးပေးဆပ်ခဲ့သူအပေါင်းကို မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။ ပြီးခဲ့သည့်နှစ် ရှစ်လေးလုံးငွေ ရတုလူထုစုဆုံပွဲကြီးတွင် နိုင်ငံရေးအင်အားစု များ၊ လူထုအခြေပြုအဖွဲ့ အစည်းများနှင့် ရဟန်း ရှင်လူပြည်သူများက အောက်ပါ ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက် (၃) ရပ်ကို အခိုင်အမာ ချမှတ်ခဲ့ကြပါသည်။ ၁။ ကျွန်ုပ်တို့သည် ကိုယ့်ကြမ္မာကိုယ်ပြဋ္ဌာန်းပိုင်ခွင့်ရှိ၍ တန်းတူညီမျှမှုရှိသော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကိုလိုအပ်သည်ဟု အလေးအနက်ခံယူသည်။ ၂။၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကျွန်ုပ်တို့လိုလားသော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် သစ်ကို ဖေါ်ဆောင်ပေးနိုင်ခြင်း မရှိပေ။ သို့ဖြစ်ပါ၍ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရန်၊ ...


ပါတီလှုပ်ရှားမှုများ

သခင်ဗဟိန်းရာပြည့်အခမ်းအနားကျင်းပရေး ကော်မတီအစည်းအဝေး ကျင်းပ သခင်ဗဟိန်းရာပြည့်အခမ်းအနားကျင်းပရေး ကော်မတီအစည်းအဝေးကို ၂၀၁၇၊ ဇွန်လ ၁၇ ရက်နေ့လည်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဗကသများအဖွဲ့ချုပ်၊ ၇၄-၇၅-၇၆ နိုင်ငံရေး အင်အားစု၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့၊ ကရင်အမျိုးသမီး အစည်းအရုံး၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးအင်အားစု၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ညီညွတ်သော အမျိုးသားကွန်ဂရက် ပါတီ၊ MICS၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ အစရှိသည့်အဖွဲ့အစည်းများ အစည်းအဝေးတက်ရောက်ခဲ့ကြ ပါသည်။ အစည်းအဝေးတွင် ၂၀၁၇၊ ဇွန်လ ၂၇ ရက်နေ့တွင် ကျင်းပမည့် သင်ဗဟိန်းရာပြည့်အခမ်းအနား အစီအစဉ်များကို အသေးစိတ် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

သခင်ဗဟိန်းရာပြည့်အခမ်းအနားကျင်းပရေး ကော်မတီအစည်းအဝေး သခင်ဗဟိန်းရာပြည့် အခမ်းအနား ကျင်းပရေး ကော်မတီအလိုက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၇၊ ဇွန်လ ၁၀ ရက် နေ့လည်ပိုင်းတွင် လူ့ဘောင်သစ်ဒီိမိုကရက်တစ်ပါတီ(ဌာနချုပ်)ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။

သခင်ဗဟိန်းနှစ်တစ်ရာပြည့် အခမ်းအနားဖြစ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး သခင်ဗဟိန်းနှစ်တစ်ရာပြည့် အခမ်းအနားဖြစ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၇၊ ဇွန်လ ၉ ရက် နေ့လည်ပိုင်းတွင် လူ့ဘောင်သစ်ဒီိမိုကရက်တစ်ပါတီ(ဌာနချုပ်)ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ သခင်ဗဟိန်းနှစ်တစ်ရာပြည့် အခမ်းအနားကျင်းပရေးနှင့် ပတ်သက်၍ အစည်းအဝေးတက်ရောက်သူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။ ထို့နောက် ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းပြီး တာဝန်များခွဲဝေခဲ့ကြပါသည်။

၇၄-၇၅-၇၆ အလုပ်သမား၊ ကျောင်းသားလှုပ်ရှားမှု ၄၃ နှစ်ပြည့် အခမ်းအနား သို့တက်ရောက် မဆလစစ်အာဏာရှင် ဆန့်ကျင်ရေး ၇၄-၇၅-၇၆ အလုပ်သမား၊ ကျောင်းသားလှုပ်ရှားမှု ၄၃ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၇၊ ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းက တောင်ဥက္ကလာပ စိတ်တိုင်းကျ စားသောက်ဆိုင်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ကျွန်းပြန်နိုင်ငံရေးအင်အားစု၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ဗကသများအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတက်ရောက်လာသူများက အမှတ်တရစကားများ ပြောကြားခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကလည်း ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ပါသည်။ ...


အင်တာဗျူ :


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ