ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

နောက်ဆုံးရသတင်းများ

“လူငယ်နှင့် အနာဂတ်ပညာရေးအိပ်မက်” နိုင်ငံရေးစကားဝိုင်း March 17, 2017

စဥ့်ကိုင်အလုပ်သမားသပိတ်သို့ကူညီငွေပေးပို့လှူဒါန်း March 15, 2017

NNER အလုပ်အဖွဲ့အစည်းအဝေး ကျင်းပ March 10, 2017

ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ခံရခြင်း ၂ နှစ်ပြည့် March 10, 2017

” ကျွန်းပြန်ရဲဘော်ကြီး ဦးချို ၏ ဈာပနအခမ်း အနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ၏ သဝဏ်လွှာ “ March 10, 2017

” လက်ပံတန်း အကြမ်းဖက်မှု ၁၀း၁၀ (၂)နှစ်ပြည့် “ March 9, 2017

First Music NEWS ဂျာနယ်နှင့်လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူး March 8, 2017

တကသအဆောက်အဦ ပြန်လည်တည်ဆောက်ရေး အစည်းအဝေး February 28, 2017

ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု အစည်းအဝေး February 27, 2017

တကသ အဆောက်အဦ ပြန်လည်တည်ဆောက်ရေးကိစ္စအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားအား February 23, 2017


အမြင်သဘောထား


ထုတ်ပြန်ချက်များ


ပါတီလှုပ်ရှားမှုများ

ဆရာဦးလှရွှေ(အောင်သာ-PPP)၏ “နိုင်ငံရေးဆိုတာ သမိုင်း၊ သမိုင်းဆိုတာ နိုင်ငံရေး” စာအုပ်မိတ်ဆက်ပွဲနှင့် အသက်(၈၀)ပြည့် အမှတ်တရအခမ်းအနား သို့တက်ရောက် ဆရာဦးလှရွှေ(အောင်သာ-PPP)၏ “နိုင်ငံရေးဆိုတာ သမိုင်း၊ သမိုင်းဆိုတာ နိုင်ငံရေး” စာအုပ်မိတ်ဆက်ပွဲနှင့် အသက်(၈၀)ပြည့် အမှတ်တရအခမ်းအနားကို ၂၀၁၇၊ နိုဝင်ဘာ ၁၄ ရက်နေ့က တောင်ဥက္ကလာ စိတ်တိုင်းကျစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်များ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ မှိုင်းငြိမ်းကွန်ရက်အဖွဲ့ဝင်များ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ကျွန်းပြန်နိုင်ငံရေးအင်အားစု၊ ၇၄-၇၅ နိုင်ငံရေးအင်အားစုများ၊ ဆရာဦးလှရွှေအား ချစ်ခင်လေးစားသူများ အခမ်းအနား တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတက်ရောက်လာသူများက ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပြီး ဆရာဦးလှရွှေကလည်း စာအုပ်ရေးသားရခြင်းအကြောင်းရင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် မှိုင်းငြိမ်းကွန်ရက်တို့၏ အစည်းအဝေး သို့တက်ရောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် မှိုင်းငြိမ်းကွန်ရက်တို့၏ အစည်းအဝေးကို ၂၀၁၇ နိုဝင်ဘာ ၁၂ ရက်နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ မှိုင်းဂူဗိမာန်၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး၌ ရွှေတောင်ဝါးလည်ရွာတွင် ဆောက်လုပ်မည့် ငြိမ်းချမ်းရေးဗိမာန်ဆိုင်ရာကိစ္စရပ်များ၊ နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် ပြုလုပ်ခဲ့သည့် နိုင်ငံရေးဆွေးနွေးပွဲ၊ စာအုပ်ဈေးရောင်းပွဲဆိုင်ရာ အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

၆၂ နှစ်မြောက် ကရင်ပြည်နယ်နေ့ ဖွင့်ပွဲအခမ်းအနားသို့ ဘားအံမြို့နယ်၊စည်းရုံးရေးကော်မတီဝင်များ တက်ရောက် ၆၂ နှစ်မြောက် ကရင်ပြည်နယ်နေ့ ဖွင့်ပွဲအခမ်းအနားကို ၇-၁၁-၂၀၁၇ ရက်နေ့က ဘားအံမြို့ ကရင်ပြည်နယ်အစိုးရုံးမြက်ခင်းပြင်၌ ကျင်းပခဲ့ပါသည်။ ၎င်းဖွင့်ပွဲအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်ဥက္ကဋ္ဌနှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

SocDem Asia က စီစဉ်ကျင်းပသည့် Inclusive Policy Formulation Training Workshop (တတိယနေ့) SocDem Asia က စီစဉ်ကျင်းပသည့် Inclusive Policy Formulation Training Workshop တတိယနေ့ကို ၇-၁၁-၂၀၁၇ နေ့တွင် ရန်ကုန်မြို့ Orchid Hotel ၌ ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတက်ရောက်လာသူများက လက်ရှိ မြန်မာ့နိုင်ငံရေးစိန်ခေါ်ချက်များအား အဖြေရှာနိုင်ရေးအတွက် ယခင်နေ့က ဆွေးနွေးရရရှိချက်များအား ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။


အင်တာဗျူ :


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ