ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

October 2019
M T W T F S S
« Sep    
 123456
78910111213
14151617181920
21222324252627
28293031  

ပါတီလှုပ်ရှားမှုများ

ပြည်သူ့တိုးတက်ရေးပါတီ တွဲဘက်အတွင်းရေးမှူးဦးညိုဝင်း(ရွှေကျင်)၊ ကျဆုံးခြင်း ၂၇ နှစ်ပြည့်အခမ်းအနား သို့တက်ရောက် ပြည်သူ့တိုးတက်ရေးပါတီ တွဲဘက်အတွင်းရေးမှူး ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးညိုဝင်း(ရွှေကျင်) အင်းစိန်အကျဉ်းထောင်တွင်းကျဆုံးခြင်း ၂၇ နှစ်ပြည့်အခမ်းအနားကို ကျန်ရစ်သူမိသားစုက ၂၀၁၈ မတ်လ ၈ ရက်နေ့တွင် တောင်ဥက္ကလာပ စိတ်တိုင်းကျစားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးညိုဝင်း၏ဇနီး ဒေါ်စန်းပွင့် ပြည်သူ့တိုးတက်ရေးပါတီအတွင်းရေးမှူး ဦးလှရွှေ ကျွန်းပြန်ရဲဘော်ကြီး ဦးဖေအောင်နှင့် မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂမှ ဆရာထက်မြက်တို့က အမှတ်တရစကား ပြောကြားခဲ့ကြပါသည်။အခမ်းအနားသို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ မှိုင်းငြိမ်းကွန်ရက် ကျွန်းပြန်နိုင်ငံရေးအင်အားစု ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူများ နိုင်ငံရေးအကျဉ်းသားဟောင်းများ ဦးညိုဝင်းကိုချစ်ခင်လေးစားကြသူများ တက်ရောက်ခဲ့ကြပါသည်။

ပါတီဝင်အသစ်​များ စီစစ်​လက္ခံခြင်း နှင့်​ နှစ်​လပြည့်​ ​ပါတီ​ကော်​မတီဝင်​များ ​တွေ့ဆုံပွဲ ဇီးကုန်းမြို့နယ်၊ပဲခူးတိုင်းဒေသကြီး ” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″] 

DPNS အမျိုးသမီးလုပ်ငန်းကော်မတီ သတင်းစာရှင်းလင်းပွဲ ကျင်းပ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီ-WWC ၏ သတင်းစာရှင်းလင်းပွဲကို ၂၀၁၈၊ မတ်လ ၅ ရက်၊ နေ့လည် ၃း၀၀ နာရီတွင် ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ်(CEDAW)၏ အပိုဒ် ၂၉ အား ခြွင်းချက်အဖြစ် ချန်လှပ်မထားဘဲ အစိုးရမှ လက်မှတ်ရေးထိုးရန် WWC က တိုက်တွန်းတောင်းဆိုခဲ့ပါသည်။ မြန်မာနိုင်ငံအမျိုးသမီးထု၏ လက်ရှိအခြေအနေကို ဒေါ်နှင်းနှင်းမွှေး(WWC အကြံပေး)ကလည်းကောင်း၊ CEDAW ပါ အချက်အလက်များကို ဒေါ်နိုးနိုးထက်စံ(WWC အဖွဲ့ဝင်)ကလည်းကောင်း၊ မည်သည့်အတွက်ကြောင့် အစိုးရအား တိုက်တွန်းတောင်းဆိုရသည်နှင့် လက်ကမ်းစာစောင်ဝေငှသည့် လှုပ်ရှားမှုအခြေအနေကို မသက်ဇွန်လင်းထင်(WWC ဆက်သွယ်ရေးတာဝန်ခံ)ကလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ...

(CEDAW) စာချုပ်ပါ အပိုဒ် ၂၉ ကို ခြွင်းချက်မထားဘဲ လက်မှတ်ရေးထိုးရေး မြန်မာနိုင်ငံအစိုးရအား တိုက်တွန်းတောင်းဆိုသည့်လှုပ်ရှားမှု အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး သဘောတူညီချက်စာချုပ်(CEDAW) အပိုဒ် ၂၉ ကို ခြွင်းချက်မထားဘဲ လက်မှတ်ရေးထိုးရေး မြန်မာနိုင်ငံအစိုးရအား တိုက်တွန်းတောင်းဆိုသည့်လှုပ်ရှားမှုကို ၂၀၁၈၊ မတ်လ ၅ ရက်နေ့တွင် လု့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီက ဦးဆောင်ပြုလုပ်ခဲ့ပါသည်။ ရန်ကုန်၊ ရေကြည်၊ ဆားလင်းကြီး၊ မြင်းခြံ၊ ပြည်၊ အသုတ်၊ တံတားဦးမြို့နယ်များတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အမျိုးသမီးလုပ်ငန်းကော်မတီဝင်များ၊ DPNS ပါတီဝင်များ၊ လူ့ဘောင်သစ်လူငယ်များက နံနက် ၁၀း၀၀ နာရီအချိန်တွင် အဆိုပါမြို့နယ်အသီးသီးရှိ လူစည်ကားရာနေရာများ၌ လက်ကမ်းစာစောင်များ ဝေငှခဲ့ကြပါသည်။

 


ထုတ်ပြန်ချက်များ

ကယန်းအမျိုးသားတော်လှန်ရေးနေ့ နှစ်(၅၀) ပြည့် ရွှေရတု အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ

(၁၉၉၀) ရွေးကောက်ပွဲ ၂၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

ပါတီ၏ အလံတော်အောက်တွင် ညီညွတ်ခိုင်မြဲစွာ ပူးပေါင်းလက်တွဲ၍ အမျိုးသားရေးတာဝန်များကို သယ်ပိုးထမ်းရွက်ကြပါရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် နှီးနှောဖလှယ်ပွဲကြီးသို့ ပေးပို့သော ကြိုဆိုဂုဏ်ပြု သဝဏ်လွှာ

ဆရာ ဦးဝင်းတင် ဆုံးပါးကွယ်လွန်သွားခြင်းအတွက် ပေးပို့သော ၀မ်းနည်းသ၀ဏ်လွှာ

(၁၄) ကြိမ်မြောက် ကယန်းအမျိုးသားနေ့သို့သဝဏ်လွှာပေးပို့ခြင်း

ဉီးညိုမြ (အိုးဝေညိုမြ) နှစ် ၁၀ဝပြည့်နှင့် သခင်လေးမောင် အမှတ်တရ ကျောက်ရုပ်များ စိုက်ထူပွဲသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခြင်း

ပြည်ခရိုင် လယ်သမားထု၏ ဆန္ဒဖေါ်ထုတ်ပွဲအား ကြိုဆိုထောက်ခံခြင်း

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၃၈) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၏ ဒဿမအကြိမ်ညီလာခံသို့ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

 


အမြင်သဘောထား

 


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။

 

 


 

နောက်ဆုံးရသတင်းများ

“ရွေးကောက်ပွဲယဉ်ကျေးမှုနဲ့ မြန်မာ့နိုင်ငံရေး” ခေါင်းစဉ်ဖြင့် DPNS ပါတီဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ ပါဝင်ဆွေးနွေး October 11, 2019

အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု DPNS ရပ်ကျေးရုံးဖွင့်ပွဲ October 10, 2019

ချောင်းသာမြို့၊ အုပ်စု(၂) ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ October 8, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် (DVB သတင်းဖော်ပြချက်) October 7, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် October 6, 2019

လူ့ဘောင်သစ်လူငယ်နှင့် DPNS ပါတီမိတ်ဆက်ဆွေးနွေးပွဲ October 6, 2019

ရွှေပြောင်းအလုပ်သမားများအတွက် အသိပညာပေးဟောပြောပွဲ October 5, 2019

ချောင်းသာ ရွှေသောင်ယံရုံးတွင် ဆွေးနွေးပွဲပြုလုပ် October 3, 2019

နော်အုန်းလှ အပါအဝင် ကရင့်ခေါင်းဆောင်များ ဖမ်းဆီးတရားစွဲဆိုခံနေရခြင်းအပေါ် DPNS ၏ သဘောထား October 2, 2019

ဝါးစိမ်းတောင်အရေးကို ဒေသခံတို့ စိတ်မအေးနိုင်သေး (RFA စုစည်းတင်ပြချက်) October 2, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ