ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

October 2019
M T W T F S S
« Sep    
 123456
78910111213
14151617181920
21222324252627
28293031  

ပါတီလှုပ်ရှားမှုများ

Asia Pacific Campaign Forum တက်ရောက် သြစတြေးလျနိုင်ငံ၊ လေဘာပါတီ၊ နိုင်ငံတကာဆက်ဆံရေးဌာနက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော Asia Pacific Campaign Forum ကို ၂၀၁၉၊ ဇွန်လ၊ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ ကဲန်းမြို့တွင် နှစ်ရက်တာကျင်းပခဲ့ပါသည်။ သြစတြေးလျနိုင်ငံ၊ လေဘာပါတီ၊ နိုင်ငံတကာဆက်ဆံရေးဌာနက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော Asia Pacific Campaign Forum ကို ၂၀၁၉၊ ဇွန်လ၊ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ ကဲန်းမြို့တွင် နှစ်ရက်တာကျင်းပခဲ့ပါသည်။ ထိုဆွေးနွေးပွဲသို့ အိန္ဒိယ၊ အရှေ့တီမော၊ ပါပူဝါနယူးဂီနီ၊ ...

“ဥဒါန်း ဘယ်မကြေစရာ” အဖြစ်အပျက်များ သမိုင်းအမွေဆိုးအဖြစ် မကျန်ရှိရေးအတွက် အမြန်ဆုံး ဖြေရှင်းပါ ဇွန် ၆၊ ၂၀၁၉ “ဥဒါန်း ဘယ်မကြေစရာ” အဖြစ်အပျက်များ သမိုင်းအမွေဆိုးအဖြစ် မကျန်ရှိရေးအတွက် အမြန်ဆုံး ဖြေရှင်းပါ

မြောက်ဦးဒေသကို စစ်မဲ့ဇုန်အဖြစ် အမြန်ဆုံးသတ်မှတ်ကြေညာပေးရန် နိုင်ငံရေးပါတီအချို့နှင့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၀၀ ကျော် တောင်းဆို Daily ELEVEN Newspaper(5-6-2019) ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦးဒေသကို စစ်မဲ့ဇုန်အဖြစ် အမြန်ဆုံးသတ်မှတ်ကြေညာပေးရန် နိုင်ငံရေးပါတီအချို့နှင့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က ဇွန် ၂ ရက်တွင် ပူးတွဲသဘောထားကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။ ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းထောင့်ရှိ ရာမခရစ်သျှနာခန်းမတွင် ဇွန် ၂ ရက်က “ရခိုင်အရေးသည် ပြည်ထောင်စုအရေး ဖြစ်သည်”ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်သော နိုင်ငံရေးစကားဝိုင်းတွင် နိုင်ငံင်္ရေးပါတီအချို့နှင့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်တို့က ပူးတွဲသဘောထားကြေညာချက်ထုတ်ပြန်ကာ ထိုသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ရခိုင်အမျိုးသားများအပါအ၀င် တိုင်းရင်းသားများက စစ်ရေးအရ တိုက်ခိုက်နေရခြင်းသည် ဒီမိုကရေစီရေး၊ တန်းတူအခွင့်အရေး ရရှိရေးအတွက် ခုခံတော်လှန်နေကြသော နိုင်ငံရေးပြဿနာများကြောင့်သာဖြစ်ပြီး တိုက်ပွဲများရပ်တန့်ရေးအတွက် အင်အားကြီးသည့် တပ်မတော်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရန်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)ကလည်း အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရန် ...

ရခိုင်ပြည်နယ် လေ့လာရေးခရီးစဉ် သတင်းစာရှင်းလင်းပွဲ မီဒီယာဖော်ပြချက်များ “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်”ဆွေးနွေးပွဲများ၏ နောက်ဆက်တွဲလှုပ်ရှားမှုအဖြစ် အဖွဲ့ဝင် ၁၄ ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၁၇၊ ၆၊ ၂၀၁၉ ရက်နေ့မှ ၂၁၊ ၆၊ ၂၀၁၉ ရက်နေ့အထိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ် များသို့ ရခိုင်ပြည်နယ်လေ့လာရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်။ ခရီးစဉ်အတွင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ် လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ စစ်ဘေးဒုက္ခသည်များနှင့် တွေ့ဆုံပြီး ဒေသတွင်းရှိ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုသမိုင်းအမွေအနှစ်ဆိုင်ရာ ကိစ္စရပ်များကို အမြင်သဘောထားဖလှယ်မှုများ၊ ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။ ၎င်းခရီးစဉ်မှ တွေ့ရှိချက်များအား ၂၇၊၆၊ ၂၀၁၉ တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။ ပုံနှိပ်သတင်းမီယာများတွင် သတင်းစာ ရှင်းလင်းပွဲအကြောင်း ဖော်ပြပါရှိချက်များအား စုစည်း ဖော်ပြလိုက်ပါသည်

 


ထုတ်ပြန်ချက်များ

ကယန်းအမျိုးသားတော်လှန်ရေးနေ့ နှစ်(၅၀) ပြည့် ရွှေရတု အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ

(၁၉၉၀) ရွေးကောက်ပွဲ ၂၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

ပါတီ၏ အလံတော်အောက်တွင် ညီညွတ်ခိုင်မြဲစွာ ပူးပေါင်းလက်တွဲ၍ အမျိုးသားရေးတာဝန်များကို သယ်ပိုးထမ်းရွက်ကြပါရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် နှီးနှောဖလှယ်ပွဲကြီးသို့ ပေးပို့သော ကြိုဆိုဂုဏ်ပြု သဝဏ်လွှာ

ဆရာ ဦးဝင်းတင် ဆုံးပါးကွယ်လွန်သွားခြင်းအတွက် ပေးပို့သော ၀မ်းနည်းသ၀ဏ်လွှာ

(၁၄) ကြိမ်မြောက် ကယန်းအမျိုးသားနေ့သို့သဝဏ်လွှာပေးပို့ခြင်း

ဉီးညိုမြ (အိုးဝေညိုမြ) နှစ် ၁၀ဝပြည့်နှင့် သခင်လေးမောင် အမှတ်တရ ကျောက်ရုပ်များ စိုက်ထူပွဲသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခြင်း

ပြည်ခရိုင် လယ်သမားထု၏ ဆန္ဒဖေါ်ထုတ်ပွဲအား ကြိုဆိုထောက်ခံခြင်း

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၃၈) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၏ ဒဿမအကြိမ်ညီလာခံသို့ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

 


အမြင်သဘောထား

 


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။

 

 


 

နောက်ဆုံးရသတင်းများ

“ရွေးကောက်ပွဲယဉ်ကျေးမှုနဲ့ မြန်မာ့နိုင်ငံရေး” ခေါင်းစဉ်ဖြင့် DPNS ပါတီဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ ပါဝင်ဆွေးနွေး October 11, 2019

အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု DPNS ရပ်ကျေးရုံးဖွင့်ပွဲ October 10, 2019

ချောင်းသာမြို့၊ အုပ်စု(၂) ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ October 8, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် (DVB သတင်းဖော်ပြချက်) October 7, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် October 6, 2019

လူ့ဘောင်သစ်လူငယ်နှင့် DPNS ပါတီမိတ်ဆက်ဆွေးနွေးပွဲ October 6, 2019

ရွှေပြောင်းအလုပ်သမားများအတွက် အသိပညာပေးဟောပြောပွဲ October 5, 2019

ချောင်းသာ ရွှေသောင်ယံရုံးတွင် ဆွေးနွေးပွဲပြုလုပ် October 3, 2019

နော်အုန်းလှ အပါအဝင် ကရင့်ခေါင်းဆောင်များ ဖမ်းဆီးတရားစွဲဆိုခံနေရခြင်းအပေါ် DPNS ၏ သဘောထား October 2, 2019

ဝါးစိမ်းတောင်အရေးကို ဒေသခံတို့ စိတ်မအေးနိုင်သေး (RFA စုစည်းတင်ပြချက်) October 2, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ