ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

October 2019
M T W T F S S
« Sep    
 123456
78910111213
14151617181920
21222324252627
28293031  

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဒေါ်နိုးနိုးထက်စံ တို့၏ ဆွီဒင်နိုင်ငံခရီးစဉ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဒေါ်နိုးနိုးထက်စံ တို့သည် ဆွီဒင်နိုင်ငံသို့ ၂၀၁၆၊ စက်တင်ဘာလ စတုတ္ထပတ်တွင် သွားရောက်ခဲ့ကြပါသည်။ ၂၉၊ ၉၊ ၁၆ ရက်နေ့တွင် Swedish Social Democratic Party ၏ အထွေထွေအတွင်းရေးမှူး Lena Rådström Baastad နှင့်လည်းကောင်း၊ Swedish Social Democratic Youth League (SSU) ဥက္ကဋ္ဌ Philip Bodström၊ အထွေထွေအတွင်းရေးမှူး Andrea Törnestam ၊ အပြည်ပြည်ဆိုင်ရာ အတွင်းရေးမှူး Rebecca Abrahamsson တို့နှင့်လည်းကောင်း လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ ၃၀၊ ...

ပုသိမ်မြို့ လူငယ်အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် ဟောပြောဆွေးနွေးပေးခဲ့ ပုသိမ်မြို့ ကရုဏာစင်တာခန်းမ၌ ၂၉၊ ၉၊ ၂၀၁၆ ရက်နေ့က လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် လူငယ်များ၏အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲတခုကို ပြုလုပ်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲကို လူငယ်အ၀ိုင်းအ၀န်း (Youth Circle)က ကမကထပြုပြီး ပုသိမ်အခြေစိုက်လူငယ်အဖွဲ့အစည်းများ စုစည်း ပြုလုပ်ခြင်းကြခြင်း ဖြစ်ပါသည်။ လူငယ်ကွန်ရက်များမှ တာဝန်ရှိသူများ ၄၀ ခန့် တက်ရောက်ကြပြီး နံနက်ပိုင်းတွင် လက်ရှိနိုင်ငံရေးအခင်းအကျင်းအား လေ့လာခြင်းကို ပြုလုပ်ကြပြီး နေ့လည်ပိုင်း၌ လူငယ်များ၏ အခန်းကဏ္ဍအပိုင်းကို ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။ လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့်ပတ်သက်၍ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက ဆွေးနွေးပေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပုသိမ်မြို့ရှိ နိုင်ငံရေးပါတီများကိုလည်းဖိတ်ကြားထားရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဧရာဝတီတိုင်းစည်းမှ ရဲဘော်များလည်း တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ဆွေသဟာအဖွဲ့မှ ကိုစိမ်းခက်စိုးက ...

ဧရာဝတီတိုင်းဒေသကြီး စည်းရုံးရေးကော်မတီနှင့် အထွေထွေအတွင်းရေးမှူး တွေ့ဆုံဆွေးနွေး ၂၉၊ ၉၊ ၂၀၁၆ ရက်နေ့တွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးငွေလင်းသည် ဧရာဝတီတိုင်းဒေသကြီး စည်းရုံး ရေးကော်မတီရုံး၌ တိုင်းစည်းများနှင့် သွားရောက် တွေ့ဆုံခဲ့ပါသည်။ ဆွေးနွေးပွဲသို့ တိုင်းစည်းရုံးရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဦးငွေလင်းက ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေးရရှိချက်၊ ပါတီတည်ဆောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ရရှိချက်များကို အခြေခံပြီး ပါတီဋ္ဌာနချုပ် နောက်ဆုံးစုစည်းချက်များကို မိတ်ဆက်ပေးပါသည်။ ယနေ့ကာလ အခြေအနေတခုလုံးအပေါ် ထားရမည့်သဘောထား၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထားရ မည့်သဘောထား၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသစ်အပေါ် ထားရမည့်သဘောထား၊ လယ်သမားအရေး ဆောင် ရွက်ရန် ပြင်ဆင်ထားမှုများ၊ ပါတီ၏အခန်းကဏ္ဍနှင့် ၂၀၂၀ ပါတီမျှော်မှန်းချက်၊ ပါတီတည်ဆောက်ရေးဆိုင်ရာ အခြေခံ စဉ်းစားချက်များကို မိတ်ဆက်ပေးပါသည်။ ဧရာဝတီတိုင်းဒေသကြီး စည်းရုံးရေးကော်မတီဝင်များကလည်း ...

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) လုပ်ငန်းအဖွဲ့အစည်းအဝေး ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) လုပ်ငန်းအဖွဲ့အစည်းအဝေးကို ၂၆၊ ၉၊ ၁၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပါသည်။ မကွေးမြို့၌ ၂၀၁၆၊ အောက်တိုဘာလ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည့် NNER ပြည်နယ်နှင့်တိုင်းကွန်ရက်များ၏ ၆ လပတ် အစည်းအဝေးနှင့် ပညာရေးဟောပြောဆွေးနွေးပွဲတို့အတွက် အသေးစိတ်ပြင်ဆင်ရမည့် ကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်များ စသည်တို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

 


ထုတ်ပြန်ချက်များ

ကယန်းအမျိုးသားတော်လှန်ရေးနေ့ နှစ်(၅၀) ပြည့် ရွှေရတု အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ

(၁၉၉၀) ရွေးကောက်ပွဲ ၂၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

ပါတီ၏ အလံတော်အောက်တွင် ညီညွတ်ခိုင်မြဲစွာ ပူးပေါင်းလက်တွဲ၍ အမျိုးသားရေးတာဝန်များကို သယ်ပိုးထမ်းရွက်ကြပါရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် နှီးနှောဖလှယ်ပွဲကြီးသို့ ပေးပို့သော ကြိုဆိုဂုဏ်ပြု သဝဏ်လွှာ

ဆရာ ဦးဝင်းတင် ဆုံးပါးကွယ်လွန်သွားခြင်းအတွက် ပေးပို့သော ၀မ်းနည်းသ၀ဏ်လွှာ

(၁၄) ကြိမ်မြောက် ကယန်းအမျိုးသားနေ့သို့သဝဏ်လွှာပေးပို့ခြင်း

ဉီးညိုမြ (အိုးဝေညိုမြ) နှစ် ၁၀ဝပြည့်နှင့် သခင်လေးမောင် အမှတ်တရ ကျောက်ရုပ်များ စိုက်ထူပွဲသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခြင်း

ပြည်ခရိုင် လယ်သမားထု၏ ဆန္ဒဖေါ်ထုတ်ပွဲအား ကြိုဆိုထောက်ခံခြင်း

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၃၈) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၏ ဒဿမအကြိမ်ညီလာခံသို့ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

 


အမြင်သဘောထား

 


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။

 

 


 

နောက်ဆုံးရသတင်းများ

“ရွေးကောက်ပွဲယဉ်ကျေးမှုနဲ့ မြန်မာ့နိုင်ငံရေး” ခေါင်းစဉ်ဖြင့် DPNS ပါတီဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ ပါဝင်ဆွေးနွေး October 11, 2019

အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု DPNS ရပ်ကျေးရုံးဖွင့်ပွဲ October 10, 2019

ချောင်းသာမြို့၊ အုပ်စု(၂) ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ October 8, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် (DVB သတင်းဖော်ပြချက်) October 7, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် October 6, 2019

လူ့ဘောင်သစ်လူငယ်နှင့် DPNS ပါတီမိတ်ဆက်ဆွေးနွေးပွဲ October 6, 2019

ရွှေပြောင်းအလုပ်သမားများအတွက် အသိပညာပေးဟောပြောပွဲ October 5, 2019

ချောင်းသာ ရွှေသောင်ယံရုံးတွင် ဆွေးနွေးပွဲပြုလုပ် October 3, 2019

နော်အုန်းလှ အပါအဝင် ကရင့်ခေါင်းဆောင်များ ဖမ်းဆီးတရားစွဲဆိုခံနေရခြင်းအပေါ် DPNS ၏ သဘောထား October 2, 2019

ဝါးစိမ်းတောင်အရေးကို ဒေသခံတို့ စိတ်မအေးနိုင်သေး (RFA စုစည်းတင်ပြချက်) October 2, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ