ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

October 2019
M T W T F S S
« Sep    
 123456
78910111213
14151617181920
21222324252627
28293031  

ပါတီလှုပ်ရှားမှုများ

သခင်ဗဟိန်းနှစ်တစ်ရာပြည့်အခမ်းအနားကျင်းပရေးကော်မတီ(ရန်ကုန်)က သဘောထားထုတ်ပြန်ကြေညာချက် သခင်ဗဟိန်းနှစ်တစ်ရာပြည့်အခမ်းအနားကျင်းပရေးကော်မတီ(ရန်ကုန်)က သဘောထားထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာလိုက်ပါသည်။

အာဇာနည်ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၁ နှစ်မြောက် အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်းအနား အာဇာနည်ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၁ နှစ်မြောက် အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်းအနားကို ၂၆.၆.၂၀၁၇ (တနင်္လာနေ့)နံနက်ပိုင်းတွင် တောင်ဥက္ကလာပ စိတ်တိုင်းကျစားသောက်ဆိုင်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ၇၄- ၇၅- ၇၆ နိုင်ငံရေးအင်အားစု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် ဗကသများအဖွဲ့ချုပ် ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး အစရှိသည့် နိုင်ငံရေးအင်အားစုအသီးသီးက တက်ရောက် ဂုဏ်ပြုခဲ့ကြပါသည်။ အခမ်းအနားတက်ရောက်လာသူများက ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကလည်း အမှတ်တရစကား ပြောကြားခဲ့ပါသည်။

သခင်ဗဟိန်းရာပြည့်အခမ်းအနားကျင်းပရေး ကော်မတီအစည်းအဝေး ကျင်းပ သခင်ဗဟိန်းရာပြည့်အခမ်းအနားကျင်းပရေး ကော်မတီအစည်းအဝေးကို ၂၀၁၇၊ ဇွန်လ ၁၇ ရက်နေ့လည်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဗကသများအဖွဲ့ချုပ်၊ ၇၄-၇၅-၇၆ နိုင်ငံရေး အင်အားစု၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့၊ ကရင်အမျိုးသမီး အစည်းအရုံး၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးအင်အားစု၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ညီညွတ်သော အမျိုးသားကွန်ဂရက် ပါတီ၊ MICS၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ အစရှိသည့်အဖွဲ့အစည်းများ အစည်းအဝေးတက်ရောက်ခဲ့ကြ ပါသည်။ အစည်းအဝေးတွင် ၂၀၁၇၊ ဇွန်လ ၂၇ ရက်နေ့တွင် ကျင်းပမည့် သင်ဗဟိန်းရာပြည့်အခမ်းအနား အစီအစဉ်များကို အသေးစိတ် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

သခင်ဗဟိန်းရာပြည့်အခမ်းအနားကျင်းပရေး ကော်မတီအစည်းအဝေး သခင်ဗဟိန်းရာပြည့် အခမ်းအနား ကျင်းပရေး ကော်မတီအလိုက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၇၊ ဇွန်လ ၁၀ ရက် နေ့လည်ပိုင်းတွင် လူ့ဘောင်သစ်ဒီိမိုကရက်တစ်ပါတီ(ဌာနချုပ်)ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။

 


ထုတ်ပြန်ချက်များ

ကယန်းအမျိုးသားတော်လှန်ရေးနေ့ နှစ်(၅၀) ပြည့် ရွှေရတု အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ

(၁၉၉၀) ရွေးကောက်ပွဲ ၂၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

ပါတီ၏ အလံတော်အောက်တွင် ညီညွတ်ခိုင်မြဲစွာ ပူးပေါင်းလက်တွဲ၍ အမျိုးသားရေးတာဝန်များကို သယ်ပိုးထမ်းရွက်ကြပါရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် နှီးနှောဖလှယ်ပွဲကြီးသို့ ပေးပို့သော ကြိုဆိုဂုဏ်ပြု သဝဏ်လွှာ

ဆရာ ဦးဝင်းတင် ဆုံးပါးကွယ်လွန်သွားခြင်းအတွက် ပေးပို့သော ၀မ်းနည်းသ၀ဏ်လွှာ

(၁၄) ကြိမ်မြောက် ကယန်းအမျိုးသားနေ့သို့သဝဏ်လွှာပေးပို့ခြင်း

ဉီးညိုမြ (အိုးဝေညိုမြ) နှစ် ၁၀ဝပြည့်နှင့် သခင်လေးမောင် အမှတ်တရ ကျောက်ရုပ်များ စိုက်ထူပွဲသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခြင်း

ပြည်ခရိုင် လယ်သမားထု၏ ဆန္ဒဖေါ်ထုတ်ပွဲအား ကြိုဆိုထောက်ခံခြင်း

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၃၈) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၏ ဒဿမအကြိမ်ညီလာခံသို့ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

 


အမြင်သဘောထား

 


အင်တာဗျူ :

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

 

 


 

နောက်ဆုံးရသတင်းများ

ဂုဏ်သိက္ခာရှိတဲ့နိုင်ငံဖြစ်ဖို့ အကျပ်အတည်းတွေကို စုစုစည်းစည်းကျော်ဖို့လို (7 Day TV) October 18, 2019

ပါတီကိုလည်းကြည့် လူကိုလည်းကြည့်ဖို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီပြော (Kamayut) October 15, 2019

ပါတီ ၃၁ နှစ်ပြည့် အခမ်းအနား VOA ၏ ဖော်ပြချက် October 15, 2019

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော October 14, 2019

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ထောင်ခြင်း (၃၁) နှစ်ပြည့် သဘောထား ထုတ်ပြန်ကြေညာချက် ( ၃ / ၂၀၁၉) October 14, 2019

“ရွေးကောက်ပွဲယဉ်ကျေးမှုနဲ့ မြန်မာ့နိုင်ငံရေး” ခေါင်းစဉ်ဖြင့် DPNS ပါတီဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ ပါဝင်ဆွေးနွေး October 11, 2019

အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု DPNS ရပ်ကျေးရုံးဖွင့်ပွဲ October 10, 2019

ချောင်းသာမြို့၊ အုပ်စု(၂) ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ October 8, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် (DVB သတင်းဖော်ပြချက်) October 7, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် October 6, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ