ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

October 2019
M T W T F S S
« Sep    
 123456
78910111213
14151617181920
21222324252627
28293031  

ပါတီလှုပ်ရှားမှုများ

ပါတီဌါနချုပ်ရဲဘော်များ နှင့် မြင်းခြံ စည်းကော်မတီဝင်များ တွေ့ဆုံဆွေးနွေး လူ့​ဘောင်​သစ်​ဒီမိုကရက်​တစ်ပါတီဥက္ကဋ္ဌ ဦး​အောင်​မိုး​ဇော်​၊ အတွင်း​ရေးမှူး-၂ ​ဒေါ်နှင်းနှင်း​မွှေးတို့သည်​ ​မြင်းခြံမြို့နယ်​စည်းရုံး​ရေး​ကော်​မတီဝင်​များ၊ ပါတီရဲ​ဘော်​များနှင့်​ ​​တွေ့ဆုံ၍ အစည်း​အေ​ဝးကျင်းပ​ခဲ့ပါသည်​။ ၁၀-၇-၂၀၁၇ ​နေ့လည်​ပိုင်းတွင် မြင်းခြံမြို့နယ်​ DPNS ရုံး၌ ​တွေ့ဆုံခဲ့ကြခြင်းဖြစ်​သည်​။ ​အစည်းအ​​ဝေး​တွင်​ ပါတီဌာနချုပ်​၏ လက်​ရှိ​ဆောင်​ရွက်​​နေမှုများ၊ ပြည်​တွင်းပြည်​ပ မဟာမိတ်​ဆက်​ဆံ​ရေး အ​ခြေအ​နေများ၊ ၂၀၁၇ အတွင်း ​ဆောင်​ရွက်​မည့်​ လုပ်ငန်း​​စဉ်​များကို ရှင်းလင်းတင်​ပြခဲ့ပါသည်။ ​မြင်းခြံရဲ​ဘော်​များကလည်း ​ဒေသတွင်းအ​ခြေအ​နေများ၊ ​ဆောင်​ရွက်​ထားရှိမှုများကို ပြန်​လည်​တင်​ပြ​ပေးကာ ​​ရှေ့လုပ်​ငန်းစဉ်​များကို ​ညှိနှိုင်း​ဆွေး​နွေးခဲ့ကြပါသည်​။

ဧရာဝတီတိုင်းပါတီစည်းရုံးတည်ဆောက်ရေးလုပ်ငန်းအစည်းအဝေးကို ရေကြည်​မြို့နယ်တွင်ကျင်းပ လူ့​ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီ ဗဟိုစည်းရုံး​ရေး​ကော်​မတီဝင်​ ဦးတိုးတိုးထွန်းနှင့် ​လူ့​ဘောင်​သစ်​လူငယ်​ဗဟိုလုပ်​ငန်း​ကော်​မတီဝင်များသည်​ ဧရာဝတီတိုင်း​​ဒေသကြီး၊ ဟင်္သာတခရိုင်​၊ ရေကြည်​မြို့နယ်​ရှိ လူ့ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီဝင်​များ၊ ဧရာဝတီတိုင်း လုပ်​ငန်း​ကော်​မတီဝင်​များနှင့်​ ၂၀၁၇၊ ဇူလို​င်​လ ၉ ရက်​​နေ့တွင်​ အစည်းအ​ဝေးကျင်းပခဲ့ပါသည်​။ အစည်းအ​ဝေးတွင်​ ဌာနချုပ်ရဲ​​ဘော်များက လက်​ရှိနိုင်​ငံ​ရေးအ​ခြေအ​နေများ၊ ​ဆောင်​ရွက်​လျက်​ရှိသည့်​ ကိစ္စရပ်​များ၊ ၂၀၁၇ အတွင်း ​ဆောင်​ရွက်​မည့်​ ပါတီလုပ်​ငန်းစဉ်​များ၊ လူ့​ဘောင်​သစ်​လူငယ်​၏ မူဝါဒနှင့်​ လုပ်​ငန်းစဉ်​များကို ရှင်းလင်း​​တင်​ပြခဲ့ကြပါသည်​။ ဧရာဝတီတိုင်းရဲ​ဘော်​များကလည်း ​ဒေသအ​ခြေအ​နေများကို ပြန်​လည်​တင်​ပြခဲ့ကြပြီး ​ဒေသဆိုင်​ရာလုပ်​ငန်းစဉ်​များကို ​ဆွေး​နွေး​ခဲ့ကြပါသည်​။

ရွှေတောင်မြို့နယ်ရုံးဖွင့်ခြင်း(၂)နှစ်ပြည့်နှင့်၇ဇူလိုင်အခမ်းအနားကိုရွှေတောင်မြို့တွင်ကျင်းပ ၇၊ ၇၊ ၂၀၁၇ ရက်​​နေ့တွင်​ ကျ​ရောက်​သည့်​ ၅၅ နှစ်​​မြောက်​ ၇-ဇူလိုင်​ အခမ်းအနားကို လူ့​ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီ ​ရွှေ​တောင်​မြို့နယ်​ ရုံး၌ ကျင်းပခဲ့ပါသည်​။ မြို့နယ်​ရုံးဖွင့်​လှစ်​ခြင်း ၂ နှစ်​ပြည့်​အခမ်းအနားကိုပါ ပူးတွဲကျင်းပခဲ့ခြင်းဖြစ်​​​သည်​။ ပြည်​ခရိုင်​မှိုင်းငြိမ်းကွန်​ရက်​၊ ဗကသများအဖွဲ့ချုပ်​၊ ​နိုင်​ငံ​​ရေးအကျဉ်းသား​​ဟောင်းများအဖွဲ့ အစရှိသည့် ​​နိုင်​ငံ​ရေးအင်​အားစုအသီးသီး တက်​​ရောက်​ဂုဏ်​ပြုခဲ့ကြပါသည်​။ အခမ်းအနားသို့ တက်​​ရောက်​လာကြသည့်​ အင်​အားစုအသီးသီးက အမှတ်​တရစကား ​ပြောကြားခဲ့ကြပြီး ပါတီဗဟိုစည်းရုံး​ရေး​ကော်​မတီဝင်​ ဦး​အောင်​မြင့်​စိန်​ကလည်း​ ဂုဏ်​ပြုအမှတ်​တရစကား ​ပြောကြား​ခဲ့ပါသည်​။ လူ့ ​ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီဌာနချုပ်​၊ ​လူ့ ​ဘောင်​သစ်​လူငယ်​နှင့် အခြားအဖွဲ့အစည်းများမှ​​ ပေးပို့လာသည့်​ သဝဏ်​လွှာများကို ဖတ်ကြားပြီး​နောက်​ မြို့နယ်​စည်းရုံး​ရေး​ကော်​မတီဥက္ကဋ္ဌ ဦးမိုးမင်းဦးက ​ကျေးဇူးတင်​စကား​ ပြောကြား၍ အခမ်းအနားကို ရုပ်​သိမ်းခဲ့ပါသည်​။

သမဂ္ဂရင်ပြင်တွင်ကျင်းပသည့်(၅၅)နှစ်မြောက်၇-ဇူလိုင်အခမ်းအနားသို့တက်ရောက် ၇၊ ၇၊ ၂၀၁၇ ရက်​​နေ့တွင်​ ကျ​ရောက်​သည့်​ ၅၅ နှစ်​​မြောက်​ ၇-ဇူလိုင်​ အခမ်းအနားကို ရန်​ကုန်​တက္ကသိုလ်​ တကသမြက်​ခင်းပြင်​ရှိ ဗိုလ်​​အောင်​​ကျော်​အထိမ်းအမှတ်​​ကျောက်​တိုင်​၌ ကျင်းပခဲ့ပါသည်​။ ဗကသများအဖွဲ့ချုပ်​၊ ​ပညာ​ရေးတက္ကသိုလ်​​ ​ကျောင်းသားများသမဂ္ဂ၊ ဆေးတက္ကသိုလ်​ ၂ ​​ကျောင်းသားများသမဂ္ဂ၊ ​​ရန်ကုန်​တောင်​ပိုင်းခရိုင်​​ ကျောင်းသားများသမဂ္ဂ၊ လူ့ ​ဘောင်သစ်ဒီမိုကရက်တစ်​ပါတီ၊ လူ့ ​ဘောင်​သစ်​လူငယ်​၊ ၇၄-၇၅-၇၆ နိုင်​ငံ​ရေးအင်​အားစုများ အစရှိသည့် ​​​ကျောင်းသား​မျိုးဆက်အသီးသီး၊ နိုင်​ငံ​ရေးအင်​အားစုအသီးသီး တက်​​ရောက်​ဂုဏ်​ပြုခဲ့ကြပါသည်​။ အခမ်းအနား၌ ၇-ဇူလိုင်​တွင်​ ကျဆုံးခဲ့သည့်​ ကျောင်းသားရဲဘော်များအား ဦးညွှတ်​အလေးပြုပြီး​နောက်​ ဗကသများအဖွဲ့ ချုပ်၏ သဘောထားကြေငြာချက်ကို ဖတ်ကြားခဲ့ပါသည်​။ သမဂ္ဂအဆောက်အဦနှင့် ပတ်သတ်သည့် ဗကသများအဖွဲ့ ချုပ်၏ သဘောထားကိုလည်း ဗကသဗဟိုလုပ်​ငန်း​ကော်​မတီဝင်​ ...

 


ထုတ်ပြန်ချက်များ

ကယန်းအမျိုးသားတော်လှန်ရေးနေ့ နှစ်(၅၀) ပြည့် ရွှေရတု အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ

(၁၉၉၀) ရွေးကောက်ပွဲ ၂၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

ပါတီ၏ အလံတော်အောက်တွင် ညီညွတ်ခိုင်မြဲစွာ ပူးပေါင်းလက်တွဲ၍ အမျိုးသားရေးတာဝန်များကို သယ်ပိုးထမ်းရွက်ကြပါရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် နှီးနှောဖလှယ်ပွဲကြီးသို့ ပေးပို့သော ကြိုဆိုဂုဏ်ပြု သဝဏ်လွှာ

ဆရာ ဦးဝင်းတင် ဆုံးပါးကွယ်လွန်သွားခြင်းအတွက် ပေးပို့သော ၀မ်းနည်းသ၀ဏ်လွှာ

(၁၄) ကြိမ်မြောက် ကယန်းအမျိုးသားနေ့သို့သဝဏ်လွှာပေးပို့ခြင်း

ဉီးညိုမြ (အိုးဝေညိုမြ) နှစ် ၁၀ဝပြည့်နှင့် သခင်လေးမောင် အမှတ်တရ ကျောက်ရုပ်များ စိုက်ထူပွဲသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခြင်း

ပြည်ခရိုင် လယ်သမားထု၏ ဆန္ဒဖေါ်ထုတ်ပွဲအား ကြိုဆိုထောက်ခံခြင်း

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၃၈) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၏ ဒဿမအကြိမ်ညီလာခံသို့ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

 


အမြင်သဘောထား

 


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။

 

 


 

နောက်ဆုံးရသတင်းများ

“ရွေးကောက်ပွဲယဉ်ကျေးမှုနဲ့ မြန်မာ့နိုင်ငံရေး” ခေါင်းစဉ်ဖြင့် DPNS ပါတီဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ ပါဝင်ဆွေးနွေး October 11, 2019

အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု DPNS ရပ်ကျေးရုံးဖွင့်ပွဲ October 10, 2019

ချောင်းသာမြို့၊ အုပ်စု(၂) ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ October 8, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် (DVB သတင်းဖော်ပြချက်) October 7, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် October 6, 2019

လူ့ဘောင်သစ်လူငယ်နှင့် DPNS ပါတီမိတ်ဆက်ဆွေးနွေးပွဲ October 6, 2019

ရွှေပြောင်းအလုပ်သမားများအတွက် အသိပညာပေးဟောပြောပွဲ October 5, 2019

ချောင်းသာ ရွှေသောင်ယံရုံးတွင် ဆွေးနွေးပွဲပြုလုပ် October 3, 2019

နော်အုန်းလှ အပါအဝင် ကရင့်ခေါင်းဆောင်များ ဖမ်းဆီးတရားစွဲဆိုခံနေရခြင်းအပေါ် DPNS ၏ သဘောထား October 2, 2019

ဝါးစိမ်းတောင်အရေးကို ဒေသခံတို့ စိတ်မအေးနိုင်သေး (RFA စုစည်းတင်ပြချက်) October 2, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ